ကမ္ဘာပေါ်ရှိလူသားများထက် သက်တမ်းပိုစောပြီး တည်ရှိခဲ့ကြတဲ့ တိရစ္ဆာန်များ – အပိုင်း (၂)

ကျွန်တော်တို့ ကမ္ဘာမြေကြီးရဲ့ သက်တမ်းကတော့နှစ်ပေါင်း ၄ ဘီလီယံခန့် ရှိပြီးလူသားများ အပါအဝင် အခြားမတူညီတဲ့ သတ္တဝါမျိုးကွဲတွေများစွာဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက တည်ရှိခဲ့ကြတာကတော့ အံ့ဩစရာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့လူသားတွေဟာ ကမ္ဘာမြေကြီးမှာတော့ သက်တမ်းအရှည်ကြာဆုံး တည်ရှိနေတဲ့ သတ္တဝါတွေတော့ မဟုတ်ပါဘူး။ ယခုတစ်ခါမှာတော့ ဒိုင်နိုင်ဆောတွေ ခေတ်ကတည်းက တည်ရှိခဲ့ကြပြီး ယနေ့ထိတိုင် မျိုးမသုဉ်းဘဲ တည်ရှိနေကြတဲ့ တိရစ္ဆာန်များအကြောင်း ( ၂ ) ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) ငါးမန်း (နှစ်ပေါင်းသန်း ၄၅၀ ခန့်)

အသက်အကြီးဆုံး ကျောက်ဖြစ်ငါးမန်းများရဲ့ သက်တမ်းဟာ နှစ်ပေါင်းသန်း ၄၅၀ ခန့် ရှိပြီဖြစ်ပါတယ်။ ဆိုလိုသည်မှာ ငါးမန်းများဟာ ဒိုင်နိုဆောများကမ္ဘာပေါ်တွင် မရှိမှီအချိန်ကတည်းက ငါးမန်းများ ရှိခဲ့ခြင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၅၇ သန်းခန့်က ငါးမန်းမျိုးစိတ် ၅ မျိူးဟာ ယခုထိတိုင် ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။

(၂) ရထားကောင် (နှစ်ပေါင်းသန်း ၄၂၀ ခန့်)

ရထားကောင်များဟာ အလွန်ဒဏ်ခံနိုင်ကြပြီး ရှင်သန်ကြတဲ့ သတ္တဝါများဖြစ်ပါတယ်။ သူတို့ဟာ အသီးအရွက်များကို စုဆောင်စားသုံးခဲ့ကြသည်မှာ နှစ်ပေါင်းသန်း ၄၂၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူတို့ဟာ ကုန်းမြေပေါ်သို့ ပထမဆုံးရွှေ့ပြောင်း ရှင်သန်ခဲ့ကြတဲ့ သတ္တဝါတွေဖြစ်ပြီး တချို့ ရှာဖွေတွေ့ရှိသော ကျောက်ဖြစ်ရုပ်တွေမှာ အလွန်ရှေးကျလွန်းပါတယ်။

(၃) ဖား ( နှစ်ပေါင်းသန်း ၂၆၅ ခန့် )

ရှေးအကျဆုံး သက်တမ်းရင့် ဖားကျောက်ဖြစ်ရုပ်ကြွင်းဟာ နှစ်ပေါင်းသန်း ၂၆၅ ခန့်ရှိပြီဖြစ်ပြီး မာဒါဂက်စကာကျွန်းတွင် ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ယခုချိန်တွင် ကမ္ဘာအနှံအပြား၌ ဖားများ‌ရှိသော်လည်း အပူပိုင်းမိုးသစ်တောဒေသတွင် ပိုပြီးစုပေါင်းနေထိုင်ကြလျက်ရှိကြပါတယ်။

(၄) လိပ် (နှစ်ပေါင်းသန်း ၂၀၀-၃၀၀ ခန့်)

လိပ်များဟာ ကမ္ဘာပေါ်တွင် နေထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်းသန်း ၂၀၀ နှင့် ၃၀၀ ကြားအတွင်းရှိသော သတ္တဝါဖြစ်ပြီး အထူးသဖြင့် လူသားများနှင့် ယှဉ်လျှင်အလွန် ရှေးကျသော သတ္တဝါမျိုးဖြစ်ပါတယ်။ မကြာသေးမှီက တွေ့ရှိခဲ့သော လိပ်ရဲ့ကျောက်ဖြစ် ရုပ်ကြွင်းများကို တရုတ်နိုင်ငံ ဂီလျှိူးတွင် တွေ့ရှိခဲ့ပြီး နှစ်ပေါင်း သန်း ၂၂၀ သက်တမ်းခန့် ရှိပြီဖြစ်ပါတယ်။

(၅) ပုတ်သင်ညို (နှစ်ပေါင်းသန်း ၂၀၀ ခန့်)

