
ကျွန်တော်တို့ဟာဘယ်သူကမှယုံကြည်လက်ခံနိုင်ဖွယ်မရှိတဲ့အချက်အလက်တစ်ချို့ကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ထိုအချက်အလက်တွေဟာကျွန်တော်တို့ဒီဘက်ခေတ်ကလူတွေအတွက်လက်ခံနိုင်စရာမရှိပေမယ့် အလယ်ခေတ်လောက်ကလူတွေကတော့ အမှန်တရားဖြစ်တယ်လို့ထင်ခဲ့ကြပါတယ်။ထိုခေတ်ကာလကလူသားတွေဟာ ကောလဟာလအချက်တွေကိုအလွယ်တကူယုံကြည်တတ်ကြပါတယ်။
(၁)သုတ်ရေထဲမှာလူသေးသေးလေးတွေရှိနေမယ်လို့ယုံကြည်ကြခြင်း

မှန်ပါတယ်။၁၇ -၁၈ရာစုကသိပ္ပံပညာရှင်များဟာ သုတ်ရေထဲမှာလူသေးသေးလေးတွေရှိမယ်လို့ထင်နေကြပါတယ်။ထိုအပြင်သူတို့တွေဟာသုတ်ရေတွေထဲမှာကလေးပေါင်းများစွာကိုဖွဲ့စည်းထားတယ်လို့ထင်ကြပြီး ကျန်ရှိနေခဲ့တဲ့တစ်ခုကသာ ကလေးအဖြစ်ကြီးထွားဖွံဖြိုးလာတယ်လို့ထင်ကြပါတယ်။အမျိုးသမီးတွေကိုတော့ ကလေးလက်ခံကြီးထွားစေနိုင်တဲ့နေရာတစ်ခုအဖြစ်သာထင်မြင်နေခဲ့ကြပါတယ်။နောက်ပိုင်းလူတွေမှာတော့ဒီယုံကြည်ချက်နဲ့ပက်သက်ပြီးတစ်ဖြည်းဖြည်းစိတ်ခေါ်မှုတွေများလာခဲ့ပါတယ်။ဒါကတော့နောက်ယူဆချက်တစ်ခုပေါ်လာတာဖြစ်ပြီး ဒီယူဆချက်ကတော့ ကလေးတွေရဲ့မူလအစဟာအမျိုးသမီးခန္ဓာကိုယ်ထဲမှာတည်ရှိနေတာဖြစ်ပြီး ဒါကိုအမျိုးသားရဲ့သုတ်ရေတွေကသွားရောက်နှိုးဆွပေးကာကလေးတစ်ဦးဖြစ်တည်လာတယ်ဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။ဒါပေမယ့်ဒါတွေကတော့တစ်ခုမှမမှန်ခဲ့ပါဘူး။
(၂)တိရစ္ဆာန်များကိုအမှုစစ်ဆေးခြင်း

အတိတ်ကာလကတိရိစ္ဆာန်တွေဟာရာဇဝတ်သားတွေအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ထိုရာဇဝတ်သားတိရိစ္ဆာန်တွေကိုရှေ့နေတွေတရားသူကြီးတွေနဲ့တရားရုံးမှာ အမှုစစ်ဆေးတရားစွဲဆိုကြပါတယ်။အကယ်၍သူတို့ဟာပြစ်မှုထင်ရှားပါက ထောင်ချတာတွေနဲ့ကွပ်မျက်တာတွေလုပ်ခြင်းကိုခံကြရပါတယ်။ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကတော့Lausanne မှာရှိတဲ့ ဥယျာဉ်တစ်ခုအတွင်းက ခူကောင်များကို ဥယျာဉ်ထဲကအပင်တွေစားသုံးတာကြောင့်တရားစွဲဆိုခဲ့ကြပါတယ်။ထိုအမှုအတွက် ခူကောင်များကိုမြို့ကနှင်ထုတ်တာနဲ့ဥယျာဉ်အတွင်းကနေတစ်ကောင်မကျန်ဖယ်ရှားပစ်ဖို့အမိန့်ချမှတ်ခဲ့ကြပါတယ်။
(၃)ပစိဖိတ်သမုဒ္ဒရာထဲတွင်တိုက်ကြီးတစ်ခုရှိနေမယ်လို့ယုံကြည်ခြင်း

