မြင်တွေ့ဖို့ ခဲယဉ်းလှတဲ့ ရှားရှားပါးပါးဓာတ်ပုံ (၁၃) ပုံ

ယခုဆောင်းပါးထဲမှာတော့ မြင်တွေ့ဖို့ခဲယဉ်းလှတဲ့ ရှားရှားပါးပါးဓာတ်ပုံ (၁၃) ပုံကိုဖော်ပြပေးလိုက်ပါတယ်။

(၁) သစ်ရွက်နဲ့ တစ်ပုံစံတည်းဖြစ်နေတဲ့ ရေခဲချပ်ကြီး။

(၂) အရိုးတည်ဆောက်ပုံ မတူညီတဲ့ ရှားပါးသော သစ်ကုလားအုတ် တစ်ကောင်၏ ပုံဖြစ်ပါတယ်။ သူဟာ ၉ ပေအမြင့်သာရှိပြီး ပုံမှန်သစ်ကုလားအုတ်တစ်ကောင်ဟာ ပျမ်းမျှ ၁၅ ပေအမြင့် ရှိကြပါတယ်။

(၃) အလွန်လှပပြီးပန်းချီကားဆန်တဲ့ ဒီ Bozouls တွင်းကြီး။ ဒီနက်ရိူင်းတဲ့ ချိုင့်တွင်းကြီးဟာ ၁၃၀၀ ပေ ကျယ်၀န်းပြီး ၃၃၀ ပေခန့်နက်ပါတယ်။

(၄) သေးငယ်တဲ့ ပန်းသီးပင်ကနေ သီးနေတဲ့ ပုံမှန်အရွယ်အစား ပန်းသီးတစ်လုံး။

(၅) ဒီလိပ်ပြာဟာ gynandromorph လို့ ခေါ်တဲ့ မျိုးစိတ်တစ်မျိုးဖြစ်ပြီး သူ့ရဲ့ ဘယ်ဘက်ဟာ အမ အခြမ်းဖြစ်ပြီး ညာဘက်ဟာ အထီးဖြစ်ပါတယ်။

(၆) စိမ်းစိုနေတဲ့ အပိုင်းတစ်ခုကျန်ရှိနေသေးသော သစ်ရွက်ခြောက်။

(၇) မဲနယ်ရောင်နှင့် နို့အဖြူရင့်‌ရောင်တို့ ရောစပ်ထားတဲ့ အရောင်နဲ့ ပုံမှန်မဟုတ်တဲ့ အလွန်ထူးဆန်းသော မှို။

(၈) အင်္ဂါဂြိုလ်ပေါ်တွင် တွေ့ရသော ပျော်ရွှင်နေတဲ့ အပြုံးမျက်နှာပုံရိပ်လေးတစ်ခု။

(၉)

 

(၁၀) သစ်ပင်ကြီးပေါ်တွင် ပေါက်နေသော သစ်ပင်။

(၁၁) ပြတင်းပေါက်အပြင်ဘက်က ဥတ္တရအလင်းတန်းရဲ့ အလှ။

(၁၂) ဒီဂြိုလ်ငယ်လေးဟာ စေတန်ရဲ့ လ ဟု လူသိများပါတယ်။

(၁၃) ဒီမြင်းရဲ့ ပုံနှစ်ပုံဟာ ငါးနှစ်ကွာဟပါတယ်။ အမည်း‌ရောင်နှင့်မွေးလာပင်မဲ့ တဖြည်းဖြည်းမီးခိုးရောင်ပြောင်းလာပါတယ်။