
ကျွန်ုပ်တို့ဟာ အရမ်းအရသာရှိတဲ့ အစားစာကို ငြင်းလို့မရတာကိုတော့ နားလည်ပါတယ်။ဒါပေမဲ့ တချို့လူများဟာ ထူးထူးဆန်းဆန်း ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်သော ဟင်းများကိုစားကြပါသလဲ။အချို့ ရိုးရာ ထုံးတမ်းစဉ်လာ အစားစာများကိုလည်း ရှင်းပြနိုင်ဖို့အတွက် ခဲယဉ်းပါတယ်။ယခုဆောင်းပါးမှာတော့ကမ္ဘာတစ်ဝှမ်းရှိလူများကြိုက်နှစ်သက်ကြသောသေစေနိုင်လောက်တဲ့အစားစာများ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။
(၁)လင်းနို့စွပ်ပြုတ်

လင်းနို့များဟာ အာရှရိုးရာအစဉ်အလာအစားအစာတစ်ခုဖြစ်ပြီး “ဂူထဲက ကြက်သား ” ဟု မကြာခဏ ရည်ညွှန်းဖော်ပြလေ့ရှိကြပါတယ်။ စားဖိုမှူးများဟာ လင်းနို့တစ်ကောင်လုံးကို စွပ်ပြုတ်ဟင်းချိုအိုးထဲထည့်ပြီး ပြုတ်ကြပါတယ်။လင်နို့အသားဟာ အရမ်းအရသာရှိပြီး အနာ ရောဂါကို ပျောက်စေတဲ့ အရည်သွေးရှိတယ်လို့ ပြောကြပါတယ်။ဒါပေမဲ့ လင်းနို့များဟာ ရောဂါပိုးမွှားများကို သယ်ဆောင်နိုင်သဖြင့်ကျွန်တော်တို့အနေနဲ့စားသောက်ဖို့မသင့်တော်တဲ့အစားအသောက်အနေနဲ့ရှိနေပါတယ်။
(၂)Ackee fruit

Ackee အသီးဟာဂျမေကာနိုင်ငံရဲ့ရိုးရာအသီးတစ်ခုဖြစ်ပါတယ်။ ထိုအသီးမှာတော့အလွန်အဆိပ်ဖြစ်စေသော hypoglycin A နှင့် hypoglycin B အဆိပ်တို့ ပါရှိတယ်။Ackee အသီးများဟာ စားသုံးနိုင်သော်လည်း သူရဲ့အစေ့ဟာ အဆိပ်ရှိပါတယ်။အသီးကိုစားပြီးနောက် အဆိပ်သင့်လာလျှင် အလွန်အမင်းအော့အန်ခြင်းကိုဖြစ်စေနိုင်ပါတယ်။
(၃)Igunaq

Igunaq ဟာ အာတိတ်ေဒသ တိုင်းရင်းသားများ၏ ရိုးရာဟင်းလျာ တစ်ခုဖြစ်ပါတယ်။၎င်းကို အချဉ်ဖောက်သော walrus သို့မဟုတ် သမင်အသားများဖြင့်ပြုလုပ်ထားပါတယ်။သို့သော် ငယ်စဉ်ကလေးဘဝကတည်းကဤဟင်းကိုစားခဲ့သူများဟာ ဆိုးကျိုးသက်ရောက်ခြင်းမရှိဘဲစားသုံးနိုင်ကြပါတယ်။ကစော်ဖောက်ခြင်းဖြစ်စဉ်ဟာ အဆိပ်အတောက်ဖြစ်စေနိုင်သလိုသေစေနိုင်ပါတယ်။
(၄)Brown roll-rim

ဒီမှို အမျိုးစားဟာ အလွန်အဆိပ်ရှိပြီး အန္တရာယ်လည်းရှိလှပါတယ်။ သို့ပေမဲ့ မှိုတွင် အဆိပ်ရှိကြောင်းကို မြင်ရုံနဲ့ မသိပါဘူး။သစ်တောများတွင် မှိုများကို ခူးယူ စုဆောင်းနေသူများအတွက် ရူပ်ထွေးစေနိုင်ပါတယ်။ချက်ပြုတ်စားခြင်းဟာလည်း အဆိပ်ကို မလျော့ကျသွားစေနိုင်ဘဲ ခန္ဓာကိုယ်အတွက် အဆိပ်တောက်ဖြစ်စေနိုင်ပါတယ်။အဆိပ်များဟာ အသည်းနှင့်ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။
(၅)သွေးစိမ်း စွပ်ပြုတ်

ဘဲသွေး နှင့် ကြက်သွေး များဟာ ဗီယက်နမ်နိုင်ငံတွင် စွပ်ပြုတ်ဟင်းချို ချက်ပြုတ်ရာ၌ ကျယ်ပြန့်စွာအသုံးပြုကြပါတယ်။ဤစွပ်ပြုတ်ကိုချက်တဲ့ စားဖိုမှူးနှင့် စွပ်ပြုတ်ကိုစားသုံးသူ နှစ်ဦးစလုံး ခွန်အားရရှိသည်ဟုယုံကြည်ကြပါတယ်။ဒီဟင်းလျာကိုစားခြင်းရဲ့အန္တရာယ်ကတော့ ငှက်တုပ်ကွေးနှင့်အခြားရောဂါများကိုဖြစ်စေနိုင်ပါတယ်။သို့သော်လည်း ဒီ သွေးဟင်းလျာစွပ်ပြုတ်ကို ကြိုက်နှစ်သက်သူတွေအတွက် ကတော့ရပ်တန့်နိုင်ကြမှာမဟုတ်ပါဘူး။