
သိပ္ပံပညာရှင်များဟာ တိရစ္ဆာန်မျိုးစိတ်သစ်များနှင့် အပင်မျိုးစိတ်သစ်များ ကိုနေ့စဉ်နီးပါးရှာဖွေတွေ့ရှိနေကြပါတယ်။ ထူးဆန်းတဲ့ သစ်ပင် ၊ ပန်းများနှင့် သတ္တဝါများဟာ ကျွန်ုပ်တို့ ကမ္ဘာကို ပိုဆန်းကြယ်စေပါတယ်။ယခုဆောင်းပါးထဲမှာတော့ထိုထူးခြားလှတဲ့တိရစ္ဆာန်မျိုးစိတ်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)အပြာရောင် နတ်သမီး ။အပြာရောင်နတ်သမီးလို့တင်စားခေါ်ဝေါ်တဲ့ထိုပင်လယ်ပတ်ကျိမျိုးစိတ်ဟာ အဆိပ်ရှိတဲ့သတ္တဝါများကိုစားသုံးပြီး အဆိပ်များကိုစုဆောင်းကာ သူတို့ရဲ့ရန်သူများကို ပြန်လည်တိုက်ခိုက်တတ်ကြပါတယ်။
(၂)ထူးခြားတဲ့ပုံစံရှိတဲ့ကြက်ဆင်တစ်ကောင်
(၃)အရှည်၀.၇၉ လက်မသာရှိတဲ့သန္တာကျောက်တန်းကြားမှာပုန်းနေတဲ့ ရေနဂါးတစ်ကောင်။
(၄)မာဒါဂက်စကာ က အရွက်ခြောက်ပုံစံရှိတဲ့ တောက်တဲ့ ။သိပ္ပံပညာရှင်များဟာ ထိုမျိုးစိတ်သစ်ကို မကြာသေးမှီမှ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သူတို့ဟာ သစ်ရွှက်များအဖြစ် လိမ္မာပါးနပ်စွာ ပုန်းကွယ်နိုင်ပါတယ်။
(၅)Flabellinopsis iodineaလို့ခေါ်တဲ့ထိုအကောင်များဟာ သူတို့ကြိုက်တဲ့ အစားသောက်တစ်ခုဖြစ်တဲ့hydrozoaကိုစားနေတာဖြစ်ပါတယ်။
(၆)အနက်ရောင်နှင့်နီညိုရောင်ရှိသော ကြွက်စုတ်တစ်ကောင်ဟာသူ့ရဲ့နှာခေါင်းကိုအသုံးပြု၍ မြေပြင်ပေါ်မှအင်းဆက်များကို တူးယူစားသောက်နေတာဖြစ်ပါတယ်။
(၇)သစ်ရွက်ခြောက်ရဲ့ပုံစံအတိုင်းအရောင်ပြောင်းကာနေထိုင်နေတဲ့Ghost mantis လို့တင်စားခေါ်တဲ့ ရှိခိုးကောင်။
(၈)ပန်းပင့်ကူလို့ခေါ်တဲ့ ထိုပင့်ကူရဲ့အရောင်ဟာ ပန်းပွင့်တခုရဲ့အရောင်ကိုလိုက်ကာပြောင်းလဲနေထိုင်တတ်ပါတယ်။
(၉) သစ်အယ်သီးလိုမျိုးအမွှေးနဲ့ခို။ ဒီ အရောင်တောက်ပသော ခိုငှက်များဟာအဓိကအားဖြင့် နယူးဂီနီတွင်နေထိုင်ပြီး အသီးများကိုစားသောက်ကြပါတယ်။
(၁၀)အဆိပ်ဖား။ထိုအဆိပ်ဖားဟာရန်သူနဲ့တွေ့သောအခါ အရောင်ပိုတောက်လာကာ အဆိပ်ပိုပြင်းလာကြပါတယ်။
(၁၁)Titan ပိုးတောင်မာ များသည် ကမ္ဘာပေါ်ရှိအကြီးဆုံးပိုးတောင်မာ မျိုးစိတ်များဖြစ်ပါတယ်။ ဒီအင်းဆက်များဟာအမေဇုန်တောတွင်သာတွေ့ရတတ်ပါတယ်။
(၁၂)အနီရောင် နှာခေါင်းနဲ့အင်းဆက်။ သူ့ရဲ့နှာခေါင်းရှည်ရှည်ဟာသစ်ပင်က အရေကြည်များကိုစုပ်ယူသောက်သုံးဖို့ဖြစ်ပါတယ်။
(၁၃)Cyclopes didactylusဟာ ညဘက်မှသာကျက်စားတတ်တဲ့ တိရစ္ဆာန်မျိုးဖြစ်ပြီး သူတို့ဟာ သစ်ပင်ထိပ်ပေါ်က ဘယ်တော့မျှမဆင်းကြပါဘူး။
(၁၄)အိန္ဒိယက ဧရာမရှဉ့် ။ သူတို့ဟာ သာမန်ရှဉ့်များနှင့်မတူပဲ အစာများကို သစ်ပင်ထိပ်တွင်သိုလှောင်ထားတတ်ကြပါတယ်။
(၁၅)အမြှီးတုတ်တုတ်နဲ့ အာဖရိက တောက်တဲ့။ထိုတောက်တဲ့ဟာ သူရဲ့အချိန်တော်တော်များများကို ပုန်းပြီးနေကာကုန်ဆုံးတတ်ကြပါတယ်။သူတို့ဟာ အန္တရာယ်မရှိပဲ လူတွေနဲ့ရင်းနှီးနိုင်တာကြောင့် ကောင်းတဲ့ အိမ်မွှေးတိရစ္ဆာန်တစ်ကောင်တောင်ဖြစ်နိုင်ပါတယ်။
(၁၆)ထူးခြားတဲ့ပျားတစ်ကောင်
(၁၇)ဒီထူးခြားတဲ့လင်းတရဲ့စွမ်းရည်ကတော့ သူဟာအတောင် ၂ချက် ၃ချက်လောက်ခတ်လိုက်ရုံနဲ့ လေထဲမှာ နာရီပိုင်းလောက်ပျံနေနိုင်ပါတယ်။
(၁၈)pipefish
(၁၉)ဆူမာတြား tussar ပိုးဖလံ