မြင်တွေ့ဖို့ ခဲယဉ်းလှတဲ့ သဘာဝရဲ့ ထူးဆန်းအံ့ဖွယ်ရာများ

သဘာဝတရားကြီးဟာ လှပတယ်ဆိုတာကို သာမန်အားဖြင့် ကျွန်ုပ်တို့ မကြာခဏ မြင်တွေ့ နေကြပါတယ်။ ဒါပေမယ့်လည်းကမ္ဘာပေါ်မှာတော့ အသက်ရှုမှားလောက်အောင်လှပလွန်းတဲ့နေရာတွေများစွာရှိနေပါသေးတယ်။ဒီဆောင်းပါးလေးမှာတော့အံ့ဖွယ်ကောင်းလှတဲ့ သဘာဝရဲ့အလှတရားတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) Blue Lava ဟုခေါ်တဲ့ ဂျာဗားကျွန်းရှိ Kawah Ijen မီးတောင်မှ ဓာတုဓာတ်ပြုခြင်းကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်အပြာရောင်မီးတောက်များ

Credit Photo

(၂) မီးတောင်တွေကထွက်လာတဲ့ ပြာမှုန့်နဲ့မီးခိုးငွေ့များ လျှပ်စီးထနေပုံ

Credit Photo

(၃) Salar de Uyuni သည်ဘိုလီးဗီးယားရှိ ဆားပြင်ကြီးဖြစ်ကာ ရေအနည်းငယ်မြုပ်သွားနဲ့ ကောင်းကင်တစ်ခုလုံးလုံးကို မြင်လိုမျိုးကြည်လင်စွာမြင်နေရပါတယ်။

Credit Photo

(၄) လေထု၏အထက်ပိုင်းတွင် တွေ့ရသော လျှပ်စီးဟာ ကျွန်ုပ်တို့ပုံမုန်မြင်တွေ့နေကြထက် ပိုကြီးပြီး ကြောက်စရာ ပိုကောင်းပါတယ်။

Credit Photo

(၅) Westbrook, Maine ရှိမြစ်တွင် ဖြစ်ပေါ်နေသော ဝိုင်းစက်နေသည့် ရေခဲပြင်တစ်ခု

Credit Photo

(၆) ငှက်များအုပ်စုလိုက်ပျံသန်းခြင်းကို ညည်းညူမြည်တမ်းခြင်းဟုလည်းခေါ်ကြပါတယ်။

Credit Photo

(၇) မက္ကစီကိုနိုင်ငံ ၊ Cenote Angelita ရှိရေအောက်မြစ်။

(၈) ထူထပ်ပြီးထူးခြားတဲ့ ပုံစံနဲ့တိမ်တိုက်ကြီးတစ်ခု။

Credit Photo

(၉) နံနက်ခင်း မြူမိုးတိမ်များကို အလိပ်လိပ်ဖြင့် ဖြစ်ပေါ်စေသော တိမ်ဟာ ရှားပါးတဲ့ မိုးလေဝသဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

Credit Photo

(၁၀) ဒီရေတက်ချိန်တွင် ပင်လယ်အော်မှ ဖြစ်ပေါ်လာသော လှိုင်းများဟာ ဒီရေမြစ်အစွန်း သို့မဟုတ် လက်ရှိအနေထားရဲ့ ဆန့်ကျင်ဘက်ဖြစ်သော ဒီရေရေလှိုင်း ဖြစ်ရပ်ဆန်းတစ်ခုဖြစ်ပါတယ်။

Credit Photo

(၁၁) Wave Rock ဟာဩစတြေးလျရှိ သဘာဝကျောက်တုံးတစ်ခုဖြစ်ပါတယ်။ ၎င်းဟာလှိုင်းများကဲ့သို့ပုံသဏ္ဍာန် ရှိပြီးအမြင့် ၄၉ ပေ (၁၅ မီတာ) ရှိပါတယ်။

(၁၂) Asperitas ဟာ တိမ်တိုက်အဖွဲ့စည်းတစ်မျိုးဖြစ်ပြီး မုန်တိုင်းထန်မည့် နိမိတ်လက္ခဏာများကိုမြင်နိုင်ပါတယ်။ သို့သော်များသောအားဖြင့်မုန်တိုင်းထန်ခြင်းမရှိဘဲ ပျောက်ကွယ်သွားတတ်ကြပါတယ်။

Credit Photo

(၁၃) Fairy စက်ဝိုင်းများဟာ သဲကျောက်များဖြင့် ဖွဲ့စည်းထားပြီး ပုံမှန်အားဖြင့် အချို့အသီးအရွက်စိုက်ထား‌သောနေရာများတွင် ဖြစ်လေ့ရှိကြပါတယ်။

Credit Photo

(၁၄) Alaska ရှိ Mendenhall ရေခဲထုကြီးအောက်ကလှပသောရေခဲဂူကြီး။

Credit Photo