
လူတော်တော်များများဟာ ရာစုနှစ်များစွာတိုင်အောင် ရွှေကို ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရာတစ်ခုအဖြစ်ယုံကြည်နေကြပါတယ်။အမှန်တကယ်တော့ကမ္ဘာပေါ်မှာရွှေထက်ကိုတန်ဖိုးကြီးလှတဲ့ ရုပ်ဝတ္ထုပစ္စည်းများစွာကျန်ရှိနေပါသေးတယ်။ထိုပစ္စည်းတွေကဘာတွေများဖြစ်နေမလဲဆိုတာကိုသိနိုင်ဖို့ အောက်မှာဖော်ပြထားတဲ့အကြောင်းအရာလေးတွေကိုဆက်လက်ဖတ်ရှုကြည့်လိုက်ရအောင်။
(၁)ကျောက်စိမ်းတုံးကြီး (ဒေါ်လာ သန်း၁၇၀)
ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးကိုတော့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ကျောက်တွင်းထဲကနေတူးဖော် တွေ့ရှိခဲ့ပါတယ်။ထိုကျောက်စိမ်းတုံးကြီးဟာ အမြင့်၁၄ပေ နှင့် ၁၉ပေရှိပြီး အလေးချိန်မှာ ပေါင် ၂၀၀ခန့်ရှိပါတယ်။ ထိုလှပပြီး အရည်သွေးမြင့်သော ကျောက်စိမ်းတုံးကြီးကိုတော့ တရုတ်နိုင်ငံသို့ပို့ဆောင်ပြီး တန်ဖိုးကြီးသည့် ရတနာများနှင့်ပေါင်းစပ်ခြင်း ၊ ပန်းပုထုခြင်း ဖြင့် တန်ဖိုးပိုမြှင့်လာအောင်လုပ်ဆောင်ခဲ့ကြပါတယ်။
(၂)Californium (ဒေါ်လာ ၂၅-၂၇သန်း / ၁ ဂရမ်)
Californiumဟာတန်ဖိုးအရှိဆုံး ဓာတုဒြပ်စင်တစ်ခုလည်းဖြစ်ပါတယ် ။ သူ့ကိုတော့၁၉၅၀ခုနှစ်တွင်တွေ့ရှိခဲ့ပြီး တစ်ကြိမ်သာပြုလုပ်ခဲ့ကြပါတယ်။
(၃)စိန် (ဒေါ်လာ ၅၅၀၀၀/ ၁ ဂရမ်)
စိန်ဟာကမ္ဘာပေါ်တွင် တန်ဖိုးတဲ့အကျော်ကြားဆုံးကျောက်တစ်ခုဖြစ်ပြီး မိန်းကလေးများ အလွန်နှစ်သက်ကြပါတယ်။
(၄)Tritium (ဒေါ်လာ ၃၀၀၀၀/၁ ဂရမ်)
Tritiumဓာတ်ငွေ့ကိုတော့ အလင်းရောင်ထွက်စေဖို့အသုံးပြုပါတယ်။ဥပမာတစ်ခုကိုပြရမယ်ဆိုရင်တော့ tritium illuminationဘဲဖြစ်ပါတယ်။ Tritium တစ်ပေါင်ကို ထုတ်လုပ်နိုင်ဖို့အတွက်ကိုတော့ ဒေါ်လာ ၁၅ သန်းခန့်ကုန်ကျနိုင်ပါတယ်။
(၅)Taaffeite (ဒေါ်လာ ၂၀၀၀၀ / ၁ ဂရမ်၊ဒေါ်လာ ၄၀၀၀/၁ကရက်)
Taaffeiteဟာ ပန်းရောင် ၊ အနီရောင် နှင့် အဖြူရောင် ရောနှောနေသော အဖိုးတန်ကျောက်တစ်ခုလည်းဖြစ်ပါတယ်။ ၎င်းဟာစိန်ထက်အဆသန်းတစ်ရာလောက် ပိုမိုရှားပါး ပြီး ရှေး ဒဏ္ဍာရီဆန်တဲ့ကျောက်တစ်မျိုးလည်းဖြစ်ပါတယ်။Taaffeiteဟာ ထူးခြားမှုအလွန်ရှိသော်လည်း လက်၀တ်ရတနာအဖြစ် လူကြိုက်များခြင်းမရှိပါဘူး ။အတော်အတန်ရှိပြီးဈေးသိပ်မကြီးတဲ့ အကြောင်းရင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။
(၆)Painite (ဒေါ်လာ ၉၀၀၀/၁ ဂရမ်)
ဒီကျောက်ဟာ အလွန်ရှားပါးသောကြောင့် လူအနည်းငယ်သာ ဒီကျောက်ရှိတာကို သိကြပါတယ်။၎င်းဟာ လိမ္မော်ရောင် သို့မဟုတ် နီညိုရောင်ရှိသောဓာတ်သတ္တု ဖြစ်ပြီးလွန်ခဲ့သော ၆၅ နှစ်ကမှရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ထိုကျောက်ဟာ ကမ္ဘာပေါ်မှာ အလုံး ၁၀၀ခန့်သာရှိပါတော့တယ်။
(၇)ပလူတိုနီယမ် (ဒေါ်လာ ၄၀၀၀ / ၁ ဂရမ်)
ပလူတိုနီယမ်ဟာ ပျက်စီးလွယ်သော ငွေအဖြူရောင်ရှိတဲ့ ရေဒီယိုသတ္တိကြွသတ္တုတစ်မျိုးဖြစ်ပါတယ်။၎င်းကိုတော့ နျူကလီးယားလက်နက်များနှင့်အာကာသယာဥ် လောင်စာ စွမ်းအင်အရင်းအမြစ်ထုတ်လုပ်မှုအတွက်အသုံးပြုကြပါတယ်။
(၈)LSD (ဒေါ်လာ ၃၀၀၀/ ၁ ဂရမ်)
LSD ဟာ အလွန်ဈေးကြီးပြီးဖြေးဖြေးခြင်းသေစေနိုင်သောစိတ်ပိုင်းဆိုင်ရာမူးယစ်ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။
ဒီမူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုတဲ့ပစ္စည်း ကုန်ကျစရိတ်ကိုရှင်းပြရန်အတော်လေးခက်ခဲလှပါတယ်။