ပါးစပ်ထဲရှိမကောင်းတဲ့ဘတ်တီးရီးယားတွေနဲ့ခံတွင်းရနံဆိုးတွေကိုဖယ်ရှားနိုင်မယ့်နည်းလမ်းကောင်းများ

ကမ္ဘာ့စစ်တမ်းတစ်ခုအရ တစ်နေ့တာကာလတွင် ကမ္ဘာ့လူဦးရေ ၃၅%နှင့် ၄၅%ကြားလောက်ဟာတစ်နေ့မှာ တစ်ကြိမ်အသက်ရှုရတာအနံ့အသက်ဆိုး ခြင်းများကိုခံစားနေရပါတယ်။ အမေရိကန်နိုင်ငံကလူများဟာ ပါးစပ်သန့်ရှင်းပစ္စည်းများအတွက် ဒေါ်လာ ၁၀ဘီလီယံ ခန့် (eg- ပူရှိန်း ၊ ခံတွင်းသန့်ဆေး၊ သွားတိုက်ဆေး ၊ အစရှိသဖြင့်) တို့ကို နှစ်စဉ်နှစ်တိုင်းအသုံးပြုကာ မကောင်းတဲ့ ခံတွင်းနံ့ဆိုးများကို ကာကွယ်ဖို့ပြုလုပ်ကြပါတယ်။

(၁)သဘာ၀ခံတွင်းဆေးကြောခြင်းနှင့် ခံတွင်းကိုဆေးကြောသန့်စင်ပါ။

ပူရှိန်းရွက်များဟာ ခံတွင်းနံဆိုးခြင်းကိုတိုက်ဖျက်ပေးနိုင်ပြီး သင့်ရဲ့ခံတွင်းကို လန်းဆန်းစေပါတယ်။
ပါးစပ်ရဲ့အနံ့သက်ဆိုးများကိုတိုက်ထုတ်ရာတွင် ကောင်းသော လေးညှင်းပွင့် ၊လေးညင်းစေ့ ၊ စမုန်စပါးတို့ကိုအသုံးပြုသင့်ပါတယ်။
မုန့်ဖုတ်ဆိုဒါဟာလည်း အလွယ်တကူရရှိနိုင်သော အခြား သဘာ၀ခံတွင်း ဆေးရည်ဖြစ်ပါတယ်။
လက်ဖက်ရည်ဇွန်းတစ်ဇွန်းလောက်ကို ရေခွက်ထဲမှာ ဖျော်ပြီးပလုတ်ကျင်းပါကခံတွင်းနံဆိုးကိုကာကွယ်နိုင်ပါတယ်။ နောက်ထပ်တစ်နည်းကတော့ စိုနေတဲ့သွားတိုက်တံကို မုန့်ဖုတ်ဆိုဒါပျော်ရည်တွင် နှစ်ပြီး သင့်ရဲ့သွားများကို သန့်ရှင်းဆေးကြောနိုင်ပါတယ်။

(၂)အနည်းဆုံးရေ၂လီတာကို နေ့စဉ်သောက်သုံးပါ

ရေဓာတ်ဖြည့်တင်းခြင်းသည် ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရရှိ‌စေပြီး ခံတွင်းနံသန့်ရှင်း‌ေစတဲ့ နည်းတစ်ခုလည်းဖြစ်ပါတယ်။ထို့အပြင်တံတွေးဟာ ဘက်တီးရီးယားများ ကြီးထွားမှုကိုကာကွယ်ပေးနိုင်တာကြောင့် တံတွေးဂလင်းများ ထိရောက်စွာ အလုပ်လုပ်နိုင်ရန်အတွက် ရေဓာတ်ကို လိုအပ်ပါတယ်။ တံထွေးနံ့ဆိုးခြင်း နှင့်ပါးစပ်အစိုဓာတ်များခြင်းကြောင့်ခံတွင်းနံ့ဆိုးပြီး ဘက်တီးရီးယားများကြီးထွားခြင်းကို ရေသောက်ခြင်းဖြင့်လည်းအဓိက ကာကွယ်နိုင်ပါတယ်။ညဘက်အိပ်ချိန်တွင် အချိုဓာတ်များကိုရှောင်ကြဉ်ခြင်းဖြင့် လည်းအိပ်နေစဉ်အတွင်း ဘက်တီးရီးယားတိုးပွားခြင်းမဖြစ်စေအောင်လည်း အထောက်ကူပြုပေးပါတယ်။

