
နေသာတဲ့နေ့တစ်နေ့မှာ ကမ်းခြေတွင် အပန်းဖြေအနားယူခြင်းက ဘယ်အရာနဲ့မှ မလှဲနိုင်လောက်အောင်ပါပဲ။သို့သော် ကမ်းခြေတွင်ရှိတဲ့ ဒီလိုအကောင်ငယ်လေးများနဲ့တွေ့မိပါက မမျှော်လင့်ပဲ မလုံခြုံမပျော်ရွှင်တဲ့အပန်းဖြေခရီးလေး ဖြစ်သွားနိုင်ပါတယ်။ပင်လယ်သတ္တဝါများ ၊ ခရုများ ၊ကြယ်ငါးများ ၊ နှင့် လှပြီးအဆိပ်ပြင်းတဲ့မြွေများက သင်နေရောင်ခံအပန်းဖြေနေတဲ့ချိန် ဘေးမှာ လာရှိနေပါလိမ့်မယ်။
(၁)Portuguese Man o’ War

Portuguese Man o’ Warများဟာ ဂျယ်လီငါးနဲ့တူတယ်လို့ထင်ရပေမဲ့ အမှန်တကယ်က Zooideလို့ခေါ်တဲ့ သေးငယ်တဲ့ သတ္တဝါအမျိုးစားမျိုးဖြစ်ပါတယ်။A Portuguese man o’ warတွင် ငါးတစ်ကောင်ကို နာကျင်ပြီး သေလောက်အောင် လုပ်နိုင်တဲ့ အစွမ်းထက်လက်နက်ရှိပါတယ်။ဤတိရိစ္ဆာန်များဟာ အတ္တလန္တိတ်နှင့်အိန္ဒိယသမုဒ္ဒရာတို့တွင်နေထိုင်ကြပါတယ်။ဒီအကောင်ကြောင့် လူသေခဲ့တဲ့ အဖြစ်ပျက်ရှိခဲ့သော်လည်း မကြာခဏဖြစ်ပျက်လေ့မရှိပါဘူး။
(၂)Cone snails

သင်ကမ်းခြေကို ခဏခဏရောက်ဖူးပါက ရောင်စုံအခွံများ သဲသောင်ပြင်ပေါ်တွင် ရှိနေတာကိုမြင်ဖူးပါလိမ့်မယ်။အခွံထဲတွင် အဆိပ်ရှိသော ခရုများရှိနေတတ်တာကြောင့် နောက်တစ်ကြိမ် ကမ်းခြေရောက်ပြီး ထပ်တွေ့ခဲ့ပါက သတိထားဖို့လိုပါတယ်။အဲ့ဒီခရုနဲ့ဆုံပြီးနှောက်ယှက်ခံရပါက သင့်ကို သူ့ရဲ့အချွန်နဲ့ အရေပြားကို ထိုးဖောက်နိုင်ပါတယ်။ခရုခွံက ကြီးပြီး တောက်ပ လေ အထဲမှာ အန္တာရာယ်ပိုရှိတဲ့ ခရုကနေတတ်လေ ဖြစ်ပါတယ်။သေးငယ်တဲ့ အကောင်တွေကအန္တရာယ်နည်းပါးပေမဲ့ပိုကြီးတဲ့အေကာင်တွေဟာသေစေနိုင်ပါတယ်။
(၃)Sea urchins

Sea urchins များဟာ ကမ္ဘာတဝှမ်းရှိသမုဒ္ဒရာအားလုံးတွင်နေထိုင်သောတိရစ္ဆာန်များဖြစ်ပါတယ်။ သူတို့ရဲ့ ချွန်ထက်သော အစူးများနှင့် သူတို့ကိုယ်သူတို့ အလွန်ထိရောက်စွာ ကာကွယ်နိုင်ကြပါတယ်။သူတို့ရဲ့ အဆိပ်များဟာ လူကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပြီး ထိုးဖောက်မိလျှင်အရေပြားနှင့်အရိုးများကိုပင်ပျက်စီးစေနိုင်ပါတယ်။သို့သော် သဘာဝအမှတ်တရ ပစ္စည်းများကိုကြိုက်နှစ်သက်ပြီး စုဆောင်းသူများအတွက် Sea urchins ကောင်အခြောက်ခွံဟာ လှပပြီး အန္တရာယ်ကင်းပါတယ်။
(၄)Beakedပင်လယ်မြွေ

The Beaked Sea Sankeဟာ ပင်လယ်မြွေများအနက် ရန်လို ရန်ပြုတတ်တဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ်။၎င်းေမြွ ဟာ လူကိုသေစေနိုင်လောက်တဲ့အထိ အလွန်အဆိပ်ပြင်းပါတယ်။သူတို့ဟာ ပုံမှန်အားဖြင့် လူများကို တိုက်ခိုက်လေ့မရှိသော်လည်း သူတို့အန္တရာယ်ရှိသည်ဟု ခံစားမိပါက သူတို့ကိုယ်သူတို့ ကြိုးစားကာကွယ် တတ်ကြပါတယ်။
(၅)Crown-of-thorns starfish(ဆူးကြယ်ငါး)

ဒီကြယ်ငါးဟာ အဆိပ်ပြင်းတဲ့ ဆူးများရှိတာကြောင့် Crown of thorns ကြယ်ငါးဟု အမည်ရရှိခဲ့တာဖြစ်ပါတယ်။အဆူးများဟာ တခြားသားကောင်ရဲ့tissueအတွင်းထဲသို့ ထိုးဖောက်ကာ အဆိပ်များထည့်စေတတ်ပါတယ်။၎င်း အဆိပ်မိထားသော လူတစ်ယောက်ဟာ ကြာရှည်စွာ ကိုက်ခဲနေတတ်ပြီး ပျို့အန်လာကာ ပြင်းထန်တဲ့နာကျင်မှုများ အကျိုးဆက်များကိုဖြစ်ပေါ်စေတတ်ပါတယ်။