
ကျွန်ုပ်တို့ဟာ တိရစ္ဆာန်အကြောင်းကို အကုန်သိပြီဟုထင်နေပေမယ့်လည်း ကျွန်တော်တို့သိထားတဲ့အချက်အချို့ဟာ ကျွန်ုပ်တို့ ထင်တာနဲ့လွဲနေတတ်ပါတယ်။ယခုဆောင်းပါးမှာတော့တိရစ္ဆာန်ပက်သက်ပြီးကျွန်တော်တို့သိထားတဲ့လွဲမှားနေတဲ့အချက်အချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)ကျွန်တော်တို့ဟာခွေးတွေရဲ့အမြင်ကိုအဖြူအမဲဘဲမြင်တယ်လို့သိထားကြပါတယ်။တကယ့်တော့ခွေးတွေဟာအဖြူအမဲမဟုတ်ဘဲအရောင်တွေကိုလည်းမြင်နိုင်ပါတယ်။ဒါပေမယ့်လူတွေလောက်တော့အရောင်ကောင်းစွာမြင်နိုင်တာမဟုတ်ပါဘူး။

(၂)နွားရိုင်းတွေဟာအနီရောင်မြင်ရင်တိုက်ခိုက်တယ်လို့ကျွန်တော်တို့ထင်နေကြပါတယ်။တကယ်တော့အနီရောင်မှမဟုတ်ပါဘူးသူတို့မျက်စိနှောက်တဲ့အရာမှန်သမျှကိုတိုက်ခိုက်ကြတာဖြစ်ပါတယ်။ထိုထဲကမှအနီရောက်ကသူတို့အတွက်မျက်စိနှောက်စရာပိုဖြစ်နေပါတယ်။

(၃)ငှက်ကုလားအုတ်တွေဟာ ကြောက်တဲ့အချိန်တွင် သူတို့ရဲ့ခေါင်းကို သဲထဲ ထည့်ထားတတ်တယ်ဆိုတဲ့ကျွန်တော်တို့အထင်ဟာမှားနေပါတယ်။တကယ်တော့သူတို့ဟာကြောက်ရင်ထွက်ပြေးမှာဖြစ်ပါတယ်။

(၄)ဖားပြုပ်ကို ထိခြင်းက ကြွက်နို့ကိုဖြစ်စေတယ်လို့ကျွန်တော်တို့ထင်နေကြပါတယ်။တကယ်တော့ ဖားပြုပ်တွေဟာ ကြွက်နို့မဖြစ်စေတတ်ပါဘူး။

(၅)ပုတ်သင်ညိုတွေဟာ ပတ်ဝန်းကျင်အရောင်ကိုလိုက်ပြီး တူညီစွာ အရောင်ပြောင်းတတ်လို့ကျွန်တော်တို့ထင်ဘူးပါတယ်။တကယ်တော့သူတို့ဟာ သူတို့ရဲ့စိတ်ခံစားမှုစိတ်နေစိတ်ထားအလိုက် အရောင်ပြောင်းကြတာပါ။

(၆)ကျွန်တော်တို့ဟာဆင်တွေလမ်းလျှောက်တာကိုကြမ်းတမ်းမယ်လို့ထင်နေကြမှာပါ။တကယ်တော့ဆင်တွေဟာလမ်းလျှောက်တာအရမ်းကိုညင်သာပါတယ်။

(၇)ဝေလငါးကြီးတွေဟာကားတစ်စီးလုံးမျိုချနိုင်မယ်လို့ကျွန်တော်တို့ထင်ကြမှာပါ။တကယ်တော့ဝေလငါးကြီးတွေဟာရှောက်ခါးသီးတစ်လုံးအရွယ်လောက်သာသူတို့အတွက်အကြီးမားဆုံးမြိုနိုင်တာပါ။

(၈)ပွေးကောင်တွေဟာမျက်လုံးကန်းနေတယ်လို့ကျွန်တော်တို့ထင်နေကြပါတယ်။တကယ်တော့ပွေးတွေဟာမျက်လုံးမကန်းကြပါဘူး။ဒါပေမယ့်သူတို့ရဲ့မြင်ကွင်းကတော့အရမ်းကျဉ်းပါတယ်။

(၉)ကြွက်တွေရဲ့အကြိုက်ဆုံးအစားစာကိုကျွန်တော်တို့ကဒိန်ခဲလို့ထင်တတ်ကြပါတယ်။တကယ်တော့ဒိန်ခဲဟာကြွက်တွေအတွက်အကြိုက်ဆုံးအစားအစာမဟုတ်ပါဘူး။

(၁၀)ငါးတွေဟာအသံမပြုတတ်ဘူးလို့ကျွန်တော်တို့ထင်ကြပါတယ်။တကယ်တော့ငါးတွေဟာအသံပြုနိုင်ပါတယ်။

(၁၁)ကြံ့ရဲ့နှာခေါင်းပေါ်ကအရာကိုကျွန်တော်တို့ကဦးချိုလို့အလွယ်ထင်ကြပါတယ်။တကယ့်တော့အဲဒီအရာဟာ ဦးချိုမဟုတ်ပါဘူး။တမူထူးခြားကာ မာကျောတဲ့အမောက်တစ်မျိုးသာဖြစ်ပါတယ်။

(၁၂)ဆောင်းတွင်းကာလမှာတိရစ္ဆာန်တွေဟာ အေးလို့ဆောင်းခိုတယ်လို့ကျွန်တော်တို့ထင်တတ်ကြပါတယ်။တကယ်တော့သူတို့ဆောင်းခိုရတဲ့အကြောင်းရင်းက ဆောင်းတွင်းကာလမှာ အစာရေစာရှားပါးမှာစိုးရိမ်လို့ဖြစ်ပါတယ်။
