ဘာပကာသနမှမပါဘဲဘဝကိုရိုးရှင်းစွာဖြတ်သန်းခဲ့ကြတဲ့နာမည်ကျော်ဆယ်လီများ

လူသိများပြီးနာမည်ကြီးတဲ့ဆယ်လီတွေဟာ သာမန်လူတစ်ယောက်ရဲ့ ဘ၀ကို နားမလည်ဖြစ်တာကို မကြာခဏ တွေ့ရှိနေရပါတယ်။ သို့သော်လည်း အဲ့လိုမျိူးထဲကမှ စိတ်ထားအလွန်မွန်မြတ်ပြီး ရိုးရိုးရှင်းရှင်းနေထိုင်တတ်တဲ့ ဆယ်လီများဟာ ဘယ်သူ‌တွေဖြစ်မလဲဆိုတာ အောက်မှာ ဖော်ပြထားပါတယ်။

(၁)Coco Chanel

Mademoiselle Coco သည် လှပတဲ့၀တ်စုံအလွှာအထပ်ထပ်နှင့် အမွှေးအတောင်တွေပါသော ကြီးမားတဲ့ဦးထုပ်ဆောင်းသော ထိုအမျိူးသမီးဟာ ကမ္ဘာပေါ်က အမျိူးသမီးတိုင်းရဲ့ဘ၀အတွက် များစွာအထောက်ကူပြုစေခဲ့ပါတယ်။ သူမဟာ အလွန်ကျော်ကြားတဲ့ အနက်ရောင်၀တ်စုံ ဖန်းတီးခဲ့ပြီး အကျီ ၊ နက်တိုင် ၊ လည်စည်း ၊ဦးထုပ် အစရှိသည့် ယောကျာ်းလေး ၀တ်စုံအသုံးဆောင်များကိုလည်းဖန်တီးခဲ့ပါတယ်။သူမဖန်တီးထားတဲ့အရာတွေကိုလည်း သူမကိုယ်တိုင် ၀တ်ဆင်ခဲ့ပြီး အမျိူးသမီးများအတွက် ဘယ်လောက် လိုက်ဖက်ကြောင်းကိုပြသခဲ့ပါတယ်။

(၂)Mark Zuckerberg

Facebookတည်ထောက်သူ မတ်ဇူကာဘတ်ဟာ မီးခိုးရောင် တီရှပ်ကိုသာ၀တ်တတ်ပြီး အ၀တ်အစားရွှေးချယ်ရာ၌ အလွန်ရိုးရှင်းပါတယ်။ အ၀တ်အစားရွှေးချယ်ပြီး အချိန်ဖြုန်းဖို့ မသင့်တော်ကြောင်းကို သူကပြောခဲ့ပါသေးတယ်။ ဒီfacebookဘီလီယံနာ သူဌေးရဲ့ ၀င်ငွေက ကမ္ဘာကျော် အမှတ်တံဆိပ်ပစ္စည်းများကို နေ့စဉ်၀ယ်နိုင်သည်အထိ ကြွယ်ဝပါတယ်။

(၃)Ingvar Kampad

IKEAကိုတည်‌‌ေထာင်သူဟာ သူ့ရဲ့ရိုးရှင်းမှုကို နှစ်တိုင်း အများသိစေခဲ့ပါတယ်။ သူဟာ ဈေးမကြီးတဲ့ ပစ္စည်းများနဲ့ ပုံမှန်အ၀တ်အစားများသာ ၀ယ်ခဲ့ပြီး ၁၅နှစ်ကြာ Volvo ကား အဟောင်းကိုသာအသုံး ‌ပြုခဲ့ပါတယ်။ သူ့စတိုးဆိုင်က ပစ္စည်းများကို သူ့အိမ်တွင်လည်းအသုံးပြုပါသေးတယ်။ သူဟာ အတော်ကိုချွေတာစုဆောင်းနိုင်တဲ့ ဘီလီယံနာတစ်ဦးလို့တောင် သတ်မှတ်လို့ရပါတယ်။

(၄)Boris Johnson

အရင်ကလန်ဒန်မြို့တော်ဝန်ဟောင်းနှင့်ယခုဗြိတိန်နိုင်ငံ၏ နိုင်ငံခြားရေး၀န်ကြီးတစ်ဦးဖြစ်တဲ့ Boris Johnson သည် အလုပ်ထဲသို့သွားရန်မော်တော်ယာဉ်ကားအစား သာမန်စက်ဘီးကိုသာ ရွေးချယ် သွားလာလေ့ရှိပါတယ်။ သူက ဒီလို ကားအစား စက်ဘီးကိုသာအသုံးပြုခြင်းက အလွန်ကောင်းပါတယ်ဟု ယူဆပြီး နိုင်ငံသားများကို သူ့ကဲ့သို့ ပြုလုပ်ရန်တိုက်တွန်းခဲ့ပါသေးတယ်။

(၅)Jennifer Garner

ဒီဟောလိဝုဒ် အလှပဂေးလေးကတော့ အမြဲရိုးရှင်းပြီး သူမ၏ ငွေကြေးပမာဏများစွာကို ထုတ်ပြလေ့မရှိပါဘူး။သူမ၏ကလေးများနှင့် သာမန်လူတွေ၀ယ်လေ့ရှိ သော အစုလိုက် အပြုံလိုက် ရောင်းတဲ့ ဈေးကိုဘဲသွားရောက်ပြီး ကုန်ပစ္စည်းများကို၀ယ်လေ့ရှိသောရိုးရှင်းသောအိမ်ရှင်မ တစ်ယောက်ပဲဖြစ်ပါတယ်။

(၆)Keanu Reeves

သရုပ်ဆောင် Keanu Reeves သည် သူ၏ကြင်နာမှုနှင့်နှိမ့်ချသောနေထိုင်မှုဘ၀ပုံစံသည် အင်တာနက်ပေါ်တွင် memoriesများဖန်တီးရန် အကြောင်းပြချက်တစ်ခု ဖြစ်ခဲ့ပါတယ်။သူ ရရှိသော အနုပညာကြေးလခများကို လှူဒါန်းခြင်းနှင့်သူတစ်ပါးအားလက်ဆောင်ပေးခြင်းတို့တွင် အသုံးပြုခဲ့ပါသေးတယ်။ထို့အပြင် သူသည် အလွန်ရိုးရှင်းသော အ၀တ်အစားများသာ ၀တ်ဆင်လေ့ရှိပြီးအများသုံး နယူးယောက် မြေအောက်ရထားကိုသာ အသုံးပြုခဲ့ပါသည်။