ကမ္ဘာပေါ်ရှိဈေးအကြီးဆုံးခွေးမျိုးစိတ်(၅)မျိုး

လူတွေရဲ့ အကောင်းဆုံးနဲ့အရင်းနှီးဆုံးနေကြတဲ့ တိရိစ္ဆာန်ကတော့ခွေးပဲဖြစ်ပါတယ်။ အကယ်၍ မျိူးကောင်းပြီး အရောင်လှသော ပိုးသန့်စင်တဲ့ ခွေးတစ်ကောင်ကို ကောင်းကောင်းလိုချင်ပါက သင် ငွေအများကြီးပေးကာ၀ယ်ရပါလိမ့်မယ်။ယခုဆောင်းပါးမှာတော့ထိုမျိုးကောင်းမျိုးသန့်ဈေးအကြီးဆုံးခွေးမျိုးစိတ်များကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁)Pomeranian Spitz ခွေးဖြူလေး ($800-$2500)

Pomerania ပြည်နယ်မှ Pomeranians လူမျိူးများဟာရှေး Spitzခွေး မျိုးစိတ်များကို ပေါင်းစပ်မွေးမြူခဲ့ကြပါတယ်။ သူတို့ဟာ လူအသစ်တွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သလို ကလေးတွေအပေါ် မှာလည်းအလွန်ကောင်းမွန်ပါတယ်။ တခြားတိရိစ္ဆာန်များနဲ့ လည်းအဆင်ပြေကြပါတယ်။ ဒီခွေးသေးသေးလေးတွေဟာ အိမ်တွင်း၌ ရွှင်မြူးနေတတ်ကြပြီး တိုက်ခန်းများအတွက် ဆိုရင်တော့ဒီခွေးကိုရွေးချယ်ဖို့အလွန်ကောင်းပါတယ်။ သူတို့ဟာ အလေးချိန် ၃ပေါင်မှ ၇ပေါင်အထိသာရှိသော်လည်း သူတို့ရဲ့ ‌ဈေးနှုန်းတွေကတော့ မပေါလှပါဘူး။

(၂)Dogo Argentino ($1000-$4000)

ဒီခွေးမျိုးစိတ်တွေဟာ ကြောက်စရာကောင်းတဲ့ပုံစံပေါက်နေပြီး အမဲလိုက်မုဆိုးများအတွက်အစောင့် ထားဖို့သင့်တော်ပါတယ်။ တစ်ခါတစ်ရံမှာသူတို့ဟာ အနည်းငယ် ရန်လိုပြုမူတတ်ကြပါတယ်။ သင် ဒီခွေးကို‌ေမွးမယ်ဆိုပါက ကျွမ်းကျင်သော လေ့ကျင့်ရေးသမားကို ငှားဖို့လိုအပ်ပါတယ် ။ဘာလို့လဲဆိုတော့ စနစ်တကျလေ့ကျင့်သင်ကြားမှုမရှိတဲ့ Dogo Argentino များဟာ အမှန်တကယ် သင့်အတွက်အန္တရာယ်ရှိနိုင်တာကြောင့်ဖြစ်ပါတယ်။

(၃) Akita($800-$4500)

Akita ဟာ ဂျပန်နိုင်ငံက ခွေးမျိူးစိတ်ဖြစ်သော်လည်း ယနေ့မှာ အမျိုးစားနှစ်မျိုးရှိပြီး ဂျပန်မျိုးနဲ့ အမေရိကန်မျိုးတို့ဖြစ်ကြပါတယ်။ ဒီခွေးများဟာ အလွန်သစ္စာစောင့်သိတတ်ကြသော်လည်း ခေါင်းမာပြီးအနိုင်ယူ ဗိုလ်ကျတတ်ပါတယ်။ သူ့ကိုလည်း စနစ်တကျလေ့ကျင့်သင်ကြားမှုတွေများစွာလိုအပ်ပါတယ်။ ဂျပန်မျိုးစိတ်သန့်သန့်လေးများဟာ အလွန်ဈေးကြီးပြီး ဒေါ်လာ၄၅၀၀အထိ ဈေးနှုန်းရှိကြပါတယ်။

(၄)Rottweiler($1000-$6000)

portrait of the big rottweiler dog

သမိုင်းကြောင်းအရ ဒီခွေးဟာ ရှေးအခါကမွေးမြူရေးခြံတွေနဲ့ထိန်းသိမ်းထားခဲ့ကြပါတယ်။ ယခုအခါမှာတော့ ဒီခွေးများဟာ ကောင်းမွန်စွာအုပ်ထိန်းနိုင်ပြီး မိသားစုတွေ အတွက် အလွန်အကာကွယ်ပေးနိုင်ကြပါတယ်။ သူတို့ကို ကယ်ဆယ်ရေခွေး ၊ ရဲခွေး နှင့် လမ်းပြခွေးများအဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ ဒီခွေးတွေဟာ ပုံမုန်ခွေးမျိုးစိတ်များဖြစ်သော်လည်း ယနေ့ခေတ်တွင် သွေးသန့် ၊ မျိုးသန့်ခြင်းကို ကြည့်ပြီး ဒေါ်လာ ၆၀၀၀အထိ ကုန်ကျပါတယ်။

(၅)Pharaoh Hound($1200-$6500)

သူတို့ဟာ ရှေး‌ဟောင်းအီဂျစ် ခွေးများနှင့်တူသော်လည်း အီဂျစ်ခွေးမျိုးစိတ်တော့မဟုတ်ကြပါဘူး။ သူတို့ရဲ့ပင်ကိုယ်စရိုက်ဟာ နက်နဲကာ ထူးဆန်းလှပါတယ်။ ဒီခွေးများဟာ ဉာဏ်ရည်မြင့် ကြပြီးလူတွေနဲ့လည်း ရင်းနှီးကြပါတယ်။ သူတို့ဟာ စိတ်လှုပ်ရှား ဒေါသထွက်တဲ့အချိန်မှာတောင် မျက်နှာဟန်မပျက်တတ်ကြပါဘူး။ဒါပေမဲ့ လို့သူတို့ရဲ့နှာခေါင်းနဲ့နားရွက်ထိပ်များကတော့နှင်းဆီရင့်ရောင်ပြောင်းလဲသွားကြပါတယ်။