လေယာဉ်၀န်ထမ်းများပြောပြလေ့မရှိတဲ့ လေယာဉ်ပျံ‌ပေါ်က လျှို့ဝှက်ချက်များ

ထိုလေယာဉ်ပေါ်ကလျှို့ဝှက်တွေကိုတော့ခရီးသွား အတွေ့ကြုံများတဲ့သူအတွက် သာ အံဩဖို့ခဲယဉ်းပေမယ့်အခြားသူတွေအတွက်ကတော့ ထူးခြားချက်အချက်တွေပါဝင်လို့နေပါတယ်။

(၁)အိမ်သာတံခါးဖွင့်တဲ့ခလုတ်

အကယ်၍ သင့်ရဲ့ကလေးဟာ လေယာဉ်ပျံရဲ့ သန့်စင်ခန်းထဲမှာ ပိတ်မိပြီး ပြန်မထွက်နိုင်ဘူးဆိုလျှင် အပြင်ဘက်မှ တံခါးကိုဖွင့်ပေးရန်အတွက် Lavatory စာတံဆိပ်ကိုဖွင့်ပြီး တံခါးဖွင့်ဖို့ ခလုတ်ကို သော့ခတ်တဲ့ ခလုတ်မှ ဖွင့်ရန်ဘက်သို့ပြောင်းပြီးဖွင့်နိုင်ပါတယ်။

(၂)အမဲရောင်တြိဂံ

လေယာဉ်အချို့ပေါ်က အနက်ရောင်တြိဂံအသေးလေးကို သင်သတိထား မြင်တွေ့ဖူးပါလိမ့်မယ်။ Airbus A320 ကပ္ပတိန်ကပြောကြားသည်မှာ အမဲရောင်တြိဂံဟာ တောင်ပံများအကောင်းဆုံးမြင်တွေ့နိုင်သည့် နေရာကို မှတ်သားထားခြင်းဖြစ်ပါတယ်။ အကယ်၍ လေယာဉ်မှူးများဟာ တောင်ပံနှင့် လေယာဉ်အနေထားမမှန်ကန်သည်ကို သံသရရှိလျှင် သေချာစစ်ဆေးမြင်တွေ့ ရန်လိုအပ်သည်အတွက်ကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ ဒီလို ဖြစ်စဉ်ဟာ ရှားပါးတဲ့ကိစ္စရပ်ဖြစ်ပါတယ်။

(၃)A Cooper vane

ဒီပစ္စည်း လေယာဉ်ပျံများတွင် တပ်ဆင်ထွက်ပေါ်လာတဲ့အကြောင်းရင်းမှာ လေယာဉ်ပေါ်တွင် မဖြေရှင်းနိုင်တဲ့ ရာဇ၀တ်မှုတွေကျူးလွန်ခြင်း‌ ကြောင့်ဖြစ်ပါတယ်။ Boeingလေယာဉ်ပျံနှင့် ခရီးသည်ယဉ်များတွင် a cooper vaneများတပ်ဆင်ထားပါတယ်။ လေယာဉ်ပျံသန်းနေစဉ် တစ်ခုခုဖြစ်ပွားပါက ခရီးသည်များရှိရာ လေယာဉ်အလယ်ပိုင်း တံခါးများကို မဖွင့်နိုင်အောင် ပြုလုပ်တဲ့ကိရိယာလည်းဖြစ်ပါတယ်။

(၄)လေအေးပေးစနစ်

သင်လေယာဉ်ပျံအထဲ၌ရှိနေစဉ် အသက်ရှူဖို့ လေကဘယ်နေရာကလာသလဲဆိုတာစဉ်းစားဖူးပါသလား။ဒီလေအတွက်အလုပ်လုပ်ပုံ ကတော့ အင်ဂျင်တာဘိုင်တစ်ခုခြင်းစီကနေ ကွန်ပရက်ဆာ ခန်းထဲသို့ လေများသွင်းပေးလျက်ရှိပါတယ်။ဒီလိုစနစ်မျိုးကြောင့် လေယာဉ်အတွင်း လေထုများဟာ ညစ်ညမ်းနိုင်သည်ဟု ထင်ကောင်းထင်ပါလိမ့်မယ်။ သို့ပေမဲ့ စိုးရိမ်စရာမလိုပါဘူး ၊ လေများကိုစစ်ထုတ်ထားပြီး အအေးခံကာ လေစစ် အထပ်ထပ်တွင် ဖြတ်သန်းရသောကြောင့် ဘက်တီးရီးယား ၉၅%ကိုထိန်းသိမ်းစစ်ယူထားနိုင်ပါတယ်။

(၅)အရေးပေါ်ထွက်ပေါက်ကတံခါးလက်ကိုင်

ဒီလက်ကိုင်ကိုပြုလုပ်ထားတာကတော့ ထိတ်လန့်စရာ အန္တာရာယ်ဖြစ်စဥ်များနှင့် ကြုံလျှင် လေယာဉ်၀န်ထမ်းများအမြန်လွတ်မြောက်အောင်ကူညီပေးနိုင်ရန် အဓိက ထား၍ ပြုလုပ်ထားပါတယ်။ခရီးသည်များအား အချိန်ကြာစွာလေယာဉ်ပေါ်မှ ဆင်းစရာမလိုပဲ အလျင်မြန်ထွက်ပေါက်ကနေထွက်နိုင်အောင်ဖြစ်ပါတယ်။

(၆)လေယာဉ်၀န်ထမ်းများ နားနေသည့်အခန်း

အချို့လေယာဉ်များမှာတော့လေယာဉ်ဝန်ထမ်းများအတွက် ခရီးစဉ်တွင် နားနေနိုင်ရန် လျှို့ဝှက်အခန်းများထားရှိထားပါတယ်။ဒီနားနေခန်းများဟာ တကယ်တော့အရမ်းကြီးသက်တောင့်သက်သာတော့မရှိလှပါဘူး။ထိုအခန်းထဲကို လေးဘက်ထောက် ဝပ်မှ ဝင်နိုင်ပြီး အချိန်အနည်းငယ်သာ အနားယူလှဲလျောင်းနိုင်ပါတယ်။