
(၁) တိရစ္ဆာန်များဟာရှည်လျားလွန်းတဲ့ခရီးအဝေးကြီးကိုမပြေးနိုင်ကြပါဘူး။

တိရိစ္ဆာန်အများစုဟာခြေလေးချောင်းရှိတဲ့သတ္တဝါ တွေဖြစ်တာကြောင့်လူ တွေထက်ကိုလျင်မြန်စွာပြေးနိုင်ကြပါတယ်။ ဒါပေမယ့် ဝေးလံတဲ့ ခရီးအကွာအဝေးကိုသွားတဲ့အခါ မှာတော့လူသားများဟာ တိရစ္ဆာန်တိုင်း တွေထက်ကို ပိုပြီးသာလွန်စွာသွားနိုင်ကြပါတယ်။ လူသားများဟာ ပြေးသည့်အခါတွင် ချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်ကို အအေးခံကြပါတယ်။ခရီးအဝေးကြီးကိုပြေးတဲ့အခါမျိုးမှာတော့ လူသားများဟာ ခန္ဓာကိုယ်အပူချိန်မတက်ပဲ ရှိကြပြီး တစ်ခြားတိရစ္ဆာန်များက တော့ အကွာအဝေးများလာသောအခါမှာ ကိုယ်ခန္ဓာအပူမြှင့်တက်လာပြီးအနားယူ ဖို့လိုအပ်လာကြပါတယ်။
(2)ပင်လယ်ရေနဂါးအထီးများဟာကိုယ်ဝန်ဆောင်နိုင်ကြပါတယ်။
ပင်လယ်ရေနဂါးများဟာတစ်ပုံစံတည်းနေအောင်နေတတ်ကြတဲ့သတ္တဝါတွေဖြစ်ကြပါတယ်။ မျိုးပွားကြသောအခါ ရေနဂါးအထီးများဟာ မျိုးဥ များကို မွေးဖွားတဲ့အထိကိုယ်ဝန်ဆောင်ထားတတ်ကြပါတယ်။ ရေနဂါးများဟာ ပင်လယ်ထဲရေကူးနေစဉ်အတွင်း တစ်ခြားတစ်ကောင် ရဲ့အမြှီးကိုချိတ်ကာ လူများကမ်းခြေတွင်လက်တွဲကာလမ်း လျှောက်သကဲ့သို့ စွဲကိုင်ထားတတ်ကြပါတယ်။
(3)ခြင်္သေ့ အမများဟာအမြဲအတူတကွနေထိုင်ကြပါတယ်။

ခြင်္သေ့ညီအမ များဟာ သူတို့ရဲ့ဘဝသက်တမ်းတစ်လျောက်လုံးကိုအမြဲ အတူတကွနေထိုင်ကြပါတယ်။ သူတို့ရဲ့မွေးခါစ ခြင်္သေ့ပေါက်များဟာ အမေနှင့်အဒေါ်တို့ နဲ့အတူနေရပြီး ခြင်္သေ့ထီးများကတော့ သူတို့တွက် နေရာသစ်တွေကို ဩဇာအာဏာနှင့် လိုက်လံ ရှာဖွေ အမဲလိုက်နေကြပါတယ်။
(4)မုတ်ကောင်များဟာ ကျား/မ (လိင်)ကိုပြောင်းလဲနိုင်ကြပါတယ်။
မိတ်လိုက်ရာသီကာလတွင် မည်သို့နေခြင်းကအသုံးဝင်ဆုံးလဲဆိုတာပေါ်မူတည်ပြီး မုတ်ကောင်များဟာ အထီး ၊ အမ လိင် ပြောင်းလဲကြပါတယ်။
(5) လူ့ဂီတနှင့်တူတဲ့ ဝေလငါးတွေရဲ့အသံပြုသံ

ဝေလငါးများနေထိုင်ကျက်စားသည့်နေရာများတွင် သူတို့ဟာ တစ်ခုခုကို သတိပြုမိသည့်အခါ မျိုးမှာတူညီတဲ့ အသံကို အော်ကြပါတယ်။ သူတို့ရဲ့သီချင်းသံဟာရိုးရိုးရှင်းရှင်းပေါ့ပါးကြပြီး လူတွေရဲ့သီချင်းသံတွေပျံ့နှံသလို တစ်ခြား နေရာသို့ အသံလှိုင်းများရောက်သွားသောအခါ နားထောင်သင်ယူပြီး လိုက်အော်တတ်ကြပါတယ်။
(6)ဖျံတွေဟာ ရေသူမအသွင်ကိုအတုယူတတ်ကြပါတယ်

ဖျံများသည် ပင်လယ်ရေမျက်နှာပြင်တွင် အစာရှာစားသောက်သည့်အခါ သူတို့ရဲ့ခေါင်းပေါ်ကို ရေညှိ ၊ ရေမော်များဖြင့် ကပ်မိပြီး ဆံပင်အရှည်ကြီးလိုပုံစံဖြစ်သွားတတ်ကြပါတယ်။ ဆံပင်အရှည်နဲ့အမြှီးကိုတွဲမိသောအခါ သင်္ဘောသားတော်တော်များများ ဟာ ရေသူမကို မြင်သည်ဟု ထင်တတ်ကြပါတယ်။
(7) နွားတွေမှာအကောင်းဆုံးသူငယ်ချင်းတွေရှိကြပါတယ်

လေ့လာမူများအရ နွားများဟာ ပေါင်းသင်းဆက်ဆံရေးကောင်းကြပါတယ်။ သူတို့ရဲ့နွားအုပ်စုထဲတွင် တစ်ကောင်နှင့်တစ်ကောင်လည်းဦးစားပေးတတ်ကြပါတယ်။အကယ်၍ သူတို့ဟာသူငယ်ချင်းနှင့်ခွဲခွာရပါက စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုများဖြစ်လာတတ်ကြပါတယ်။