
လက်ရှိကမ္ဘာမြေပေါ်တွင်မျိုးသုဉ်းသွားသောမျိုးစိတ်များစွာရှိသည်မှာကျွန်ုပ်တို့သိရှိပြီးပြီဖြစ်ပါတယ်။ထိုအရာတွေက အံ့ဩစရာတော့ မဟုတ်လောက်တော့ပါဘူး။ကံကောင်းတာကကျွန်တော်တို့သိပ္ပံပညာမျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ထိုတိရစ္ဆာန်ကြီးပျောက်ကွယ်သွားပြီဖြစ်တဲ့ထိုတိရစ္ဆာန်ကြီးများကို ပြန်လည်ခေါ်ဆောင်ကာရှင်သန်စေဖို့ကိုကြိုးစားနေကြတာဖြစ်ပါတယ်။
(၁)အမွှေးရှည်ဆင်ကြီး
အရွှယ်အစား : အထီးကောင်များရဲ့ ပခုံးက အမြင့် ၈.၉ ပေ နှင့် ၁၁.၂ ပေကြားမြင့်ပြီး အလေးချိန်က ၆တန်ခန့် ရှိကြပါတယ်။
နေထိုင်ခဲ့သောနေရာ : အာရှအရှေ့ပိုင်း ။
မျိူးသုဉ်းခဲ့သောကာလ : လွန်ခဲ့သော နှစ်၄၀၀၀ခန့်။
ဆက်နွယ်သောမျိူးစိတ် : အာဖရိက ဆင်။
(၂)တောရိုင်းမြင်းကျား
အရွှယ်အစား : အမြင့်က ၄.၅ ပေခန့်မြင့်ကြပြီး ၈.၅ ပေရှည်လျားကြပါတယ်။
နေထိုင်ခဲ့သောနေရာ : အာဖရိက တောင်ပိုင်း။
မျိူးသုဉ်းခဲ့သောကာလ: ဆယ့်ကိုးရာစု နှောင်းပိုင်း။
ဆက်နွယ်သောမျိူးစိတ် : မြင်းကျား ။
(၃)ဆင်အရွယ်အစားလောက်ရှိတဲ့ငှက်ကြီး
အရွှယ်အစား : အလေးချိန် ပေါင်၁၆၀၀ခန့်ရှိပြီး အမြင့်ပေ ၉.၈ ပေခန့်မြင့်ကြပါတယ်။
နေထိုင်ခဲ့သောနေရာ : မက်ဂါဂတ်စကာ
မျိူးသုဉ်းခဲ့သောကာလ : အေဒီ ၁၀၀၀ မှ ၁၂၀၀ကြားခန့်။
ဆက်နွယ်သောမျိူးစိတ် : ကီဝီ ငှက်။
(၄)ဘိုင်ဂျီ(တရုတ် နိုင်ငံမြစ်များတွင်ကျက်စားတဲ့လင်းပိုင်)
အရွှယ်အစား : အထီးများဟာ အလျား ၇.၅ ပေရှည်ပြီး အမ ကောင်များဟာ ၈.၂ ပေ ရှည်လျားကြီးထွားကြပါတယ်။
နေထိုင်ခဲ့သောနေရာ : တရုတ်နိုင်ငံ။
မျိူးသုဉ်းခဲ့သောကာလ : 2002ခုနစ်။(သိပ်မကြာသေး)
ဆက်နွယ်သောမျိူးစိတ် : တရုတ်လင်းပိုင်ဖြူ။
(၅)သင်းခွေချပ်အကြီးစား Glyptodont
အရွှယ်အစား : ၁၂ပေရှည်လျားပြီး ၁.၅ ပေအထက် မြင့်ကြပါတယ်။
နေထိုင်ခဲ့သောနေရာ : အမေရိက တောင်နှင့်မြောက်ပိုင်း။
မျိူးသုဉ်းခဲ့သောကာလ : လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀နှင့် ၈၀၀၀အကြား။
ဆက်နွယ်သောမျိူးစိတ် : သင်းခွေချပ်။
(၆)Pyreneanတောင်ဆိတ်ကြီး
အရွှယ်အစား : ခန္ဓာကိုယ်က ၅ ပေထိရှည်လျားပြီး ပုခုံးထိအမြင့်မှာ ၃၀လက်မ ရှိကြပါတယ်။
နေထိုင်ခဲ့သောနေရာ : ဥရောပ အနောက်တောင်ပိုင်း။
မျိူးသုဉ်းခဲ့သောကာလ : နောက်ဆုံးအသက်ရှင်နေထိုင်တဲ့ Purenean တောင်ဆိတ်က ၂၀၀၃ခုနစ်တွင်မွှေးဖွားခဲ့ပြီး အဆုတ်ချွတ်ယွင်းမှုကြောင့် မွေးပြီး ၇မိနစ်အကြာတွင်သေဆုံးသွားခဲ့ပါတယ်။
ဆက်နွယ်သောမျိူးစိတ် : တောင်ဆိတ်ရိုင်း ။
(၇)ဒိုဒို ငှက်
အရွှယ်အစား : အမြင့် ၃.၃ ပေ။
နေထိုင်ခဲ့သောနေရာ : မော်ရစ်ရှပ်နိုင်ငံ ( Mauritius)။
မျိူးသုဉ်းခဲ့သောကာလ : ၁၇ရာစုအတွင်း ။
ဆက်နွယ်သောမျိူးစိတ် : နီဂိုဘာ ခို။
(၈)တက်မေနီးရန်း ကျား
အရွှယ်အစား : ၃၉ လက်မနှင့် ၅၁ကြားရှည်လျားပြီး ၂၄လက်မ မြင့်ကြပါတယ်။
နေထိုင်ခဲ့သောနေရာ : နယူးဂီနီယာ နှင့်ဩစတြေးလျ။
မျိူးသုဉ်းခဲ့သောကာလ : ၂၀ရာစုနှစ်ပိုင်းတွင်း။
ဆက်နွယ်သောမျိူးစိတ် : တက်မန်းနီးရန်း တောရိုင်း ကျားနှင့် numbat။
(၉)ကုန်းပိုင်း တောရိုင်းအကြီးစားဝက်ဝံ။
အရွှယ်အစား : ပေ၂၀ရှည်လျားပြီး အလေးချိန်ပေါင် ၆၆၀၀ခန့်လေးကြပါတယ်။
နေထိုင်ခဲ့သောနေရာ : အမေရိက တောင်ပိုင်း ။
မျိူးသုဉ်းခဲ့သောကာလ : လွန်ခဲ့သောနှစ်ပေါင်း ၁၁၀၀၀ ၀န်းကျင်အတွင်း။
ဆက်နွယ်သောမျိူးစိတ် : ၀က်ဝံ။
(၁၀)အစွယ်ရှည်ပါသော ကျား
အရွှယ်အစား : အကြီးဆုံးမျိူးစိတ်တွေက ပေါင် ၄၈၅မှ ၉၆၁ အကြားအလေးချိန်ရှိကြပြီး ၃၉လက်မမြင့်ကြပါတယ်။
နေထိုင်ခဲ့သောနေရာ : အမေရိက တောင်ပိုင်းနှင့် မြောက်ပိုင်း ။
မျိူးသုဉ်းခဲ့သောကာလ : လွန်ခဲ့သောနှစ်တစ်သောင်းခန့်။
ဆက်နွယ်သောမျိူးစိတ် : ကျား။