အမှန်တကယ် သေစေနိုင်‌လောက်တဲ့ အန္တရာယ်အရှိဆုံးသော ရေကန်များ

ရေကန်များသည် များသောအားဖြင့် သူတို့၏ သန့်ရှင်းသောရေနှင့် လေပြေလေညှင်းများ‌ကြောင့် အေးဆေးတည်ငြိမ်မှုကို ခံစားရ‌စေပါတယ်။ သို့သော်ရေကန်အားလုံးက လုံခြုံမှုရှိတယ်လို့ သင်ထင်ပါသလား။ အောက်မှာတော့ သေစေနိုင်တဲ့ အန္တရာယ်ရှိသော ရေကန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နဂါးကြီးရှိတဲ့ Brosno ရေကန် (Russia)

ဒေသခံပြည်သူများက‌တော့ ထိုရေကန်တွင် ရှေးဟောင်းမြွေဆိုးတစ်ကောင်ကို မကြာခဏတွေ့ရလေ့ရှိတယ်လို့ ဆိုကြပါတယ်။ သိပ္ပံပညာရှင်များက ထိုကြောက်မက်ဖွယ်ကောင်းသော Brosno နဂါးကြီးကို ရှာဖွေရန် ကြိုးစားသော်လည်း အကျိုးမထူးပေ။ ထို့အပြင် ရေကန်အောက်ခြေမှာ‌တော့ ပြိုကွဲပျက်စီး၍ ကာဗွန်ဒိုင်အောက်ဆိုဒ်ပူဖောင်းများကို ဖြစ်ပေါ်စေကာ ထိုပူဖောင်းများသည် လူတစ်ယောက်ကိုအလွယ်တကူ မူးမေ့သွားစေနိုင်ပါတယ်။ ထိုအရာက ကြောက်စရာကောင်းတဲ့ နဂါးရဲ့တိုက်ခိုက်မှုလို့ ထင်မှတ်‌ နေကြတာဖြစ်ပါတယ်။

(၂) Hillier ရေကန် (Australia)

ဒီရေကန်ကိုမြင်လိုက်ပါက သင့်မျက်လုံးကိုတောင် မယုံနိုင်ဖြစ်စေပါတယ်။ ပန်းရောင်ကာလာနှင့် ယူကလစ်ပင်သစ်‌တောများရှိပြီး  ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါ‌တွေတော့ မရှိပါလူး။ သို့ပေမဲ့ဒီရေကန်ဟာ လူသတ်သမားတစ်ယောက်လိုပါပဲ။ သိပ္ပံပညာရှင်များကတော့ ဒီပန်းရောင် ရေတွေဟာ ထိုကန်‌တွင်နေထိုင်ကြတဲ့ မတူညီသော ဇီ၀သက်ရှိများစွာကနေ ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။

(၃) Kawah Ijen အက်ဆစ်ရေကန် (Indonesia)

ကမ္ဘာပေါ်ရှိ အက်ဆစ်ဓာတ်အများဆုံးရှိသော ရေကန်တစ်ခုဖြစ်ပါတယ်။ အရောင်ပျော့ပျော့‌ရှိသော ရေများရဲ့အောက်ခြေမှာ အပူချိန် ၂၀၀  ဒီဂရီစင်တီဂရိတ်ရှိပြီး သေစေနိုင်လောက်သော မီသိန်းဓာတ်ငွေ့များဟာ ညအချိန်တွင် အပြာရောင်အရည်အဖြစ် လျှို့ဝှက်ဆန်းကြယ်စွာ ပြောင်းလဲသွားပါတယ်။ သို့ပေမဲ့လည်း ဒေသခံများကတော့ အကာအကွယ်များ မျက်နှာဖုံးများကို မ၀တ်ပဲ ကမ်းခြေတစ်လျှောက်ရှိ ဆာလဖာ (ကန့်) များကို စုဆောင်းနေကြပါတယ်။

(၄) ဆူပွက်နေသော ရေကန် (Dominica)

ဒီဆူပွက်နေသောအိုင်တွင် ရေ၏အပူချိန်သည် ၉၂ ဒီဂရီစင်တီဂရိတ်ထိ ရှိပြီး သင်သည်အသက်ရှင်လျက် အပြုတ်မခံချင်ဘူးဆိုရင်တော့ ဒီရေကန်၌ ရေးကူးခြင်းကို လုံး၀‌ ရှောင်ရမှာဖြစ်ပြီး ရေကူးခြင်းကိုလည်း တားမြစ်ထားပါတယ်။ သိပ္ပံနည်းကျ ကြည့်ရင်တေ့ာ ထို‌ ရေအိုင်ဟာ မီးတောင်၀တွင် တည််ရှိသောကြောင့်အမြဲလိုလို အပူပေးခံထားရတာ ဖြစ်ပါတယ်။

(၅) လူစားတဲ့ရေကန် Nyos (Cameroon)

ထိုရေကန်တွင် လူပေါင်း ၁၇၄၆ ယောက် သေဆုံးခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ထို Nyos ရေကန်တွင် သေစေနိုင်သော ဓာတ်ငွေ့တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာပြီး သက်ရှိအားလုံးကို သတ်ပစ်ခဲ့ပါတယ်။ သိပ္ပံပညာများ၏ ပြောပြချက်အရ အိုင်၏အောက်ရှိ ‌မီးတောင်ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်‌ငွေ့များသည် ရေထဲသို့ပျော်၀င်လာကာ မျက်နှာပြင်ပေါ်သို့ရောက်ရှိလာပြီး တိမ်တိုက်အဖြစ် ပျံ့နှံ့သွားတာ‌ ကြောင့်လို့ဆိုပါတယ်။ ထိုကြောင့် ရေကူးဖို့မလုပ်ခင်မှာ ကန်ရဲ့အောက်ခြေတွင် ဘယ်အရာရှိ‌ နေလည်းဆိုတာကို အရင်ဆုံးရှာဖွေသင့်ပါတယ်။

(၆) ပေါက်ကွဲစေတတ်သော ရေကန် Kivu ( ဒီမိုကရက်တစ်နိုင်ငံများဖြစ််သော Congo နှင့် Rwanda နှစ်နိုင်ငံကြားတွင် တည်ရှိသည် )

Kivu သည် ကမ္ဘာပေါ်တွင် အန္တာရာယ်အရှိဆုံးသော ရေကန်တစ်ခုဖြစ်ပါတယ်။ မီးတောင်များလှုပ်ရှားမှုကြောင့် အလျင်မြန်ဆုံးသောမြေငလျင်နှင့် ရေကန် ပေါက်ကွဲမှုများ ဖြစ်ပေါ်တတ်ပြီး အနီးနားရှိ လူများစွာကို သေစေနိုင်ပါတယ်။ ထိုအရာသည် ‌ကာဗွန်ဒိုင်အောက်ဆိုဒ်အလွှာများနှင့် မီသိန်းဓာတ်ငွေ့များရေထဲတွင် များစွာပါ၀င်သောကြောင့် ဖြစ်ပါတယ်။