
လူတော်တော်များများဟာသူတို့ရဲ့လုပ်ငန်းခွင်တွေထဲမှာ ကျေနပ်ရောင့်ရဲမှုမရှိခြင်းနှင့် ငြီးငွေ့ပျင်းစရာကောင်းခြင်းတွေကို ကြုံတွေ့နေကြရပါတယ်။ဒါပေမယ့်လည်းကမ္ဘာကြီးပေါ်မှာတော့ငြီးငွေ့စရာအချိန်မရှိလောက်အောင် ထူးခြားလှတဲ့အလုပ်အကိုင်တွေရှိလို့နေပြန်ပါတယ်။
(၁)အင်းဆက်စားသောက်စမ်းသပ်သူ
Fear Factor လိုမျိုးရှိုးပွဲတွေမှာတော့ အသက်ရှင်နေတဲ့အင်းဆက်တွေကိုစားသောက်ပြီးယှဉ်ပြိုင်ကြတာကိုတွေ့ဖူးကြမယ်ထင်ပါတယ်။ထိုရှိုးပွဲတွေအတွက် ရွံရှာဖွယ်ကောင်းတဲ့ထိုအစာကို စားဖို့ သင့်တော်ရဲ့လားဆိုတာကို သိစေဖို့ ကုမ္မဏီဘက်မှစမ်းသပ်သူများကို ငှားရမ်းကာစားသောက်ခိုင်းတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။သူတို့မှလွဲပြီး အခြားမည်သူကိုမှ ထိခိုက်မှုမရှိစေဖို့ သေချာစေရန်အတွက် ဒီကြောက်မက်ဖွယ်ကောင်းတဲ့အစားစာများကိုကြိုးစား စားသောက်ကာစမ်းသပ်ပေးရပါတယ်။သူတို့ရဲ့စွန့်စားမှုအခြေအနေအပေါ်ကိုမူတည်ပြီးတော့ ကုမ္ပဏီတွေကလစာကိုမြင့်မားစွာပေးဆောင်ကြပါတယ်။
(၂)တီကောင်ရှာဖွေသူ
ဒီရိုးရှင်းတဲ့အလုပ်ဟာ အိမ်အပြင်ဘက်တွင်နေထိုင်ရတာကို မြတ်နိုးတဲ့သူတွေအတွက် သင့်တော်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ငါးမျှားဖို့သွားတဲ့သူတွေဟာ ငါးစာအတွက် တီကောင်များကို ဆိုင်တော်တော်များများမှာဝယ်ယူကြပါတယ်။ထိုကဲ့သို့တီကောင်များကိုဆိုင်တွေမှာအဆင့်သင့်ရောင်းချနိုင်စေဖို့အတွက် Worm pickerလို့ခေါ်တဲ့ တီကောင်လိုက်ရှာသူတွေဟာ ညမှောင်လာတဲ့အခါ(ဥယျာဉ် ၊ ပန်းခြံ နှင့် ဂေါက်ကွင်း စသဖြင့်)မြက်ခင်းလွင်ပြင်ရှိတဲ့နေရာများထဲရှိ မြေကြီးထဲမှ ပိုးကောင်တီကောင်များကိုလိုက်လံကောက်ယူကြပါတယ်။
(၃)ခန္ဓာကိုယ်သီးသန့်မော်ဒယ်
ဒီအလုပ်မှာ အောင်မြင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်ဖို့ ရုပ်ချောနေဖို့မလိုအပ်ဘဲ ကိုယ်ခန္ဓာလှနေဖို့ပဲလိုအပ်ပါတယ်။ သင့်မှာ ဆွဲဆောင်မှုရှိတဲ့လက်ရယ် ၊ လှပတဲ့ခြေထောက်တစ်စုံရယ်ရှိပါက ဒီအလုပ်က သင့်ကိုစောင့်ကြိုနေပါတယ်။ထို့အပြင်တစ်ချို့ထုတ်ကုန်များဟာ ကြော်ဌာများအတွက်ကြည့်ရဆိုးတဲ့ ခြေထောက်နှင့်လက်များကိုလည်းလိုက်လံရှာဖွေတတ်ပါသေးတယ်။အောင်မြင်တဲ့ ခန္ဓာကိုယ်မော်ဒယ်များဟာ ဝင်ငွေကောင်းကောင်းလည်းရရှိကြပါတယ်။