ယခုခေတ်တွက် ပုတ်သင်ညို များဟာ အရင်ရှေးဟောင်း တွားသွားဒိုင်နိုဆောမျိုးများနှင့် ဆင်တူကြပါတယ်။ သို့သော် ပုတ်သင်ညို များဟာ ကမ္ဘာပေါ်တွင် နှစ်ပေါင်းသန်း ၂၀၀ ခန့်ရှိပြီဖြစ်ပြီး ယခုတွင် မျိုးစိတ်ပေါင်း ၄၆၇၅ မျိုးခန့်ရှိပါတယ်။ တောက်တဲ့ ၊ ကင်းလိပ်လျော ၊ ပုတ်သင်ညို ၊ ဂီလာသတ္တဝါများ အစရှိတဲ့သတ္တဝါများဟာ ဒီမျိုးစိတ်ထဲမှာပါဝင်ပါတယ်။

(၆) ပုရွက်ဆိတ် ( နှစ်ပေါင်းသန်း ၁၄၀ နှင့် ၁၆၈ ကြားခန့်)

ပုရွက်ဆိတ်များဟာ လွန်ခဲ့တဲ့နှစ်သန်း ၁၄၀ နှင့် ၁၆၈ သန်းခန့်တွင် တည်ရှိခဲ့ပြီး ဒိုင်နိုဆောများနှင့် အတူတကွ ရှင်သန်နေထိုင်ခဲ့သည်ဟု ဆိုနိုင်ပါတယ်။ အပင်များမရှိစဉ်က ယခုကဲ့သို့ ပုရွှတ်ဆိတ်များစွာ မရှိခဲ့ဘဲပန်းများစတင်ပွင့်ပြီး များပြားလာသောအခါ ပုရွက်ဆိတ်များလည်း ပိုပြီးများပြားလာကြပါတယ်။

(၇) ရေဘဝဲ (နှစ်ပေါင်းသန်း ၁၃၅ ခန့်)

အချို့လူများဟာ ရေဘဝဲများကို အာကာသမှ ရောက်ရှိလာသော ဥ‌တွေထဲက ရှင်သန်လာသည်ဟု ထင်ကြပါတယ်။ ဒါပေမဲ့သိပ္ပံပညာရှင်များဟာ ရေဘဝဲများ ကမ္ဘာပေါ်ရှင်သန် ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်းသန်း ၁၃၅ သန်းခန့်ရှိပြီဟု ယုံကြည်ကြပါတယ်။ ရေဘဝဲများဟာ ပြည်ကြီးငါးများနှင့်ဆက်နွယ်ကြပြီး သူတို့ရဲ့ အာရုံကြောတွေသာ ‌ကွဲပြားကြသည်ဟု ဆိုပါတယ်။

(၈) မြွေ (နှစ်ပေါင်းသန်း ၁၀၀ ခန့်)

မြွေများဟာ လွန်ခဲ့သော နှစ်ပေါင်းသန်း ၁၀၀ ခန့်က ရှင်သန် နေကြသော တွားသွားသတ္တဝါမျိုးဖြစ်ပါတယ် ။ လင်းနို့များကဲ့သို့ မြွေရဲ့အရိုးများဟာလည်း သေးငယ် ပျက်စီးလွယ်သောကြောင့် သူတို့ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေရန် ခက်ခဲလှပါတယ်။

(၉) မိကျောင်း ( နှစ်ပေါင်းသန်း ၈၀ ခန့်)

မိကျောင်းမျိုးစိတ်များဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၄၅ သန်းခန့်က မျိုးစိတ်ပြောင်းလဲခဲ့ကြပြီး မိကျောင်းနှင့် ဆက်စပ်သည့် မျိူးစိတ်များဟာ နှစ်ပေါင်းသန်း ၈၀ ခန့် လောက်ကတည်းက ကမ္ဘာပေါ်တွင် ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကာလတွင် တိရစ္ဆာန်အမြောက်များမျိုးတုံးခဲ့ကြပင်မဲ့ မိကျောင်းတွေကတော့ မသေပဲ ဘယ်လိုရှင်သန်ခဲ့ကြသလဲဆိုတာကို ဘယ်သူကမှ မသိရှိကြသေးပါဘူး။

(၁၀) ကြွက် (နှစ်ပေါင်း ၆၆ သန်းခန့်)

ကြွတ်များဟာ ကမ္ဘာနေရာအနှံ့အပြားတွင် ရှိသောသတ္တဝါမျိုးများဖြစ်ပြီး အထူးသဖြင့် လူတွေရှိတဲ့နေရာများမှာ နေထိုင်တတ်ကြပါတယ်။ မျိုးစိတ်စုစုပေါင်း ၂၂၀၀ ခန့်ရှိသော်လည်း ပူး ၊ ရှဉ့် ၊ ကြွက်များကို လူသိပိုများကြပါတယ်။ ကြွက်မျိုးစိတ်သတ္တဝါများဟာ ကမ္ဘာပေါ်တွင် နှစ်ပေါင်း ၆၆ သန်းခန့်လောက်ကတည်းက တည်ရှိခဲ့ကြပြီး ဒိုင်နိုဆောများ မျိုးသုဉ်းပျောက်ကွယ်ပြီးနောက် ပေါ်ထွက်လာသော  သတ္တဝါလို့ ဆိုလို့ရပါတယ်။