ထူးခြားတဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားကြတဲ့ တိရစ္ဆာန်များ

ထူးခြားတဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားတဲ့စွမ်းအားရှင်များဟာရုပ်ရှင်တွေထဲမှာတင်မဟုတ်ဘဲအပြင်မှာပါရှိနေတယ်ဆိုပါကသင်တို့အနေနဲ့အံ့ဩသွားမလား။ကမ္ဘာပေါ်မှာထိုကဲ့သို့ထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့အရာတွေရှိနေသေးကြောင်းယခုဖော်ပြပေးမယ့်သတ္တဝါတွေကသက်သေပြနေပါတယ်။

(၁)မသေနိုင်တဲ့ ဂျယ်လီငါး

ဂျယ်လီ ငါးများဟာ သူတို့ရဲ့ဘဝကို လွတ်လပ်စွာရေထဲကူးနေသောplanula လို့ခေါ်တဲ့အကြည်စက်ကလေးကနေစတင်ကြပါတယ်။အဲ့ဒီအဆင့်ကနေတဖြေးဖြေးကြီးထွားဖွံဖြိုးလာပြီး ဂျယ်လီငါးအဖြစ် ပြောင်းလဲလာပါတယ်။ အကယ်၍သူတို့ဟာ တိုက်ခိုက်ခံရခြင်း ၊ သဘာဝအန္တာရာယ်ဒဏ်တွေခံရခြင်း နှင့် ဖျားနာခြင်း (သို့မဟုတ်)အိုမင်း လာခြင်းဖြစ်ပေါ်လာပါက polpyလို့ခေါ်တဲ့အဆင့်ကိုပြန်သွားကာ၊ polpyအသစ်ပြန်ဖြစ်လာပြီး မသေဆုံးအောင် နေနိုင်ကြပါတယ်။

(၂)မနာကျင်တတ်‌သော အမွေးပြောင်ကြွက်မျိုးစိတ်

ဒီကြွက်များရဲ့ အရေပြားဟာ နာကျင်မှုတွေကို မခံစားနိုင်သော အာရုံကြောစနစ်ပါရှိတဲ့ နို့တိုက်သတ္တဝါမျိုးဖြစ်ပါတယ်။အရှင်းလင်းဆုံးပြောရမယ်ဆိုပါက နာကျင်မှုမရှိတဲ့ အမွေးပြောင် ကြွက်တစ်မျိုးဖြစ်ပါတယ်။ ဒီကြွက်ဟာ ကင်ဆာကို ခုခံနိုင်စွမ်း အလွန်မြင့်မားသောသတ္တဝါအဖြစ်လူသိများကြပါတယ်။

(၃)Tardigrade

ဒီသတ္တဝါလေးတွေဟာ သဘာဝရဲ့အဆိုးဆုံးအကောင်ဟု သတ်မှတ်ထားပေမဲ့ သူတို့ကို အသေသတ်ဖို့ မဖြစ်နိုင်ပါဘူး။သူတို့ဟာ အလွန်ဆိုးတဲ့အခြေနေမှာတောင်ရှင်သန်နိုင်ကြပါတယ်။၊-458°F (-272°C) to 300°F (150°C) နှင့် ဖိအား 40,000kPa ၊ အလွန်မြင့်မားတဲ့ ဓာတ်ရောင်ခြည်ဒဏ် ၊ အာကာသလေဟာနယ်ထဲမှာတောင် ရှင်သန်နိုင်ကြပါတယ်။နောက် ထူးခြားတဲ့အချက်တစ်ခုကတော့ နှစ်ပေါင်း 30ကျော်လောက် ရေနှင့် အစာမရှိပဲ နေထိုင်အသက်ရှင်နိုင်ပါတယ်။

(၄)အမွှေးထူ ဖား

ဒီဖားရဲ့ ခြေသည်းဟာ အရိုးများကိုကျိုးပဲ့‌ေစနိုင်ပါတယ်။ထိုခြေသည်းကိုနည်းပညာရဲ့လေ့လာမှုတွေအရတော့ ခြေသည်းမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ အရိုးများဖြင့်ဖွဲ့စည်းထားသောကြောင့်ဖြစ်ပြီး ခြေသည်း လက်သည်းနှင့် ဆံပင်တို့လို ထပ်မရှည်နိုင်ပါဘူး။ပုံမှန် အားဖြင့် လက်သည်းတွေဟာ လက်ချောင်းအတွင်းတွင် ဝင်နေကြပါတယ်။ထိုဖားဟာ အန္တရာယ်ရှိနေချိန် (သို့) တိုက်ခိုက်ခံရချိန်တွင်အရေပြားမှတဆင့် ဓားများကဲ့သို့ ချွန်ထက်သော လက်သည်းများထွက်လာပြီး အရိုးတောင်ချိုးပစ်နိုင်ပါတယ်။ Wolverineလိုမျိုးပေါ့။

(၅)Mantisပုစွန်

ဒီပုစွန်မှာ အလွန်အစွမ်းထက်တဲ့ သံရိုက်တူကဲ့သို့ ခြေသည်းများရှိပါတယ် ။ ခြေသည်းချောင်းများဟာ အလွန်ချွန်ထက်ရုံသာမက ရပ်နေရာကနေ 53 mph (23 m/s)အရှိန် နှုန်းဖြင့်ပြေးနိုင်ပါတယ်။ သိပ္ပံပညာရှင်များက ဒီပုစွန်များကို ပလစ်ဘူးထူထူတွေနဲ့ ဖမ်းယူသိုလှောင်ထားရပါတယ် ။ဘာလို့လဲဆိုတော့ အချို့ ကြီးမားတဲ့ပုစွန်မျိုးစိတ်တွေဟာ ဖန်ရေကန်ကို တောင်ဖောက်နိုင်တဲ့ စွမ်းရည်ရှိသောကြောင့်ဖြစ်ပါတယ်။