(၄)ရေလွှာလျှောစမ်းသပ်သူ
ရေကစားကွင်းကိုရောက်တဲ့အခါ ကလေးများဟာ အားကုန်ဆော့ကြဖို့အတွက် သင့်အနေနဲ့ စိတ်ချစွာ လွှတ်ထားနိုင်ဖို့ကိုအန္တာရာယ်မရှိတဲ့ရေလွှာလျှောတွေရှိတဲ့ကစားကွင်းမျိုးတွေကိုပိုနှစ်သက်ကြပါတယ်။ကောင်းမွန်ပြည့်စုံတဲ့ ရေကစားကွင်းတစ်ခုဟာ ကလေးတွေအတွက် ပျော်စရာဖြစ်ပြီး လူကြီးတွေအတွက် လုံခြုံစိတ်ချမှုရရှိဖို့လည်းလိုအပ်ပါတယ်။
ရေလွှာလျှောစမ်းသပ်သူတစ် ဦး ရဲ့တာဝန်ဟာ ရေဘယ်လောက်လိုအပ်လည်းဆိုတာကို သိရှိဖို့အတွက် လျှော်ထိုးဆင်းခြင်းများစွာကိုအကြိမ်ကြိမ်ပြုလုပ်ရပါတယ်။ဘယ်လောက်မြန်မြန်အောက်ခြေကိုရောက်နိုင်တယ်၊ ဘယ်လောက်လုံခြုံပြီးပျော်စရာကောင်းလဲဆိုတာစမ်းသပ်ကြည့်ရတာပဲဖြစ်ပါတယ်။ တကယ်ခက်ခဲတဲ့အလုပ်တစ်ခုဆိုရင်လည်းမမှားပါဘူး။
(၅)တန်းစီစောင့်ပေးတဲ့အလုပ်
အကယ်၍သင်ဟာ တန်းစီစောင့်ရတာကို မကြိုက်တဲ့လူတစ်ဦးဆိုရင်တော့ဖြေရှင်းနိုင်မယ့်နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ဒါကတော့ သင့်အတွက် တန်းစီပေးမဲ့ ပရော်ဖက်ရှင်နယ်line Standerတစ်ယောက်ကိုငှားရမ်းလိုက်ရုံပါဘဲ။ကုန်ပစ္စည်းအသစ်တစ်ခုကို စတင်ရောင်းချတဲ့အခါမျိုးတွေမှာ(ဥပမာ I phone အသစ်)တစ်ခါတစ်ရံ ၁၉နာရီနီးပါးတန်းစီစောင့်ဆိုင်းရပါတယ်။ ဒီအလုပ်ဟာ လစာကောင်းမွန်စွာရပေမဲ့ ခက်ခဲပင်ပန်းပြီး ပျင်းစရာကောင်းတဲ့အလုပ်တစ်ခုလည်းဖြစ်ပါတယ်။
(၆)မျက်နှာအထိအတွေ့ခံစားသူ
မျက်နှာအထိအတွေ့ခံစားသူ များဟာ အရေပြားထိန်းသိမ်းတဲ့ပစ္စည်းများထုတ်
တဲ့ ကုမ္ပဏီများအတွက်အလုပ်လုပ်ကြပါတယ်။သူတို့ဟာ ထုတ်ကုန်အသစ်ကို အသုံးပြုနေတဲ့သူတွေရဲ့ မျက်နှာ မှာတိုးတက်မှု ရှိမရှိဆိုတာကိုကိုအရင်ဆုံး ထိတွေ့ခံစားပေးရပါတယ်။ ဒီအလုပ်ဟာ မျက်နှာပေါ်မှာဘယ်လိုကွဲပြားခြားနားသွားလဲဆိုတာကို သိရှိနိုင်ဖို့အတွက်ကတော့ စွမ်းရည်နှင့် ဗဟုသုတရှိဖို့လိုအပ်ပါတယ်။သင်မျက်နှာကိုထိေတွ့ ခံစားမှုအတွေ့အကြုံအပေါ် အခြေခံပြီး ကုမ္ပဏီတွေဟာ ထုတ်ကုန်အချို့ကိုအတည်ပြုရန်သို့မဟုတ်ငြင်းပယ်ရန်မှာကြီးမားတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရတာကြောင့် တာဝန်ကြီးတဲ့အလုပ်တစ်ခုလည်းဖြစ်ပါတယ်။