
ကမ္ဘာပေါ်ရှိ မည်သည့်မြို့တွင်မဆို ရိုးရာအထိမ်းအမှတ် ကျောက်တိုင်နှင့် ရုပ်ထု များထဲက တစ်ခုခုကိုတွေ့ရတတ်ပါတယ်။
(၁)အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ Las Colinas ၏ Mustang

ကမ္ဘာပေါ်တွင် မြင်းကောင် အရေအတွက် အများဆုံး ရုပ်ထု အုပ်စုဖြစ်ပါတယ်။ဒီမြင်းကြေးရုပ်ထုတွေဟာ တကယ့်မြင်းထက် တစ်ဆခွဲပိုကြီးပြီး ဓာတ်ပုံတွေထဲတွင် သေးငယ်သလိုဖြစ်နေပါတယ်။ မြင်းတစ်ကောင်းခြင်းစီကို ခြေလှမ်းလှမ်းသည့်ပုံစံက အစ သေချာပြုလုပ်ထားပြီး မြင်းများ မြစ်စမ်းချောင်းကို လျင်မြန်စွာဖြတ်ပြေးသည့်ပုံပေါ်အောင် ရေကန်တွင်ဖြတ်ပြီး ပြုလုပ်ဖန်တီးထားပါတယ်။
(၂)အီတလီနိုင်ငံက အမျိုးသမီးလက်ဆွဲအိတ်ရုပ်ထု

ဒီရုပ်ထုဟာ အနည်းငယ် ထူးဆန်းပြီးရယ်စရာကောင်းပေမဲ့ အီတလီနိုင်ငံရဲ့ အတွေးများခေါင်းစဉ်တွင် ပထမဆုံးတင်ဆက်ခဲ့သည့်ရုပ်ထုဖြစ်ပါတယ်။စိတ်ကူးယဉ်ခြင်းနှင့် သဘာဝကြားထဲက အတွေးဆုံစည်းမှုရုပ်ထုဖြစ်ပါတယ်။
(၃)Russiaနိုင်ငံရဲ့ ကွန်ပျုတာပညာရှင် Krasnoyarsk ကို လွမ်းဆွတ်သတိရစေခြင်းရုပ်ထု

စားပွဲ၊ ကွန်ပြူတာ၊ စားပွဲမီးနှင့်ဂျာကင်အင်္ကျီတို့ဖြင့် အလုပ်လုပ်သည့် နေရာတစ်ခုအဖြစ်ကွန်ပျူတာပညာရှင်အားအောက်မေ့ဖွယ်အမှတ်တရအဖြစ်ထားရှိပါတယ်။ရုပ်ထုတွင် ကွန်ပျုတာ ပညာရှင်တစ်ဦးသာ မပါ၀င်ပဲ ပျောက်ဆုံးနေပါတယ်။
(၄)ပြင်သစ်နိုင်ငံ မာဆေးက ခရီးသွားများ

ဒီပန်းပုအနုပညာဟာ မာဆေးလမ်းတွင်သာမက အနုပညာပြပွဲများစွာတွင် ပါ၀င်ပြသခဲ့တဲ့ ပန်းပုရုပ်ထုလက်ရာဖြစ်ပါတယ်။
(၅)အိုက်စလန်နိုင်ငံ ရက်ယာဗစ်ရှိ အမည်မသိသောဗျူရိုကရက်၏အထိမ်းအမှတ်

‘Unknown Bureaucrat’ ကို ၁၉၉၄ တွင်အိုက်စလန်နိုင်ငံ အနုပညာရှင်နှင့်ပန်းပုဆရာ Magnus Tomasson မှဖန်တီးခဲ့ပါတယ်။ရုပ်ထုဟာ မြို့တော်တွင်အသိသာဆုံးနှင့်စိတ်၀င်စားဖွယ်အကောင်းဆုံးသောပန်းပု တစ်ခုဖြစ်ပါတယ်။သေးငယ်သော အသေးစိတ်အချက်များနဲ့ ပြုလုပ်ဖန်တီးထားတဲ့ပန်းပုတစ်ခုလည်းဖြစ်ပါတယ်။
(၆)ဗြိတိန်နိုင်ငံ အောက့်ဖိုစ် ရှိ အိမ်ခေါင်မိုးပေါ်တွင် ခေါင်းစိုက်နေသော ငါးမန်ရုပ်ထု

ဒီပန်းပုရုပ်ထုရဲ့ နောက်ကွယ်က အကြောင်းဟာ ပုံတွင်မြင်တွေ့ရသည်ထက် များစွာ အဓိပ္ပာယ်ကျယ်ပြန့်ပါတယ်။၎င်းကိုဒုတိယကမ္ဘာစစ်အပြီးတွင် Nagasaki အားနျူကလီးယားတိုက်ခိုက်မှု ၄၁ နှစ်မြောက်နှစ်ပတ်လည်၌တည်ဆောက်ခဲ့ပါတယ်။
(၇)ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်က De Vaartkapoenရုပ်ထု

ဤရုပ်တုကို ၁၉၈၅ ခုနှစ်တွင်ဘရပ်ဆဲလ်ရှိ Molenbeek ဒေသတွင် ပြုလုပ်ဖန်တီးခဲ့ပါတယ်။လူတစ်ဦးဟာ မြောင်းအပေါက်ကနေ အခြားသူတစ်ဦးရဲ့ ခြေထောက်ကို လှမ်းဆွဲထားတဲ့ ဤရုပ်ထုလေး ဟာ ဟာသဆန်ဆန်ဖြစ်နေပါတယ်။ရုပ်ထုဟာ ဘယ်ဂျီယံ စာရေးဆရာ Tom Frantzen ရဲ့ပန်းပုရုပ်ထုဖြစ်ပါတယ်။