ဈေးအလွန်ကြီးသော သာမန် အသုံးအဆောင်ပစ္စည်းများ

ယနေ့ခေတ်တွင် ဈေးကွက်ရှာဖွေခြင်းက အဆက်မပြတ်ယှဉ်ပြိုင် တိုက်ခိုက်နေကြ ပြီး ကုမ္ပဏီများဟာ ‌လူတွေနှစ်သက်စေလောက်အောင် အတတ်နိုင်ဆုံးပြုလုပ်ကြပါတယ်။ဥပမာ အားဖြင့် သန်းကြွယ်သူဌေးများ အတွက် သာမန်ပစ္စည်းများကို တန်ဖိုးကြီး ပုံစံနှင့် ငွေအမြောက်အမြားသုံးကာ ပြုလုပ်ကြတာဘဲဖြစ်ပါတယ်။

(၁) ၉၉.၉၉ ဒေါ်လာတန် ပူရှိန်း သွားတိုက်ဆေး

ပူရှိန်းသွားတိုက်ဆေးကတော့ထူးထူးခြားခြားပစ္စည်းတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီ THEODENT တံဆိပ် သွားတိုက်ဆေးဟာ Rennou လို့ခေါ်တဲ့ ထူးခြားတဲ့ မူပိုင်ခွင့်ကိုရရှိထားပါတယ်။ထိုသွားတိုက်ဆေးကိုအသုံးပြုလိုက်မယ်ဆိုလျှင် သွားများဟာ တစ်နေကုန် ခိုင်ခံ့ ပြီး ပိုးစားခြင်းကိုလည်းကာကွယ်ပေးပါတယ်။

(၂)၂၉၉.၉၅ ဒေါ်လာတန် အိမ်သာ ထိုင်ခုံ

ထိုကာဗွန်ဖိုင်ဘာ အိမ်သာထိုင်ခုံဟာ အလွန်ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။ ပေါ့ပါးတဲ့ ထုတ်ကုန်များနဲ့ပြုလုပ်ထားပြီး အရွယ်အစားအသင့်အတင့် ပုံစံမျိုးလည်းပြုလုပ်ပေးထားပါတယ်။

(၃)၆၃၈ ဒေါ်လာတန် နားကြပ်

သင်ဒီနားကြပ်ကိုအသုံးပြုသည့်အခါ ဂီတသီချင်းသံတွေဟာ ရတနာတွေကနေတစ်ဆင့် ကြည်လင်စွာထွက်ပေါ်လာတယ်လို့‌ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနားကြပ်ကိုစိန်၂၄ကာရက်ထည့်သွင်းကာပြုလုပ်ထားလို့ဖြစ်ပါတယ်။

(၄)၁၁၈၈ ဒေါ်လာတန် သိုးမွေးခြေအိတ်

FALKE တံဆိပ် သိုးမွေးခြေအိတ်ဟာ အရေတွက် အကန့်သတ်နဲ့ ထုတ်ထားတဲ့ Limit editionတစ်ခုပါ။ ဆယ်စုံသာ ထုတ်လုပ်ရောင်းချပြီး ထိုခြေအိတ်ဟာ Vania သိုးမွေးအကောင်းနဲ့ပြုလုပ်ထားပါတယ်။ဒီခြေအိတ်ဟာ ကမ္ဘာ့အရှားပါးဆုံးနဲ့ ဈေးအကြီးဆုံးခြေအိတ်တစ်ခုဆိုလည်းမမှားပါဘူး။

(၅)၃၃၆၀ ဒေါ်လာတန် တိမ်မီးအိမ်

မီးအိမ်ဒီဇိုင်နာ Kaufman Mercantile ဖန်တီးထားတဲ့ ဒီတိမ်မီးအိမ်ဟာ အခန်းကိုအလင်းရစေရုံသာမက မိုးကြိုးနဲ့မိုးရွာတဲ့အသံများကိုထည့်သွင်းပေးထားပါတယ်။ တိမ်ရဲ့ အလင်းနဲ့ အရောင်ကာလာများကိုတော့ သင်စိတ်ကြိုက်ထိန်းညှိနိုင်ပါတယ်။

