
ကမ္ဘာပေါ်ရှိ မယုံနိုင်လောက်အောင်လှပတဲ့နေရာများတွင် သင့်ရဲ့အားလပ်ရပ် အချိန်အားလုံးကို ကုန်ဆုံးဖို့အတွက် ထိုက်တန်ပါတယ်။
ခမ်းနားသောရေတံခွန်များ၊ ထောင်ပေါင်းများစွာသောတောင်တန်းများနှင့်ရာပေါင်းများစွာသောမမြင်ရတဲ့သဘာဝတရားအလှများစွာကိုတစ်သက်တာအတွင်းလည်ပတ်ရန်မဖြစ်နိုင်ပါဘူး။သို့သော်အခုဖော်ပြထားတဲ့အရာများကိုမြင်ပြီးသင် သွားရောက်လည်ပတ်ချင်ပါလိမ့်မယ်။
(၁)ဘရာဇီးနိုင်ငံရှိ Lençóis Maranhenses

Lençóis Maranhenses သည်ဘရာဇီးနိုင်ငံရှိအတ္တလန္တိတ်သမုဒ္ဒရာ၏မြောက်ဘက်ပိုင်းရှိMaranhãoပြည်နယ်ကအမျိုးသားဥယျာဉ်တစ်ခုဖြစ်ပါတယ်။ဒီနေရာဟာ ကမ္ဘာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်မှုအများဆုံးနေရာ တစ်ခုဖြစ်ပါတယ်။မိုးရာသီအတွင်း၌ သဲကန္တာရ ထဲတွင် သဲခုံးများ စုပေါင်းပြီး အလွန်ထူးခြားလှပတဲ့ရူခင်းများဖြစ်ပေါ်စေပါတယ်။

(၂)အမေရိကန်နိုင်ငံ Honokohau ရေတံခွန်

Honokohau ရေတံခွန်ဟာ ဟာဝိုင်အီကျွန်းစုရှိ Maui ကျွန်းပေါ်တွင်တည်ရှိပါတယ်။၎င်းသည်ကျွန်းပေါ်ရှိအမြင့်ဆုံးရေတံခွန်တစ်ခုဖြစ်ပြီး ခရီးသွားများအတွက် ကားသို့မဟုတ်ခြေလျင် တက်ရောက်ရန်မလွယ်ကူသောကြောင့် ရဟတ်ယာဉ်ခရီးစဉ်ဖြင့်သွားရပါတယ်။ထိုဒေသတွင်ရိုက်ကူးခဲ့သော Jurassic Park ရုပ်ရှင်ရိုက်ကူး ရေးသည် Honokohau ရေတံခွန်ကိုကျော်ကြားမှုဖြစ်စေခဲ့ပါတယ်။အကြောင်းမှာရေတံခွန်သည်ရုပ်ရှင်၏မြင်ကွင်းများထဲမှတစ်ဆင့် ကြည့်ရှူသူများကို လှပစေသောကြောင့်ပဲဖြစ်ပါတယ်။
(၃)ကနေဒါနိုင်ငံရှိ Capilano တံတား
Capilano ကြိုးတံတားသည် Vancouver အနီး ကနေဒါနိုင်ငံ၌ သာယာလှပသောတံတားတစ်စင်းဖြစ်ပါတယ်။၎င်းသည်လှိုင်းကြီးပြီးသစ်တောထူထပ်သော Capilano မြစ်အထက်ပေ ၂၃၀အမြင့်တွင်တည်ရှိပါတယ်။ထိုတံတားပေါ်တွင်လမ်းလျှောက်ခြင်းက စွန့်စားမှုတစ်ခုလိုပါပဲ။အစောပိုင်းကာလတွင် အလုပ်သမားများဘဝကိုလွယ်ကူစေရန် သစ်စက်များသို့သွားရာလမ်းကြောင်းအဖြစ် တည်ဆောက်ခဲ့သော်လည်းယခုအခါတွင်တော့ သီးသန့်ခရီးသွားနေရာတစ်ခုအဖြစ်တည်ရှိပါတယ်။
(၄)အိုင်ယာလန်နိုင်ငံရှိ Skellig Michael

Smelling Micheal ဟာ အိုင်ယာလန်နိုင်ငံရှိ Iveragh Peninsulaနှင့် ၇မိုင်အကွာ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းတွင် တည်ရှိပါတယ် ။ကျွန်းပေါ်မှာတော့ ၆ရာစုမှ၈ရာစုအတွင်းတည်ဆောက်ခဲ့သော ခရစ်ယာန်ဘုရားကျောင်းဆောင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဘုရားကျောင်းအပျက်များနဲ့ ရှေးဆန်နေသောကြောင့်ယူနက်စကို ဟာ ၁၉၉၆ခုနစ်တွင် ကျွန်းကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပါတယ်။
(၅)ကနေဒါနိုင်ငံရှိ အစက်ပျောက် ရေအိုင်

Spotted Lake ဟာ ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာရှိဓာတ်သတ္တုအမြောက်အများပါဝင်သောရေငန်ရေအိုင်ဖြစ်တစ်ခုဖြစ်ပါတယ်။နွေရာသီ တွင် ရေကန်ထဲက ရေအတော်များများဟာ အငွေ့ပျံခြင်း သတ္တု များကြောင့် ရေကန်ဟာ ထူးထူးခြားခြား အရောင်များ ထွက်ပေါ်လာပါတယ်။အစက်အပြောက်များရဲ့အရောင်ဟာ ဓာတ်သတ္တုပေါ်တွင်မူတည်ပါတယ်။ အစက်အပြောက်အများစုသည် မဂ္ဂနီစီယမ်ဆာလဖိတ်များကြောင့်အပူရှိန်ရရှိသောအခါ အစိုင်ခဲများဖြစ်သွားတတ်ပါတယ်။