
ကျွန်တော်တို့လူသားတွေဟာကမ္ဘာ့ရေထုရဲ့ရာခိုင်နှုန်းအနည်းငယ်ကိုသာလေ့လာထားနိုင်ပြီး ထူးဆန်းတဲ့အရာများစွာဟာထိုရေထုထဲမှာလေ့လာဖို့ကျန်ရှိနေပါသေးတယ်။ယခုဆောင်းပါးမှာရေးသားပေးမယ့်အကြောင်းအရာကတော့ကမ္ဘာပေါ်ကသန္ဓေပြောင်းငါးမျိုးစိတ်တွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)ငှက်ငါး
မကြာသေးမှီက ဒီထူးဆန်းတဲ့ငါးကို Guizhou ရှိမြစ်တစ်ခုထဲမှာဖမ်းမိခဲ့ပါတယ်။ ငါးရဲ့ အမြီးနောက်ပိုင်းတစ်၀က်ဟာ ပုံမှန်ငါးနှင့်တူပေမဲ့ ဦးခေါင်းကတော့ ပုံစံတစ်မျိူးဖြစ်နေပါတယ်။တစ်ချိူ့သူများကတော့ ခိုရဲ့မျက်နှာနဲ့တူတယ်လို့ပြောကြပါတယ်။ တစ်ချိူ့ကမူ လင်းပိုင်ရဲ့မျက်နှာနဲ့တူတယ်လို့ပြောကြပါတယ်။ တကယ်တော့ဒါဟာ သူ့ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ သာမန်ခေါင်းတစ်ခုပဲဖြစ်ပါတယ်။တစ်ချိူ့လူများက သူ့ရဲ့ပုံသဏ္ဍာန်ရုပ်ဆိုးမှုကို အပြစ်တင်ကြပါတယ်။ မျိူးစပ်သတ္တဝါမျိူးဟုလည်း တစ်ချိူ့က ထင်ကြပါသေးတယ်။
(၂)ထိုင်းနိုင်ငံမှ ကြောက်မက်ဖွယ် ငါး
ထိုင်းတံငါသည် တစ်ဦး ထမင်းနှင့်စားဖို့ အတွက် တစ်ခုခုကို ဖမ်းမိရန် မျော်လင့်နေခဲ့ပါတယ်။ အဲ့အစားသူဟာ ကြောက်စရာကောင်းတဲ့ အိမ်မက်ဆိုးထဲက သတ္တဝါကြီးကို ဖမ်းမိရရှိခဲ့ပါတယ်။ ဒီငါးကြီးဟာ ခန္ဓာကိုယ်ရှည်ပြီး ချွန်ထက်တဲ့သွားများရှိနေတဲ့ ပါးစပ်ကြီးရှိပါတယ်။ ဒါပေမဲ့ မျက်လုံးရှိပုံမရပါဘူး။ ဘယ်သူမှဒီသတ္တဝါကို သိပုံမရပါဘူး။ အဲ့အကောင်ရဲ့ ကြီးမားတဲ့ ပြဿနာကြီးက မျက်စိက ဘယ်မှာလဲ ။ သူဘယ်လိုမြင်နိုင်လဲဆိုတာပါပဲ။
(၃)လူ့သွားများရှိသည့် ငါး
အင်ဒိုနီးရှားနိုင်ငံနောက်ပိုင်း ပါပူဝါဒေသရှိ ကျောင်းဆရာတစ်ယောက်က ဒီ ဒဏ္ဍာရီငါးကြီးကိုဖမ်းမိခဲ့ပါတယ်။ ကျောင်းဆရာက ငါးမှာ လူ့ရဲ့အံသွားကဲ့သို့ သွားများရှိသည်ကိုတွေ့ရသောအခါ အလွန်အံအားသင့်သွားပါတယ်။သူက ငါးကိုကျောင်းသားတစ်ယောက်ရဲ့အိမ်ကိုပေးလိုက်ပြီး သူ့အိမ်မှာထားစေခဲ့ပါတယ်။ သူတို့ဟာ သွားများကိုတွေ့ရှိပြီး အတူတူအံအားသင့်မိခဲ့ကြပါတယ်။ ငါးကိုစားမဲ့အစား အေးခဲအောင်လုပ်ပြီး ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီငါးဟာ စားဖို့ကောင်းတဲ့အရာမဟုတ် မသန့်ရှင်း လုံခြုံစိတ်ချရမှုမရှိသောကြောင့်ဖြစ်ပါတယ်။
(၄)ဂျိူနဲ့ ငါး
ဆိုက်ဘေးရီးယားရှိ တံငါသည် တစ်ဦးဟာ ခေါင်းထိပ်တွင် ဂျိူနှစ်ချောင်းနှင့် လျောက်သွားနေသောငါးကိုတွေ့သောအခါ အလွန် အံဩသွားပါတယ်။ သူဟာထိုငါးရဲ့ပုံစံကိုကြည့်ပြီး ရေအောက်နဂါးလို့ခေါ်ခဲ့ကြပါတယ် ။ ရုရှားနိုင်ငံ Irtyshမြစ်မှ ဖမ်းယူမိခဲ့ပြီး ဒေသခံများက ရုရှား နူကလီးယားအပျက်စီးကြောင့် ဗီဇပြောင်းလဲခဲ့သည်ဟု အပြစ်တင်နေကြပါတယ်။ ထိုတံငါသည် ဟာ ငါးရဲ့ဦးခေါင်းကို ခြောက်သွေ့အောင်ထားကာ သူ့ရဲ့ကားဂိုဒေါင်တွင် သိမ်းထားခဲ့ပါတယ်။
(၅)နှာတံ စင်းစင်းလေးနဲ့ငါး
ဒီငါးရဲ့နှာထိပ်ဟာ မျှတ စွာထွက်နေပါတယ်။pug-nosedလို့ခေါ်ကြပြီး ဗီဇပြောင်းလဲခြင်းကြောင့် ကြီးမားပြီး နှာတံဖြစ်နေပါတယ်။ မကြာသေးမှီကမှ မေရီလန်းတွင် ဖမ်းဆီးရမိခဲ့ပါတယ်။ဗီဇပြောင်းလဲခြင်းဟာ သင်ငါးကို စားသည်ဖြစ်စေ မစားသည်ဖြစ်စေ ငါးကြောင့်မည်သည့် အန္တာရာယ်မျှသက်ေရာက်မှုမရှိပါဘူး။ဒါပေမယ့် လည်းတစ်ခြားငါးတွေလိုတော့ကြည့်ရတာအဆင်မပြေတာတော့အမှန်ပါဘဲ။