(၃)သင်ဘာစားမိလဲဆိုတာ ဂရုစိုက်ပါ။


အချို့အစားအစာများဟာ ခံတွင်းရနံ့ဆိုးခြင်းများဖြစ်တတ်‌ပြီး သင့်ပါးစပ်အနံ့ကို သန့်ရှင်းလတ်ဆတ်‌ေစချင်ပါက ထိုအရာများကိုရှောင်ကြဉ်တာအကောင်းဆုံးပါပဲ။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီများဟာ အနံပြင်းတတ်ကြသောကြောင့် ခံတွင်းနံဆိုးစေပါတယ်။ဒါပေမဲ့ လေ့လာတွေ့ရှိချက်များအရ ကြက်သွန်နီကိုအတော်သင့်စားသုံးခြင်းဟာ သွားပျက်စီးယိုယွင်းခြင်းနှင့် သွားဖုံးရောဂါဖြစ်စေနိုင်သော ဘက်တီးရီးယား ပိုးမွှားလေးမျိုးကို သေစေနိုင်ပါတယ်။ထို့အပြင် fructose သို့မဟုတ်အက်ဆစ်ဓာတ်မြင့်မားသောအစာများဟာဘက်တီးရီးယားကြီးထွားမှုကိုအားပေးသောကြောင့်ရှောင်ကြဉ်ပါသင့်ပါတယ်။

(၄)လျှာကိုပွတ်တိုက်ပါ

အနံ့ရှိသော ဘတ်တီးရီးယားပိုးများကို ပေါက်ဖွား‌စေနိုင်သောနေရာသည် လျှာဖြစ်ပါတယ်။ထို့ကြောင့် သွားတိုက်ပြီးသောအခါတွင် ဘတ်တီးရီးယားပိုးများမပေါက်ဖွားနိုင်အောင် ထိုသွားတိုက်တံကို အသုံးပြု၍ လည်းလျှာကိုပွတ်တိုက်နိုင်ပါတယ်။ဒါမှမဟုတ် လျှာခြစ်တဲ့အတံလေးကို အသုံးပြု၍လည်း တိုက်နိုင်ပါတယ်။

(၅)တစ်နေ့နှစ်ကြိမ်သွားတိုက်ပြီး တစ်နေ့တစ်ကြိမ် ချည်မျှင်ဖြင့်တိုက်ပါ


တစ်နေ့နှစ်ကြိမ် ခန့် ၊တစ်ကြိမ်ကို ၂မိနစ်ခန့် သွားတိုက်၍ တစ်နေ့တစ်ကြိမ်ခန့် ချည်မျှင်ဖြင့်တိုက်ပါ။လေ့လာတွေ့ရှိချက်တစ်ခုအရ ၅၅%ကျော်သော အမျိုးသမီးများသာ တစ်နေ့နှစ်ကြိမ် သွားတိုက်ကြပြီး အမျိုးသားများ၏ရာခိုင်နှုန်းကတော့ ၄၉%ထက် လျော့နည်းနေကြောင်းသိရှိရပါတယ်။သွားတိုက်ခြင်းနှင့် ချည်မျှင်ဖြင့်တိုက်ခြင်းများသည် ပါးစပ်အတွင်းရှိ ကြွင်းကျန်နေသော အစားအစာများနှင့် အနံ့ဖြစ်စေသော ဘတ်တီးရီးယားများ ကိုဖယ်ရှားပေးနိုင်ပါတယ်။

(၆)သင်၏သွားဖုံးကို ကျန်းမာအောင်ထားပါ။

ဘတ်တီးရီးယားများသည် သွား၏အောက်ခြေတွင်ရှိသော အိတ်များ (သွားဖုံးများ)တွင်စုနေတတ်ပြီး သွားများအနံ့အသက်ဆိုးစေခြင်းကိုဖြစ်ပေါ်စေပါတယ်။ထို့ကြောင့်သင်၏သွားဖုံးကို ကျန်းမာစေရန်အတွက်
ဖလိုရိုက် ပါသော သွားတိုက်ဆေးများကို ရွေးချယ်သင့်ပါတယ်။ထို့အပြင်ဆေးလိပ်သောက်ခြင်းသည် ကိုယ်ခံစွမ်းအားကိုလျော့နည်းစေပြီး သွားဖုံးနှင့်ဆက်စပ်သော ပြဿနာများကိုလည်းဖြစ်ပေါ်စေပါတယ်။

(၇)အသီးအခွံကိုဝါးပေးပါ

ပါးစပ်ထဲသို့အစာမဝါးခင်သံပုရာသီးသို့မဟုတ်လိမ္မော်သီးကဲ့သို့အသီးတစ်မျိုး၏အခွံကိုဝါးပေးပါ။ထိုကဲ့သို့ ဝါးပေးခြင်းဖြင့် သင်၏ခံတွင်းကို လန်းဆန်းစေရုံသာမက
citric အက်ဆစ်ပါသော ကြောင့်တံတွေးဂလင်းများကိုပါးစပ်မှသဘာဝအတိုင်းကာကွယ်ပေးပြီး သွားယိုယွင်းစေသော အက်ဆစ်‌များကို လည်းတားဆီးပေးပါတယ်။