
ကိုယ်ပိုင်လေအေးပေးစက်နှင့် ကြွေပြားတွေခင်းထားတဲ့ အိမ်နဲ့နေရတဲ့ ကံကောင်းတဲ့ခွေးလေး
လေအေးပေးစက်တပ်ထားတဲ့ ကိုယ့်ရဲ့မိသားစုအိပ်ခန်းထဲမှာ အိမ်မွေးခွေးလေးတစ်ကောင်ကို ပေးအိပ်စက်စေတာဟာ စိန်တွေကွပ်ထားတဲ့ခွေးလည်ပတ်တွေဝယ်ပေးတာနဲ့ ခွေး Spa ပြုလုပ်ဖို့အတွက် ဒေါ်လာထောင်ပေါင်းများစွာကို သုံးတာထက်စာရင်တော့ ဘာမှမပြောပလောက်ပါဘူး။ ဒါပေမယ့် လေအေးပေးစက်တပ်ထားတဲ့ခွေးအိမ်လေးဆောက်ပေးတာကတော့သာမန်လုပ်ရပ်တစ်ခုမဟုတ်ပါဘူး။ ထိုကံကောင်းတဲ့ခွေးလေးရဲ့နာမည်ကတော့ Roush ဖြစ်ပြီး သူရဲ့ပိုင်ရှင်ဖြစ်တဲ့ StickStickly က ထိုခွေးအိမ်လေးကို သူရဲ့အဖေဖြစ်သူမှ တည်ဆောက်ပေးတာဖြစ်ကြောင်း တွစ်တာမှာရေးသားထားတာကိုတွေ့ရပါတယ်။ သူရဲ့မိဘတွေကတော့ အိမ်မွေးခွေးလေးတွေမွေးရတာကို […]