
ဂျပန်နိုင်ငံတွင်မလုပ်သင့်သောအချက် (၁၅) ချက်
ဂျပန်နိုင်ငံသည် ထူးခြားမှုများနှင့်ကွဲပြားခြားနားပြီးလှပသောနိုင်ငံတစ်ခုဖြစ်ပါတယ်။TikTok အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ hangrybynature ကဂျပန်နိုင်ငံမှာမလုပ်သင့်တဲ့အရာတွေကိုစာရင်းတစ်ခုပြုလုပ်ဖော်ပြထားပါတယ်။ (၁)သင့်၏အိတ်ကိုရထားပေါ်ကအခမဲ့ထိုင်ခုံပေါ်တွင်လုံး၀မထားပါနဲ့။အမှန်တော့ တစ်လောကလုံး ဖြစ်သင့်တဲ့အရာတစ်ခုပါပဲ။ (၂)မျက်နှာအဖုံးအကာတစ်ခုမပါပဲ အင်္ကျီကိုစမ်းမဝတ်ပါနဲ့။ဒါကတော့ မိတ်ကပ်များစွန်းထင်းခြင်းမှ ကာကွယ်နိုင်ရန်ဖြစ်ပါတယ်။ (၃)တက္ကစီတံခါးကိုဆွဲမဖွင့်လိုက်ပါနဲ့ ဂျပန်က ၃၀၂၀ခုနှစ်မှာနေနေတာပါ အော်တိုပွင့်လာပါလိမ့်မယ်။ (၄)အများသုံးသယ်ယူပို့ဆောင်ရေးတွင် ဖုန်းမပြောပါနဲ့။ (၅)စက်လှေကားရဲ့မှားတဲ့ဘက်မှာရပ်မနေပါနဲ့။ သင်အလျင်မလိုလျှင်ဘယ်ဘက်မှာဘဲရပ်နေပါ။ (၆)သင်၏ကျောပိုးအိတ်ကိုအများပြည်သူသယ်ယူပို့ဆောင်ရေးတွေမှာ နောက်၌မလွယ်ထားပါနဲ့ မျက်နှာရှေ့မှာကျောပိုးအိတ်ရှိတာဘယ်သူမှမလိုချင်ပါဘူး။ (၇)လူအများပိုင်နေရာတွင် နှာချေတာတွေနှာခေါင်းမှုတ်တာတွေမလုပ်ပါနဲ့။မကောင်းသောအကျင့်စရိုက်တစ်ခုဖြစ်သွားပါလိမ့်မယ်။သန့်စင်ခန်းသို့သွားပြီးတော့သာ […]