သမုဒ္ဒရာထဲသို့နှာခေါင်းစည်း ၁.၅ဘီလီယံကျော်လောက်ဝင်ရောက်လာသောကြောင့်ရေနေသတ္တဝါများအတွက်စိုးရိမ်နေရ

ဟာဝိုင်ယီအခြေစိုက် ပင်လယ်ထိန်းသိမ်းရေးအဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ OceansAsia မှ ယခုနှစ်ပိုင်းတွင် ခန့်မှန်းချေအားဖြင့် တစ်ခါသုံး နှာ‌ခေါင်းစည်းပေါင်း ၁.၅ ဘီလီယံ ခန့် ပင်လယ်ထဲကို ၀င်ရောက်လာလိမ့်မည်ဟု ပြောကြားခဲ့ပါတယ်။တစ်ကြိမ်သုံးနှာခေါင်းစည်းများဟာ ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ် ညစ်ညမ်းမှုကိုတိုးပွားစေနိုင်တဲ့ ပြသာနာတစ်ရပ်ဖြစ်နေပါတယ်။
ယခုကာလတွင်ဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ(Covid – 19)ကို ကာကွယ်ခြင်းနှင့်ပတ်သက်၍ နှာခေါင်းစည်းတပ်ခြင်းဟာလည်း မဖြစ်မနေလိုအပ်သည့် အရာတစ်ခုဖြစ်လို့နေပြန်ပါတယ်။စိတ်မကောင်းဖြစ်စရာတစ်ခုကတော့ အသုံးပြုပြီးသားစွန့်ပစ် နှာခေါင်းစည်းများဟာ ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်တွင် စုပုံသောင်တင်နေကြတယ်ဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။

ကမ္ဘာ့ရေပြင် အဏ္ဏဝါထိန်းသိမ်းရေးအဖွဲ့အစည်း OceansAsia ရဲ့အဆိုအရ ယခုနှစ်တွင် ကမ္ဘာအနှံ့မှာနှာ‌ခေါင်းစည်း ပေါင်း ၅၂ ဘီလီယံခန့်ထုတ်လုပ်ခဲ့ပြီး ၎င်းတို့အနက်ခန့်မှန်းခြေအားဖြင့် ၁.၅ ဘီလီယံ လောက်ဟာ သမုဒ္ဒရာထဲကို ၀င်ရောက်နေနိုင်တယ်လို့ဆိုပါတယ်။
“Covid-19ကြောင့် ကမ်းခြေပေါ်တွင်တွေ့ရတဲ့ နှာခေါင်းစည်းများဟာ သမုဒ္ဒရာရေပြင်တွင် ပလတ်စတစ် ညစ်ညမ်းခြင်းအပေါ်သက်ရောက်မှု” ဟူသောခေါင်းစဉ်ဖြင့် OceansAsia ၏ သုတေသနဒါရိုက်တာ နှင့် အစီရင်ခံစာရေးသားသူဒေါက်တာ Teale Phelps Bondaroff ကပြောကြားတာကတော့”၁.၅၆ ဘီလီယံခန့် ရှိသောနှာခေါင်းစည်း များဟာ ၂၀၂၀ ပြည့်နှစ်တွင် ကျွန်ုပ်တို့၏သမုဒ္ဒရာအတွင်းသို့ ၀င်ရောက်နေနိုင်ဖွယ်ရှိပါတယ်။

နှာခေါင်းစည်း မက်ထရစ်တန်ချိန် ၄၆၈၀ မှ ၆၂၄၀ ခန့် အပိုင်းစ အသေးလေးတွေဟာ ပလတ်စတစ် မက်ထရစ်တန်ချိန် ၈သန်း မှ ၁၂သန်း ကဲ့သို့ နှစ်တိုင်း သမုဒ္ဒရာထဲသို့ ဝင်ရောက်သလိုဖြစ်နေပါတယ်။နှာခေါင်းစည်းများ ဆွေးမြေ့ပျက်စီးစေဖို့အတွက်ဆိုလျှင် နှစ်ပေါင်း ၄၅၀ အထိကြာမြင့်စွာလိုအပ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်ုပ်တို့ဟာ အချိန်အတော်ကြာ နှာခေါင်းစည်းကို အသုံးပြုဖြစ်ပါက သမုဒ္ဒရာရေပြင်အတွက် ဆိုးဝါးစေမယ့်အရာတစ်ခုဖြစ်လာမယ်ဆိုတာအသေအချာပါဘဲ”လို့ပြောကြားခဲ့ပါတယ်။OceansAsia မှ စစ်ဆင်ရေးဒါရိုက်တာ Gary Stokes ကဆက်လက်ပြောကြားခဲ့တာကတော့”သမုဒ္ဒရာရေထဲတွင် ပလတ်စတစ်ညစ်ညမ်းမှုဟာ ကျွန်ုပ်တို့ရဲ့ သမုဒ္ဒရာကို အကြီးအကျယ်ပျက်စီးစေနိုင်ပါတယ်။


ပလတ်စတစ် ညစ်ညမ်းမှုကြောင့် ခန့်မှန်းချေ ၁သိန်းခန့်လောက်ရှိသော ရေနေနို့တိုက်သတ္တဝါနှင့်လိပ်များ ၊ ပင်လယ်ရေငှက် တစ်သန်းကျော် ၊ မြောက်မြားစွာသော ငါးများ ၊ ကျောရိုးမဲ့သတ္တဝါ နှင့် တခြားတိရစ္ဆာန် များစွာကို နှစ်စဉ် သေစေနိုင်ပါတယ်။အဲ့လိုအဖြစ်ပျက်ကြောင့် ငါးဖမ်းလုပ်ငန်းများ ၊ ခရီးသွားလုပ်ငန်းများ နှင့် ကမ္ဘာ့ စီးပွားရေးများအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၃ဘီလီယံခန့်ကုန်ကျ ဆုံးရူံးစေနိုင်ပါတယ်။ဒါကြောင့်မလို့ တစ်ခါသုံး နှာခေါင်းစည်းများကို လျော့ချသုံးဖို့ ကျွန်ုပ်တို့ လုပ်ဆောင်ရန်အလွန်အရေးကြီးပါတယ်။ ကျွန်ုပ်တို့ တစ်ဦးခြင်းစီတိုင်းတွင် တာ၀န်ရှိပြီး သတိထားသင့်ပါတယ်။

တခါသုံး နှာခေါင်းစည်းအစား ပြန်လည်အသုံးပြုနိုင်ပြီး သဘာ၀ပတ်၀န်းကျင်ကို မထိခိုက်သော အ၀တ်နှာခေါင်းစည်းများကို ပိုပြီးအသုံးပြုသင့်ပါတယ်။ကျေးဇူးပြုပြီး မလိုအပ်ပါက တစ်ခါသုံးနှာခေါင်းစည်းများကိုအသုံးမပြုပဲ ပြန်လည်အသုံးပြုနိုင်တဲ့ နှာခေါင်းစည်းများကိုသာ အသုံးပြု၀တ်ဆင်ကြပါ”ဆိုပြီးတိုက်တွန်းပြောဆိုထားပါတယ်။