ဂျပန်နိုင်ငံဟာတခြားနိုင်ငံများနှင့် မတူကြောင်းပြသနေသော အရာများ

သင်ဂျပန်နိုင်ငံကိုရောက်ဖူးပါသလား။ဒါဆိုရင် ဂျပန်နိုင်ငံဟာ အခြားနိုင်ငံတွေနှင့် ဘယ်လောက်ကွာခြားလဲဆိုတာ သဘောပေါက်မိမှာပါ။ တခြားနိုင်ငံများနှင့် ဂျပန်နိုင်ငံ၏ ကွာခြားချက်များကိုဖော်ပြပေးမှာဖြစ်ပါတယ်။

(၁)ဂျပန်နိုင်ငံရှိ လက်ဖက်ရည်ဆိုင် ကော်ဖီဆိုင်များတွင် မကျန်းမာ မသန်စွမ်းဖြစ်သူများအတွက် အလုပ်ရရှိရန် စက်ရုပ်စားပွဲထိုးများကို ထိန်းချုပ်ပေးပြီးအလုပ်လုပ်လို့ရပါတယ်။

credit orylab

(၂)ဂျပန်နိုင်ငံရှိသစ်ပင်ကြီးတစ်ပင်ကိုလမ်းဖောက်ဖို့အတွက် မခုတ်ပစ်ပဲ နေရာပြောင်းရွှေ့စိုက်ပျိုးခဲ့ကြပါတယ်။

credit AristonD

(၃)ဒါဟာ ဆန်စပါးလယ်ကွက်ကြီးဖြစ်ပါတယ်။ဂျပန်နိုင်ငံရှိတောင်သူလယ်သမားများဟာ ဆန်စပါးမျိုးစိတ် အမျိုးမျိုးကို အနုပညာဆန်ဆန်စိုက်ပျိုးကြပါတယ်။

credit CYBERSson

(၄)ဂျပန်နိုင်ငံ ၊Moominvalleyဥယျာဉ် ရှိ ထီးအကြည်များဟာ နေရောင်ခြည်ကြောင့် အရောင်စုံလင်စွာ လမ်းတစ်လျောက်လှပနေပါတယ်။

credit wakaponpoco

(၅)ကျိုတိုမြို့ ငါးပြတိုက်ရှိ ပင်ဂွင်းမျိုးဆက်ပြ ပုံဂရပ်။

credit OliverJia1014

(၆)၂၀၁၁တွင် ဂျပန်နိုင်ငံ၌ ဖြစ်ပွားခဲ့တဲ့ ဆူနာမီနှင့်ငလျင်ဒဏ်များကြားတွင် ခိုင်ခံစွာ ကျန်ရှိနေခဲ့တဲ့ တယ်လီဖုန်းရုံ။

credit-Successful_Donut_928

(၇)ဂျပန်နိုင်ငံရှိ မီးရထား လမ်းကြောင်းများ၌ လိပ်များ မသေဆုံးရန် နှင့် ရထားနှောင့်နှေးခြင်း ကိုရှောင်ရှားရန် လိပ်များအတွက် အထူးပြုလုပ်ပေးထားတဲ့ လမ်းများရှိပါတယ်။

credit -UnironicThatcherite

(၈)ဂျပန်နိုင်ငံ၌ ဟီရိုရှီးမား ဗုံးဒဏ်မှ လွှတ်မြောက်ခဲ့တဲ့ နှစ်ပေါင်း၄၀၀ သက်တမ်းရှိ Bonsaiသစ်ပင်အိုကြီး။

credit-NazmulHossainRana

(၉)ဂျပန်နိုင်ငံ ရှိ အိမ်သာအများစုတွင် ရေများချွေတာသံုးစွဲနိုင်ရန် လက်ဆေးကြောသည့်ရေကို အိမ်သာအတွက်ပြန်လည်သုံးနိုင်ဖို့ ပြုလုပ်ထားပါတယ်။

credit-Dea_seven_nine

(၁၀)Daisugiလို့‌ခေါ်တဲ့ သစ်ပင်များကို မခုတ်လှဲစေပဲ သစ်ထုတ်လုပ်ခြင်းပြုလုပ်တဲ့ ၁၄ရာစုက ဂျပန်နိုင်ငံတွင်သုံးခဲ့တဲ့ရှေးဟောင်းနည်းစနစ်တစ်ခုရှိပါတယ်။

credit-TerminustheInfernal

(၁၁)ဂျပန်နိုင်ငံ ဆေးရုံ၌ ကျွေးသော အစားစာများ။

credit-cvltivar

(၁၂)ဂျပန်အင်ဂျင်နီယာများဟာ Fukuokaမြို့ရှိ လမ်းကျွံ့အပေါက်ကြီးကို ၂ရက်အတွင်း၌ပြုပြင်နိုင်ခဲ့ပါတယ်။

credit-boredpanda.com

(၁၃)ဂျပန်နိုင်ငံ ကျိုတိုမြို့၏ အချို့နေရာများမှာ ခွေးလေးတစ်ကောင်နဲ့ ဒီလိုပုံစံလူရှိတတ်ပါတယ်။ သူဟာ ပုလွေကို မှုတ်နေပြီး သူ့ခွေးလေးက ချစ်စရာကောင်းပါတယ်။ ဒါဟာ သူတို့ရဲ့ ၀င်ငွေရရှိတဲ့ အလုပ်ပုံစံပဲဖြစ်ပါတယ်။

credit-BeardedGlass

(၁၄)၁၇၅၁ခုနစ်တွင် ဂျပန်နိုင်ငံ၌မွေးဖွားခဲ့ပြီး ၁၉၇၇ခုနစ် ဇူလိုင်လတွင်သေဆုံးခဲ့တဲ့ Koi Hanakoငါးဟာ အသက်၂၂၆နှစ် သက်တမ်းရှိခဲ့ပြီး မှတ်တမ်းတင်ဖူးသမျှတွင် ရှေးအကျဆုံး Koiငါးတစ်ကောင်ဖြစ်ပါတယ်။

credit-monsieurbabadook

(၁၅)ဂျပန်နိုင်ငံရှိဒီရထားမှတ်တိုင်တစ်ခုဟာ ဝင်ပေါက်လည်းမရှိသလိုထွက်ပေါက်လည်းမရှိပါဘူး။ဒါပေမယ့်ခရီးသည်တွေဟာထိုနေရာမှာရထားကိုရပ်တန့်ကာသဘာဝအလှများကိုရှုစားနိုင်ခွင့်ရှိပါတယ်။

credit-H1ggyBowson

(၁၆)ဂျပန်နိုင်ငံရှိရထားထိုင်ခုံများဟာ သဘာဝရှုခင်းတွေကိုခံစားနိုင်ဖို့ ပြတင်းပေါက်ဘက်ကိုမျက်နှာမူထားပါတယ်။

credit-Nazulle