လူတိုင်းသိထားသင့်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်များ

များသောအားဖြင့်ကျွန်ုပ်တို့ဟာနေ့စဉ်ကြုံတွေ့နေရတဲ့အရာတွေကိုပေါ့ပေါ့တန်တန်သဘောထားတတ်ကြပါတယ်။ဒါပေမယ့်များစွာသောအရာ​တွေဟာကျွန်တော်တို့တွေမသိရှိသေးတဲ့စိတ်ဝင်စားစရာကောင်းလှတဲ့နောက်ကွယ်ကအကြောင်းအရာတွေရှိနေပါတယ်။

(၁)၁၈ရာစုကအင်္ဂလန်နိုင်ငံမှာနာနတ်သီးတစ်လုံးကိုပိုင်ဆိုင်ပါက လူအဆင့်အတန်းမြင့်မားကြောင်းဖော်ပြရာရောက်ပါတယ်။

(၂)​ခွေးတိုင်းမှာ သူတို့ရဲ့ နှာ​ခေါင်း​ဗွေရာ တွေရှိပါတယ်

(၃)အလင်းသည်သင်၏အစာစားချင်စိတ်ကိုသက်ရောက်မှုများစွာရှိပါတယ်။

(၄)စိန်အစစ်ဟာ X-rays တွင်မ​ပေါ်ပါဘူး။

(၅)ပုံမှန်အားဖြင့် ကိုအာလာများဟာ ​ရေမ​သောက်ကြပါဘူး။

(၆)လီယိုနာဒိုဒါဗင်ချီသည်အိပ်​ပျော်​နေ​သောသူအားနိုးသောနာရီကိုတီထွင်ခဲ့သူဖြစ်ပါတယ်။

(၇)နှံကောင်များဟာအသံကိုသူတို့ရဲ့ခြေထောက်တွေနဲ့နားထောင်တာဖြစ်ပါတယ်။

(၈)လိမ်ပြောခြင်းဟာသင့်ရဲ့နှာခေါင်းအပူချိန်ကိုတိုးစေပါတယ်။

(၉)မိကျောင်းများဟာပိုမိုနက်ရှိုင်းစွာ​ရေငုပ်နိုင်ရန်နှင့်အစာခြေနိုင်ရန်အတွက်ကျောက်တုံးများကိုမျိုချစားသောက်ကြပါတယ်။

(၁၀)နွားမွေးမြူရေးအရည်အသွေးတိုးတက်စေရန်သြစတြေးလျလယ်သမားများကသူတို့၏နွားများကိုဝိုင်နီတိုက်ကြပါတယ်။

(၁၁)Kawah Ljen သည်ကမ္ဘာပေါ်တွင်အပြာရောင်​ချော်ရည်ကိုထုတ်လွှတ်တဲ့တစ်ခုတည်းသောမီးတောင်ဖြစ်ပါတယ်။

(၁၂)ဂျာမနီသည်၎င်း၏စစ်လျော်ကြေးများအားလုံးကိုပြန်လည်ပေးဆပ်ခဲ့တဲ့အောက်တိုဘာ ၃ ရက်​နေ့ ၂၀၁၀ခုနှစ်ရောက်မှသာပထမကမ္ဘာစစ်ဟာတရားဝင်အမြစ်ပြတ်အဆုံးသတ်သွားတာဖြစ်ပါတယ်။