
စားသောက်ရန်မသင့်တော်သောငါးအမျိုးအစား(၅)မျိုး
ငါးတွေဟာစားသောက်ရတာအရသာရှိပြီးကျန်းမာရေးကောင်မွန်တယ်ဆိုတာကိုကျွန်တော်တို့တော်တော်များမျးကတော့သိထားပြီးသားဖြစ်မှာပါ။ဒါပေမယ့်ယခုဖော်ပြမယ့်ငါးတွေကတော့ ကျွန်တော်တို့ကိုကောင်းကျိုးထက်ဆိုးကျိုးပိုဖြစ်စေတာကိုတွေ့ရပါတယ်။ ယခုဆောင်းပါးထဲမှာတော့ ကျွန်တော်တို့အတွက်စားသောက်ရန်မသင့်တော်သောငါးအမျိုးအစား၅မျိုးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ (၁)ငါးခူ ငါးခူတွေဟာ မွေးမြူရေးသမားတွေစိတ်ကြိုက်အတော်အတန်ကြီးထွားနိုင်ကြပါတယ်။အထူးသဖြင့်အာရှမှတင်သွင်းသောငါးခူများဟာ မြန်မြန်ကြီးထွားစေဖို့အတွက် များစွာသော ငါးမွေးမြူရေးသမားတွေဟာဟော်မုန်းတွေကိုကျွေးကြပါတယ်။ဒါပေမယ့်လို့ လွတ်လပ်စွာပင်လယ်ထဲမှာကြီးထွားကြတဲ့ ငါးခူတွေကတော့ အန္တာရာယ်ကင်းပြီး အာဟာရဓာတ်တွေလည်းကြွယ်ဝစွာပါဝင်ကြပါတယ်။ (၂)မက်ကရယ်ငါး မက်ကရယ်ငါးတွင် ပါဝင်သော မာကျူရီဓာတ်ဟာ ခန္ဓာကိုယ်တွင် တဖြေးဖြေးစုဆောင်းလာပြီး ရောဂါများကိုဖြစ်စေနိုင်ပါတယ်။အတ္တလန္တိတ် မက်ကရယ်ငါးဟာ အန္တရာယ်အနည်းဆုံးဖြစ်ပြီးသင်ကြိုက်သလောက်စားနိုင်ပါတယ်။ (၃)တူနာငါး တူနာငါးတွင်လည်း […]