မိန်းကလေး‌လိုမျိုးထူးထူးခြားခြားဒီဇိုင်း တွေကိုဝတ်ဆင်ခဲ့ကြတဲ့နာမည်ကျော်သရုပ်ဆောင်များ

လူ့အဖွဲ့အစည်းဟာယခုအချိန်မှာအမျိုးသမီး၀တ်စုံများကို၀တ်ဆင်သော အမျိုးသားများကို လက်ခံရန် ခက်ခဲနေပါသေးတယ်။သို့သော် အမျိူးသာများဟာ စကတ်၀တ်ဆင်ခြင်းဟာ လုံး၀ဆန်းသစ်တဲ့ အမြင်တစ်ခုလိုဖြစ်‌ နေပြီး အမျိူးသမီးများတောင် ၀တ်ဆင်ဖို့မလိုက်တော့အောင်အရမ်းမိုက်နေပါတယ်။

(၁)Vin Diesel


Fast and Furious စတား Vin Dieselဟာ ၂၀၀၃ခုနစ် ရုပ်ရှင်ဆုချီးမြှင့်ပွဲ၌ သားရေ စကတ်ကို ယုံကြည်ချက်အပြည့်နှင့် ၀တ်ဆင်ပွဲတက်ခဲ့ပါတယ်။ ဆုချီးမြှင့်ပွဲဟာ စကော့တလန်၌ ကျင်းပသောကြောင့် ရိုးရာယဉ်ကျေးမှု ၀တ်စုံကို လေးစားအသိမှတ်ပြုသောအနေနဲ့ ၀တ်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။

(၂)Jared Leto


Jared Leto ကို ပွဲတချိူ့၌ ဂါ၀န် နှင့် စကတ်၀တ်ဆင်ခဲ့သည်ကို မြင်တွေ့ဖူးသူများဟာ ကံကောင်းကြပါတယ်။ဘာလို့လဲဆိုတော့ သူက မာနကြီးသူတစ်ယောက်ဖြစ်လို့ပါ ။တချိန်က နာမည်ကြီးဆယ်လီ များပြောပြတဲ့စကားမှာ ယောကျာ်းစစ်စစ်များဟာ စကတ်များကို၀တ်ဆင်ကြပါတယ်လို့ဆိုပါတယ်။ ထိုအကြောင်းကို တော့ကျွန်ုပ်တို့အ‌ နေနဲ့လက်ခံဖို့ခက်ခဲလှပါတယ်။

(၃)Gerard Butler

ဒီနာမည်ကြီး သရုပ်ဆောင်ဟာ စကော့တလန်ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ စကတ်များ၀တ်ဆင်ခြင်းနဲ့ ရင်းနီးမှုမရှိသူပါ။ထို့ကြောင့်သူဟာ မကြာခဏ၀တ်ဆင်ဖို့အတွက် မနှစ်သက်ပါဘူး။ Butlerဟာ သူ၀တ်ဆင်ခဲ့တဲ့ ထိုစကပ်၀တ်စုံဟာ လိုအပ်ချက်ရှိနေသည့်အတွက် သူ့ညီမ မင်္ဂလာဆောင်မှာ လူများက သူ့ကိုအနည်းငယ်ဝေဖန်ခဲ့ကြပါတယ်။ ကြည့်ကောင်းဖို့အတွက်ကတော့ဈေးနှုန်းသတ်မှတ်ချက်‌ တွေမလိုအပ်ပါဘူး။

(၄)Billy Porter


ဒီနာမည်ကြီး စတား တစ်ယောက်ဟာ ဆုချီးမြှင့်ပွဲတိုင်း၌ သူ့ရဲ့ ဖက်ရှင်ကို သူများနဲ့မတူပဲ ကိုယ့်ပိုင်ပုံစံစတိုင်ဖြင့် ၀တ်ဆင်တက်ရောက်ခဲ့သူဖြစ်ပါတယ်။

(၅)Kanye West

Kanyeဟာ သူကိုယ်တိုင် သူ၀တ်မဲ့ စကတ် ဒီဇိုင်းပုံစံကိုဖန်တီးခဲ့ပြီး ၂၀၁၄ခုနစ်က သူရဲ့ဖျော်ဖြေပွဲတခု၌ သားရေစကတ်ကို၀တ်ဆင်ကာ သီဆိုပြခဲ့ပါတယ်။

(၆)Jaden Smith

Jadenရဲ့ပြောဆိုချက်တခုက အမြဲတမ်းစကတ်၀တ်ဆင်သူများအတွက် အင်အားဖြစ်စေခဲ့ပါတယ် ။သူရဲ့‌ ပြောကြားချက်ကဝောာ့နောက်လာမဲ့၅နှစ်အတွင်းမှာ ကလေးတစ်ယောက်ဟာ ကျောင်းကို စကတ်၀တ်ပြီးကျောင်းတက်ခဲ့မယ်ဆိုတာကရိုက်တာ‌ တွေမခံရတော့ဘဲတခြားသူများကလည်းသူ့ကို အမြင်မကပ်စေတော့ဘူးလို့ဆိုပါတယ် ။နောက်လာမယ့်မျိူးဆက်သစ် လူငယ်များအကြား၌ သာမန်မဟုတ်တဲ့အရာများဟာ ကြာလာလျှင် သာမန်အရာလိုဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။

(၇)Kyle MacLachlan

MacLachlanဟာ တချိန်က နယူးယောက်မြို့မှာကျင်းပခဲ့တဲ့ ပွဲတခု၌ စကော့တလန်ရိုးရာ ၀တ်စုံစကတ်ကို ၀တ်ဆင်ကာ ပွဲတက်ခဲ့ပါတယ်။သူဟာ စကတ်၀တ်ဖို့ တောင်းဆိုခြင်းကို‌ တောင်ခံခဲ့ရပြီး သူ့ပုံစံမှာလည်းအလွန်စမတ်ကျနေပါတယ်။