ကျွန်တော်တို့မသိလောက်သေးတဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ပက်သက်တဲ့အကြောင်းအရာများ

ကျွန်န်ုပ်တို့ ကိုယ်ခန္ဓာတွင် ဖြစ်ပေါ်နေတဲ့အကြောင်း များကို လက်တစ်ဆုပ်စာ ပြန်လည်လေ့လာဖို့ တင်ပြပေးလိုက်ပါတယ်။

(၁)ကျွန်တော်တို့ရဲ့ဦးနှောက်ထဲ လျှပ်စီး‌မှုတွေဟာ မီးလုံးသေးသေးလေးကို မီးလင်လာစေဖို့ လုံလောက်တဲ့ စွမ်းအင်ရှိပါတယ်။

© depositphotos

(၂)လူ့ သွားများဟာ ငါမန်းသွားများကဲ့သို့ သန်မာကြပါတယ်။

© flickr

(၃)အစာအိမ်အတွင်း၌ရှိသော အစာခြေအက်စစ်ဟာ အရေပြားတစ်ခုကို အပေါက်ဖြစ်သွားအောင် စားနိုင်တဲ့အထိပြင်းပါတယ်။

© depositphotos

(၄)လူသားတွေဟာ ကွဲပြားတဲ့ မျက်နှာအမူရာ ၇၀၀၀ ခန့်ကိုပြုလုပ်နိုင်ပါတယ်။ ဒါကတော့မျက်နှာရဲ့ကြွက်သား အားလုံးကိုဖယ်လိုက်ပြီး ကျန်ရှိနေတဲ့ ကျွန်တော်တို့ရဲ့မျက်နှာပုံပါပဲ။

© imgur

(၅)ကလေးတွေဟာ အရွှယ်ရောက်ပြီးသူတွေထက် အရိုးပေါင်း ၆၀ ထက်ပို၍ရှိပါတယ်။

© depositphotos

(၆)လူသားတွေရဲ့ မျက်စိဟာ သာမန်ကင်မရာများထက် ကြည်လင်ပြတ်သားမှု ခန့်မှန်းချေ 500 megapixelရှိပါတယ်။

© Max Pixel

(၇)အရွှယ်ရောက်လူတစ်ဦးရဲ့အရေပြားဟာ ၈ကီလိုဂရမ် သိုမဟုတ် ထိုထက်ပိုရှိနိုင်ပြီး လူ့ခန္ဓာကိုယ် စုစုပေါင်း အလေးချိန်၏ ၁၆% ရှိပါတယ်။

© depositphotos

(၈)လူ့ အရိုးဟာ ဆယ်နှစ်ကြာတဲ့အခါတိုင်း ပြန်လည်အသစ်ထွက်ပေါ်လာတတ်ပါတယ်။ ဒီလို ဆက်တိုက်ဖြစ်နေတာကြောင့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲတွင် အရိုးအဟောင်းရောအသစ်တွေပါ ရောနှောရှိနေပါတယ်။

© depositphotos

(၉)ကျွန်တော်တို့ မျက်တောင်ခတ်ခြင်းအချိန်ဟာ နိုးနေတဲ့အချိန်ရဲ့ ၁၀ရာခိုင်နှုန်ူးကို မျက်လုံးပိတ်ထားတာနဲ့ညီမျှနေပါတယ်။

© flickr

(၁၀)ကျောက်ကပ်ဟာ ကျွန်တော်တို့ရဲ့ သွေးတွေကို တစ်ရက်တွင် ၂၅ကြိမ် စစ်ထုတ်ပေးပြီး ၁၈၀လီတာလောက် ပြန်ထုတ်လွှတ်ပေးပါတယ်။

© depositphotos

(၁၁)ကျွန်တော်တို့ရဲ့ မျက်စိမှာရှိသော ပန်းရောင် ထောင့်ဟာ ငှက်နှင့် အခြားသွားတွားသတ္တဝါတွေမှာလည်းပါရှိနေပြီ အတွင်း မျက်ခွံကို ဆင့်ကဲကာကွယ်ထားပေးခြင်းဖြစ်ပါတယ်။

© depositphotos

(၁၂)အသည်းဟာ တစ်ခုလုံး၏ ၇၅%ကိုဖယ်ရှားလိုက်ရင်တောင်မှ သူ့ရဲ့မူလအရွှယ်စားအတိုင်း အပြည့်အ၀ပြန်လည်ဖွံဖြိုးနိုင်စွမ်းရှိပါတယ်။

© depositphotos

(၁၃)သင့်ရဲ့ နှလုံးခုန်သံဟာ သင်နားထောင်နေတဲ့ ဂီတ သံစဉ်နှင့်အတူ စည်းချက်ညီစွာ ခုန်နေတတ်ပါတယ်။

© Netflix

(၁၅)ကျွန်ုပ်တို့ အစာချေဖျက်ရန် လုပ်‌ဆောင်ပေးတဲ့ အင်ဇိုင်းတွေဟာကျွန်တော်တို့ သေဆုံးသည့်အခါမှာလည်း ခန္ဓာကိုယ် ကို စတင်ချေဖျက်ပေးခြင်းကိုပါလုပ်ဆောင်ပေးပါတယ်။

© depositphotos

(၁၆)ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ တချို့ အက်တမ်တွေဟာ အမှန်တကယ်တော့ နှစ်ပေါင်းဘီလီယံချီသက်တမ်းရှိနေတဲ့ ကြယ်မှုန်အမြွား လေးတွေဖြစ်ပါတယ်။

© depositphotos

(၁၇)ပျှမ်းမျ အသက်ရှင်သည့်အချိန်တွင် နှလုံးဟာ သွေး သန်း၂၀၀ လီတာ ၀န်းကျင်စုပ်ထုတ်ပေးပါတယ်။ခန်းမှန်း‌ခြေအားဖြင် စည်ပေါင်း ၁.၅ သန်းခန့် အပြည့်ဖြည့်ဖို့ လုံလောက်ပါတယ်။

© depositphotos