
သင့်အိမ်မွေးတိရစ္ဆာန်တစ်ကောင် အဖြစ် ကြီးပြင်းသည်အထိ မွေးခဲ့ဖူးသော တိရစ္ဆာန်က ဘာအကောင်လဲ? ခွေးလား?? ကြောင်လား?? ခုခေတ်အချိန်တွေက ပြောင်းလဲသွားပြီး အိမ် မွေးတိရစ္ဆာန်အနေနဲ့ မွေးမြူရန် ချစ်စဖွယ်ကောင်းပြီး မယုံနိုင်လောက်အောင်ထူးဆန်းသော သတ္တဝါ များကိုယခုဖော်ပြပေးလိုက်ပါတယ်။
(၁)Blue Glaucus(အပြာရောင်နဂါး)

ဒီသေးငယ်တဲ့ အကောင်လေးကို ကောင်းကင်တမန်၊ အပြာရောင်နဂါး ၊ ပင်လယ် သခင် ဟုလည်း ကဗျာဆန်ဆန်ခေါ်ဆို နိုင်ပါတယ်။ သူတို့ဟာ အပြည့်ဝ အရွယ်ရောက်ကြီးထွား လျှင် ၃စင်တီမီတာ (၁.၅လက်မ) အထိ ခန္ဓာကိုယ်ရှည်လျားပါတယ်။ Blue glaucuses များဟာအပူပိုင်းဒေသတွင်နေထိုင်ပြီး တခြားအကောင်များကိုရှောင်ရှားရန် သူတို့ရဲ့ ပြောက်ကျားအရောင်များကိုအသုံးပြုကြပါတယ်။
(၂)Dragon Lizard (ပုတ်သင် နဂါး)

သူတို့ကို “dwaf dragon” လို့လည်းလူသိများကြပြီး တောင်အမေရိကတိုက်ရဲ့ အင်းဒစ် ဒေသ တွင် ခရီးသွားလေ့လာ သူများက အတော်များများတွေ့ရှိခဲ့ပါတယ်။ ဒီ သစ် ပုတ်သင်ညိုများဟာ နေ့ခင်ဘက်တွင် ရွှင်လန်းတက်ကြွ သော အလွန်သေးငယ်သော နဂါးနှင့်တူပါတယ်။ သူတို့ကို အိမ်မှာဘယ်သူမွေးထားချင်ကြသလဲ။
(၃)Mantis Shrimp

ဒီလှပသော အဏ္ဏဝါ သတ္တဝါများဟာ အရောင်အမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့်ရှိနေကြပြီး သူတို့ဟာ ပုံစံမျိုးစုံရှိကြပြီး တစ်ကောင်နဲ့တစ်ကောင် မတူညီသောကြောင့် အံဩဖွယ်ကောင်းလှပါတယ်။ လှပပြီး ဆွဲဆောင်မှုအရှိဆုံး အကောင်ပုံစံကတော့ ပုံတွင်ပါသည့် ပုလဲပုဇွန်များဖြစ်ကြပါတယ်။ သူတို့ကို Aquaria လို့ခေါ်ကြပြီး ရေငံပုဇွန်များဖြစ်ကြပါတယ်။
(၄)Orange Tortoise Spider(လိမ္မော်ရောင် လိပ်ပင့်ကူ)

ဒီအလွန်သေးငယ်ပြီး အရောင်လှသော ပင်ကူမျိုးကို အိမ်မှာ အလှမွေးထားချင်စရာကောင်းပါတယ်။ encyosaccus sexmacculatus သည်များသောအားဖြင့် အီကွေဒေါအနီး ပီရူးနှင့်ဘရာဇီးရှိအမေဇုံမြစ်ဝှမ်းတွင်နေထိုင်သောကြောင့် သူတို့ရဲ့ မွေးမြူရာ ဒေသများတွင် အပူများစွာရှိဖို့လိုအပ်ပါတယ်။
(၅)Red Panda (အနီရောင်ပန်ဒါ)
ပန်ဒါ တွေကအလွန်ချစ်စရာကောင်းကြပါတယ်။ထိုချစ်စရာကောင်းတဲ့ ပန်ဒါကို lesser panda ဟုလည်းခေါ်ကြပြီး ဝက်ဝံတစ်ကောင် နှင့်ကြောင်တစ်ကောင် ပေါင်းထားသကဲ့သို့ဖြစ်နေပါတယ်။သူတို့ဟာ ကြင်နာတတ်ပြီးရယ်စရာ ဖြစ်နေသောကြောင့် အင်တာနက်ပေါ်တွင် လွန်ခဲ့သောနှစ်အနည်းငယ်ထဲက ရေပန်းစားခဲ့ပါတယ်။ဝမ်းနည်းစရာတစ်ခုကတော့ ထိုလှပတဲ့မျိုးစိတ်ဟာ မျိုးသုဉ်းမည့်အန္တရာယ်နဲ့ကြုံတွေ့နေရပါတယ်။
(၆)Blue Parrotfish
ရွှေငါးတွေအစား ဒီပြုံးနေတဲ့ငါးနဲ့ မလဲချင်တဲ့သူဘယ်သူရှိပါ့မလဲ။ပြသာနာတစ်ခုရှိတာက ထိုငါးသည် 1.2မီတာအနက်တွင် ကြီးထွားပြီ ပေါင် ၂၀ ဝန်းကျင်ခန့်ရှိပါတယ်။ထို့ကြောင့် ကြီးမားတဲ့ငါးမွေးကန်တစ်ခုလောက်တော့လိုအပ်ပါလိမ့်မယ်။