
ကျွန်းတစ်ကျွန်းကို ပိုင်ဆိုင်ထားခြင်းဟာ အိမ်မက်တစ်ခုကဲ့သို့ဖြစ်သော်လည်း ကျွန်းကိုဝယ်နိုင်ဖို့အတွက် ငွေကြေးများစွာကုန်ကျပြီး ဘီလီယံများနှင့် နာမည်ကြီးတချို့ သာဝယ်တတ်လေ့ရှိကြပါတယ်။သို့သော်ခုဖော်ပြတဲ့ကျွန်းများဟာ သင့်တင့်တဲ့ဈေးနှုန်းနှင့် ဖြစ်သော်လည်း ဈေးနှုန်းနှင့်မတန် ကြောင်းသိသာထင်ရှားပါတယ်။ကျွန်းဟာ လိုအပ်ချက်များရှိနေသောကြောင့် လူများဟာ အပြေးလွှားမ၀ယ်ကြပါဘူး။ကျွန်းဟာ အလကားနီးနီးဖြစ်သောကြောင့် ဘတ်ဂျတ်ခရီးသွားများအတွက် အခမဲ့ကျွန်းတစ်ခုဖြစ်ပါတယ်။
(၁)ဘရာဇီးနိုင်ငံရှိ Piaçabuçu ကျွန်း

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းဆန်ဖရန်စစ္စကိုမြစ်ပေါ်တွင်တည်ရှိပြီးသာယာလှပသောရှုခင်းများနှင့်ထူးခြားသောတောရိုင်းတိရစ္ဆာန်များဖြင့် ကျွန်းတစ်ကျွန်းကို ဒေါ်လာ 79,500တည်းနှင့် သင်ဟာ တစ်ကျွန်းတည်းမဟုတ်ပဲ ကျွန်း ၆ ကျွန်းကိုသင်ပိုင်ဆိုင်နိုင်ပါတယ်။အဲ့ကျွန်းကို ဘယ်သူမှ မဝယ်ရတဲ့အကြောင်းရင်းက နည်းပညာအရ အဲ့ကျွန်းဟာ နောက်ထပ်99နှစ် ထိသာ အသုံးပြုနိုင်တော့မှာဖြစ်ပြီး နောက်ပိုင်းတွင် ပျောက်ကွယ်သွားနိုင်ချေရှိသောကြောင့်ဖြစ်ပါတယ်။
(၂)ကနေဒါနိုင်ငံက Little Rocky Island

၈ ဧက အကျယ်ဝန်းရှိပြီး အဖြူရောင် သဲသောင်များဖြင့်ကာရံထားရှိခြင်း သဘာဝပတ်၀န်းကျင်ကောင်းမွန်ခြင်း နှင့် ထင်ရှူးတောများဟာ အနီးနားရှိကျွန်းများမှ မုန်တိုင်းနဲ့ ဟာရီကိန်းများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ထိုနေရာတွင် တခြားသူများရဲ့ပိုင်ဆိုင်ခြင်းမရှိသော ကြောင့် သင့်ကိုယ်ပိုင်အိမ်မက်ထဲက အိမ်ကို ပထမဆုံး တည်ဆောင်နိုင်သူဖြစ်နိုင်ပါတယ်။ဈေးနှုန်းမှာ ဒေါ်လာ 74,500သာရှိသောလည်း ဘာကြောင့် ရောင်းမထွက်သေးလဲဆိုတာကတော့ ကနေဒါနိုင်ငံရဲ့ ဈေးကွက်ဟာ ပုဂ္ဂိက ကျွန်းများနှင့် ပြည့်နက်နေသောကြောင့်ဖြစ်ပါတယ်။
(၃)အမေရိကန်နိုင်ငံရှိ Tillamook ကျွန်း

Tillamook Island (Terrible Tilly) ဟုလူသိများပြီး ကျွန်းတစ်ခုမဟုတ်သော်လည်းရိုးရာမြင်ကွင်းများနှင့် Oregon ကမ်းလွန်ရှိတွင် မီးပြတိုက်တစ်ခုနှင့်ကျောက်ဆောင်တစ်ခုသာဖြစ်ပါတယ်။အကြိမ်ကြိမ်ရောင်းချခဲ့တဲ့ Tillamook Island ကျွန်း၏ မူလဈေးနှုန်းဟာ ဒေါ်လာ ၅၀၀၀၀၀ ဖြစ်ပြီးယခုအခါ၌ ဒေါ်လာ ၅၀၀၀၀ အထိကျဆင်းသွားသော်လည်း ကျွန်းဟာ ရေလှိုင်းများပုတ်ခတ်ကာ လှပပြီး သမိုင်းအမျိုးမျိုး ဒဏ္ဍာရီအမျိုးမျိုးပြည့်နေပြီး ကြေကွဲဖွယ်များ(၁၉ ရာစုအကုန်တွင် စစ်တမ်းလေ့လာ ခရီးသွားသူတစ်ဦးဟာ မတော်တဆတစ်ခုကြောင့် ပုတ်ခတ်နေသော လှိုင်းများထဲတွင် ပါသွားပြီး ပင်လယ်ထဲသွားခဲ့ရပါတယ်။ ထို့ကြောင့် ဝယ်သူများကို ကြောက်ရွံစေပြီး ကျန်ရှိနေသေးခြင်းဖြစ်ပါတယ်။
(၄)အမေရိကန်နိုင်ငံရှိ Chandler ကျွန်း

Chandler ကျွန်းဟာ ၁ ဧကကျယ်ဝန်းပြီးလှပသောပင်လယ်မြင်ကွင်းကို သင်ဒေါ်လာ ၃၉,၉၉၉ ဖြင့် ၀ယ်နိုင်ပါတယ်။ကျွန်းပေါ်တွင် သေးငယ်တဲ့ အနားယူစရာ တဲလေးတစ်လုံးရှိပြီး သင့် ကိုယ်ပိုင်အိမ်ကိုလည်းတည်ဆောက်နိုင်ပါတယ်။တစ်ခုတည်းသော ပြသာနာက ဒီရေတက်သည့်အခါတွင် ကျွန်းတစ်ဝက်လောက်ကို ရေများဖုံးလွှမ်းသောကြောင့်ဖြစ်ပါတယ်။
(၅)ကနေဒါနိုင်ငံရှိ McGibbon ကျွန်း

ကနေဒါနိုင်ငံ၊ New Brunswick ရှိ စိန့်ဂျွန်မြစ်ပေါ်တွင်သိပ်မဖွံ့ဖြိုးသေးသောကျွန်းငယ်တစ်ခုကိုဒေါ်လာ ၂၉၉၀၀ အောက်ဖြင့်ရောင်းချပါတယ်။ကျွန်း၏ တစ်ခုတည်းသောအားနည်းချက်မှာ နွေဦးရောက်တိုင်းတွင် ရေလွှမ်းမိုးမှုများဟာ ကျွန်းတစ်ကျွန်းလုံးကိုဖုံးလွှမ်းသွားသောကြောင့်သင်ထိုကျွန်းရှိ နေရာများတွင် ဘယ်အရာကိုမျှသင်တကယ်တည်ဆောက်နိုင်မည်မဟုတ်ပါ။အခြားရာသီများတွင် ကျွန်းဟာ စခန်းချလေ့လာရေးဆင်းခြင်း နှင့် ပျော်ပွဲစားထွက်ခြင်းအတွက် နေရာကောင်းတစ်ခုဖြစ်ပါတယ်။