ပတ်ဝန်းကျင်ရဲ့အရောင်ကိုလိုက်ကာလျှို့ဝှက်စွာနေတတ်တဲ့ တိရိစ္ဆာန်များ

ဂဏန်းနဲ့တူနဲ့ပင့်ကူတွေ၊ အလွန်ကြည်လင်တဲ့ကိုယ်ကြောင့် ရေထဲတွင်ပျောက်နေတဲ့ငါးများ သို့မဟုတ် ပျံနိုင်တဲ့ငါးတွေဟာ သဘာဝတရား၏ အံဖွယ်ရာ အချို့ဖြစ်ပါတယ်။ယခုဆောင်းပါးထဲမှာတော့ပုတ်သင်တွေကဲ့သို့သူတို့ရဲ့အသွင်ပြင်အ‌ရောင်ကိုပြောင်းလဲနိုင်သည့်တိရစ္ဆာန်များရဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁)ကောင်းကင်ဘုံမှ ငှက်လို့တောင်ထင်ရတဲ့ ငှက်တစ်မျိုးဟာ အမ များကိုမြူစွယ်ရန် ထူးဆန်းရူပ်ထွေးတဲ့ ဖိုဓာတ်ဆွဲဆောင်အကဖြင့် မြူစွယ်ကြပါတယ်။

credit photo

(၂)ပုတ်သင်ညိုများဟာ သူတို့ကြောက်သည့်အချိန် ၊ အမများကို ပိုးပန်းချိန် နှင့် တခြားအ‌ေကာင် ကို ခြိမ်းခြောက်သည့်အချိန်၌ သူ့ရဲ့လည်ပင်းတစ်ဝိုက်တွင် ကြီးမားသော အရစ်များထွက်ပေါ်လာတတ်ပါတယ်။

credit photo

(၃)ပန်းပွင့်ဂဏန်းပင့်ကူဟာ သူတို့ရောက်ရှိနေတဲ့ ပန်းမျက်နှာပြင် အရောင်အတိုင်း အရောင်ပြောင်းလဲတတ်ပါတယ်။

(၄)တုတ်ချောင်းအင်းဆက်ဟာ တုတ်ချောင်းပုံ နှင့်ဆင်တူပြီး သစ်ရွက်များကြားတွင် တုတ်ချောင်းကဲ့သို့ အသွင်ပြောင်းနေထိုင်တတ်ပါတယ်။

credit photo
credit photo

(၅)သစ်ခွရှိခိုးကောင်ဟာလည်း သစ်ခွပန်းများတွင်နေတတ်ပြီး သစ်ခွပန်း၏အစိတ်အပိုင်းအဖြစ်တုပ နေတတ်ပါတယ်။

credit photo

(၆)ခူကောင်ဟာ သူ့ကိုလာစားမဲ့ အကောင်၏ရန်များရှောင်ရှားရန် သစ်ရွက်ပေါ်တွင် ပုံရိပ်တူညီစွာနေပြီးပုန်းနေတတ်ပါတယ်။

credit photo

(၇)Pymgeအမည်ရှိတဲ့ရေနဂါးဟာ သူ့ရဲ့အသားရောင်ကိုပြောင်းလဲပြီး သားကောင်များကိုခြောက်လှန့်ခြင်း နဲ့တခြားကောင်များရဲ့ခံစားချက်ကိုဆက်သွယ် ပြီးဆွဲဆောင် တတ်ကြပါတယ်။

credit photo

(၈)သဲကန္တာရရှိ ဂျိုပါတဲ့အဆိပ်ပြင်းမြွေဟာ သဲအောက်ထဲသို့ အလျင်မြန် ထိုးဝင်နိုင်ပြီး သူတို့ရဲ့အရေပြား အရောင်ဟာ သဲများနှင့်တူညီနေသောကြောင့် ပျောက်နေတတ်ပြီး အမဲလိုက်ရာတွင် လွယ်ကူပါတယ်။

credit photo

(၉)Chotacabras pauraque အမည်ရှိတဲ့ထူးဆန်းသော အကောင်ဟာလည်း သူတို့နေထိုင်ရာနေရာတွင်ကောင်းမွန်စွာရောနှောနေစေရန် အထောက်အကူပြုသောလျှို့ဝှက်ဆန်းကြယ်တဲ့ အသွင်ပြင်ရှိပါတယ်။

credit photo

(၁၀)The Spiny Leafအင်းဆက်ဟာ ပြောင်းပြန်လှန်လိုက်လျှင်သစ်ရွှက်ပုံစံကဲ့သို့ဖြစ်နေပြီး အရောင်လည်းပြောင်းလဲနိုင်ပါတယ်။

credit photo

(၁၁)Uropalus တောက်တဲ့ဟာ ပြောင်ချောချော အရေပြားရှိပြီး အဲ့ဒီအရေပြားတွေကြောင့် သူကိုမမြင်နိုင်အောင်ပုန်းကွယ်နေနိုင်ပါတယ်။