ရှေးအခါတုန်းကနိုင်ငံအတော်တော်များများကလူတွေဟာပစိဖိတ်သမုဒ္ဒရာထဲတွင်တိုက်ကြီးတစ်ခုရှိနေခဲ့ကာနှစ်မြုပ်ပျောက်ကွယ်သွားတယ်လို့ယုံကြည်နေကြပါတယ်။ထိုတိုက်ကြီးကိုခေါ်ဆိုကြတဲ့နာမည်တွေကတော့ Pacifida, Mu သို့မဟုတ် Lemuria လို့ခေါ်ကြပါတယ်။အီစတာကျွန်းတာဟာအကောင်းဆုံးဥပမာပေးလို့ရတဲ့သက်သေတစ်ခုဖြစ်ပြီး ထိုတိုက်ကြီးဟာလည်းတဖြည်းဖြည်းရေအောက်ကိုနှစ်ဝင်လာကာ နောက်ဆုံးမှာလုံးဝနှစ်မြုပ်သွားတယ်လို့ဆိုပါတယ်။
(၄)gladiatorရဲ့သွေးဟာဝက်ရူးပြန်ရောဂါကိုကုသနိုင်တယ်လို့ယုံကြည်ထားခြင်း(gladiator=ရောမခေတ်ကတိရိစ္ဆာန်တွေနဲ့သတ်ပုတ်ကစားပြသူ)

ရှေးခေတ်ရောမကgladiatorတွေဟာ တိုက်ခိုက်မှုမပြုမှီ ခွန်အားနဲ့ခံနိုင်ရည်တွေပိုမိုရရှိစေဖို့အတွက် သူတို့ရဲ့သွေးအားနတ်ဘုရားတွေဆီမှာယစ်ပူဇော်လေ့ရှိကြပါတယ်။ထိုစစ်သည်တော်တွေရဲ့သွေးဟာအံ့ဖွယ်ကောင်းလှတဲ့အကျိုးသက်ရောက်မှုတွေရှိတယ်လို့လူတွေယုံကြည်ကြပါတယ်။ရောမခေတ်စာရေးဆရာတွေရေးသားချက်အရ ဝက်ရူးပြန်ရောဂါခံစားနေကြရသူတွေဟာ ထိုစစ်သည်တော်တွေရဲ့သွေးကိုသောက်သုံးလေ့ရှိပြီး ဘဝအတွက်အလွန်အစွမ်းထက်တဲ့ဆေးတစ်လက်ဖြစ်တယ်လို့လည်းဆိုပါတယ်။
(၅)ကလေးတွေဟာနာကျင်မှုတွေကိုမခံစားနိုင်ဘူးလို့ယုံကြည်နေကြခြင်း

ကလေးငယ်တွေဟာနာကျင်မှုတွေကိုမခံစားရဘူးလို့ပေါက်ကရယုံတမ်းစကားတွေကိုဆက်လက်ဖော်ပြခဲ့ကြသောလွန်ခဲ့သော နှစ်(၃၀)ခန့်လောက်ကထိုအချက်ဟာမှားယွင်းကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ယုံကြည်သူတွေက ကလေးငယ်ရဲ့ဦးနှောက်ဟာ နာကျင်မှုကိုခံစားဖို့မဖွံ့ဖြိုးသေးတာကြောင့်နာကျင်မှုကိုမခံစားနိုင်ဘူးလို့ယုံကြည်နေခဲ့ကြပါတယ်။ထိုကြောင့်အတိတ်ကာလကဆရာဝန်တွေဟာကလေးငယ်တွေကိုမေ့ဆေးမပေးဘဲခွဲစိတ်ကုသမှုတွေပြုလုပ်ကြပြီး အကယ်၍ထိုကလေးငယ်ဟာငိုခဲ့ပါက သူတို့ရဲ့အကျင့်ဆိုးကြောင့်သာဖြစ်တယ်လို့ထင်နေခဲ့ကြပါတယ်။