(၆)၅၄၁၅ ဒေါ်လာတန် မီးဖိုချောင်သုံး ဓား

Nesmukတံဆိပ် မီးဖိုချောင်သုံးဓားဟာ မယုံနိုင်လောက်အောင် ဈေးကြီး ပြီးတန်ဖိုးကြီး ဓားတစ်လက်ဖြစ်ပါတယ်။ဓားကို ကာဗွန်သံမဏိနဲ့ပြုလုပ်ထားပြီး သစ်သားလက်ကိုင်အကောက်နဲ့ ဓားရိုးအပတ်ကိုတော့ ငွေဖြင့်ပြုလုပ်ထားပါတယ်။ ယွန်းထည်နဲ့ပြုလုပ်ထားတဲ့သေတ္တာ ၊ သားရေအိတ် ၊ ဓားသွေးစက် နှင့် အတူအထူးတံဆိပ်ဓားအဆီလည်း ပါရှိပါတယ်။

(၇) ဒေါ်လာ ၁၃၅၀၀တန်တဲ့ ခဲတံ

ဂျာမန်ကုမ္မဏီ တစ်ခုဖြစ်တဲ့ Faber-Castell ဟာ သူမွေးနေ့တွင် ဒီရိုးရှင်းတဲ့ခဲတံကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ခဲတံကို ထင်းရှူး သစ်သားနဲ့ပြုလုပ်ထားပြီး သူ့အဖုံးကိုတော့ ရွှေဖြူများ နှင့် စိန်၃ တုံးထည့်ကာပြုလုပ်ထားပါတယ်။

(၈)ဒေါ်လာ ၁၄၁၆၁ တန်တဲ့ မိုနိုပိုလီ

ဒီတစ်ခုက လူကြိုက်များပြီး ဈေးလည်းအလွန်ကြီးပါတယ်။ZONTIK ဟာ မိုနိုပိုလီ ဘုတ်စာရွက်ကို သားရေဖြင့်ဖုံးအုပ်ကာ ရွှေဖြင့်ရေးထားသောစာလုံးများနဲ့ ဆော့စရာ အစိတ်ပိုင်းလေးတွေကိုတော့ ငွေဖြင့်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ အသေးစိတ်သေချာပြုလုပ်ထားသောကြောင့် ပစ္စည်းကောင်းတွေကြိုက်တဲ့သူအတွက်တော့ တကယ် နှစ်သက်စရာပါပဲ။

(၉)ဒေါ်လာ ၂၅၈၅၀ တန် I phone 7

လက်၀တ်ရတနာ ရောင်းသူတစ်ဦးဖြစ်တဲ့ Stuart Hughesဟာ အခုခေတ်စားနေတဲ့ ဖုန်း ဒီဇိုင်းများကို ဈေးကြီးကြီး စမတ်ဖုန်းတစ်လုံးဖြစ်အောင်ကိုယ်တိုင် ဖန်တီးတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ထည်ကို ရွှေ ၂၄ ကာရက်ဖြင့်ပြုလုပ်ထားပြီး ဒီဖုန်းကို လက်နဲ့ကိုင်ထားပါက အသက်ရှူမှားလောက်အောင် ဖြစ်နေမိမှာပါ။

(၁၀)ဒေါ်လာ တစ်သိန်းတန် မုတ်ဆိတ်ရိတ်တံ

ကမ္ဘာအပြင်က သတ္တုတစ်ခုခု နဲ့ပြုလုပ်ထားတဲ့ Zaffirro သင်တုန်းဓားကို ၀ယ်သုံးကြည့်ရင်သင်ဘယ်လိုခံစားရမှာလဲ။ ဒါက နောက်ပြောင်နေတာမဟုတ်ပါဘူး ထိုမုတ်ဆိတ်ရိတ်တံရဲ့လက်ကိုင်ကို ဥက္ကာခဲမှ ထွက်ရှိလာတဲ့ သတ္တုနဲ့ပြုလုပ်ထားပါတယ်။ ဓားကို နီလာကျောက်ဖြင့်ပြုလုပ်ထားပြီး ဓားထိန်း အတံလေးများကိုတော့ ပလက်တီနမ်အသုံးပြုကာပြုလုပ်ထားပါတယ်။