ထူးခြားတဲ့စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတဲ့ စူပါပါဝါလူသားများ

Marvel နှင့် DC ရုပ်ရှင်များထွက်ပေါ်လာပြီးနောက် စူပါဟီးရိုးများရဲ့ အစွမ်းတွေ၊ သွက်လက်မှု နှင့် စူပါဟီးရိုးဖြစ်စေတဲ့ အခြားအလန်းစား ပုံစံများဟာ ကျွန်ုပ်တို့ကို နှစ်သက်အထင်ကြီးစေခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာမဟုတ်ပဲ အပြင်လောကမှာ အစွမ်းအင်အားကြီးတဲ့သူတွေရှိ နေသေးရင်ကော?။ ယခုဆောင်းပါးမှာတော့ ထူးခြားတဲ့စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတဲ့ စူပါပါဝါလူသားများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Liew Thow Lin-သံလိုက်လူသား

credit photo

သမိုင်းတစ်လျှောက်တွင် လူတော်တော်များများဟာ သံလိုက်စွမ်းအင်ရှိခြင်းကြောင့် လူသိများကြသော်လည်း လူအသိအများဆုံးမှာ Liew Thow Lin ဖြစ်ပါတယ်။ ဒီတရုတ်လူမျိုးဟာ မည်သည့်သတ္တုပစ္စည်းကိုမဆို သူ့ခန္ဓာကိုယ်ပေါ်တွင် ကပ်ထားနိုင်ပါတယ်။ မလေးရှားနည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ သူ့ရဲ့အသားရေဟာ စုပ်ယူ ပွတ်တိုက်မှုအလွန်မြင့်မားတာကြောင့် စုပ်ယူစွမ်းရည်လို ဖြစ်နေတယ်လို့ဆိုပါတယ်။

(၂) Daniel Browning Smith — ရော်ဘာလူသား

credit photo

အမေရိကန်ရှိ ရုပ်မြင်သံကြားအစီစဉ်လွင့်ပေးသူ ၊ သရုပ်ဆောင် ၊လူရွှင်တော် ၊ အားကစားဖျော်ဖြေသူ နှင့် စတန့်မင်းသား ဟာ ကမ္ဘာပေါ်တွင် အပျော့ပြောင်းဆုံးလူတစ်ယောက်ဖြစ်ပါတယ်။ ပြီးနောက် ဂရင်းနစ်မှတ်တမ်းများတွင်လည်း သူ့နာမည်ဟာ ပါနေကြဖြစ်ပါတယ်။ သူရဲ့စူပါစွမ်းအားဟာ hypermobile Ehlers-Danlos syndrome ရောဂါဟုခေါ်သည့် ရောဂါမျိုးဖြင့် မျိုးရိုးဗီဇပြောင်းလဲခြင်းကြောင့် ဖြစ်ပါတယ်။ ၎င်းဟာ ပြင်းထန်သောနာကျင်မှုကိုဖြစ်စေနိုင်‌သော်လည်း ကံကောင်းစွာဖြင့် Daniel အတွက် ၎င်းရောဂါဟာ သိပ်မပြင်းထန်ပါဘူး။

(၃) Shi Liliang – ရေပေါ်လမ်းလျှောက်နိုင်သူ

credit photo

Shi Liliang အတွက် ရေပေါ်လမ်းလျှောက်ခြင်းဟာ အံ့သြစရာမဟုတ်ပါ။ ရှောင်လင်ဘုန်းကြီးဟာ ရေမျက်နှာပြင်ပေါ်တွင် ၁၂၅ မီတာ (ပေ ၄၀၀ ကျော်) အပြေးသွားခဲ့ပြီး ၂၀၁၅ တွင် ကမ္ဘာ့စံချိန်သစ်တင်ခဲ့ပါတယ်။ ၉၀ ခုနစ်တုန်းက ကွန်ဖူးရုပ်ရှင်ဇာတ်ကားတွေထဲကလိုပါပဲ။

(၄) Hai Ngoc — တစ်ခါမှမအိပ်တဲ့လူ

credit photo

ဒီလူဟာကော်ဖီမလိုအပ်ပဲ ၄၃ နှစ်လုံးလုံးမအိပ်ပဲ နိုးနေနိုင်ပါတယ်။ Mr. Ngoc ဟာ ဗီယက်နမ်အမျိုးသားတစ် ဦး ဖြစ်ပြီး ၁၉၄၂ တွင်မွေးဖွားခဲ့ပြီး အိပ်မပျော်သည့်ရောဂါခံစားနေရပါတယ်။ သို့ပေမဲ့ အိပ်ရေးမဝ‌သော်လည်း သူဟာ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်နေပြီးနေ့စဉ် ကြီးမားတဲ့ လုပ်ဆောင်မှုများကို နေ့စဉ်လုပ်နိုင်ခဲ့ပါတယ်။

(၅) Stephen Wiltshire – အလွန်ကောင်းတဲ့ အမြင်အာရုံမှတ်ဉာဏ်ရှိသော လူ

credit photo

Stephen Wiltshire ဟာ ဗြိတိသျှ ဗိသုကာပညာရှင်တစ်ဦးဖြစ်ပြီး သူရဲ့ ထူးခြားသောမှတ်ဉာဏ်ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားပါတယ်။ သူဟာ ဘယ်ရှုခင်းကိုမဆို ခဏလေးကြည့်ပြီး ပြန်လည်ပုံဖော်ဖန်တီးနိုင်ပါတယ်။ သူငယ်ငယ်တုန်းက stephen ဟာ Savant syndrome (ရောဂါလက္ခဏာ) ကိုရှာဖွေတွေ့ရှိခဲ့ပြီး “အမြင်အာရုံမှတ်ဥာဏ်ထက်မြက်သူ” လို့ခေါ်စေနိုင်အောင် မှတ်ဉာဏ်အစွမ်းထက်ခဲ့ပါတယ်။