
ကမ္ဘာပေါ်မှာ မရှိသလောက်ရှားပါးတဲ့ သူရဲကောင်းလို့ေခါ်ရမည့် လူတစ်ချိူ့ဟာ သူတစ်ပါးဘ၀များကို တိုးတက်စေလာ စေအောင်ကူညီဖေးမတတ်ကြပါတယ်။ သူတို့ဟာ အကူညီလိုအပ်နေတဲ့ မည်သူ့ကိုမဆို (သို့မဟုတ်)ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်များကို ရှောင်ရှားခြင်းမပြုပဲ ကူညီနေကြသူများဖြစ်ပါတယ်။
(၁)ဒီကလေးမငယ်လေးဟာ သူ့သူငယ်ချင်းကို မနိုင်မနင်း ဒုက္ခကနေလွတ်မြောက်အောင်ကူညီပေးနေတာဖြစ်ပါတယ်။
(၂)ရေစိုပြီး မပျံနိုင်တဲ့ ကျီးကန်းကို လေမှုတ်စက်ဖြင့်အခြောက်ခံကူညီပေးနေသူတစ်ဦး
(၃)ဒီမိန်းမကြီးဟာ မိဘမဲ့ကလေးတွေ အတွက်လိုအပ်နေတဲ့ အိတ်ပေါင်းများစွာလှူတန်းပေးခဲ့ပါတယ်။
(၄)ဂျပန်မှာလမ်းပျောက်နေသူတစ်ဦးအားအဆုံးထိလိုက်ကူညီပေးနေသူနှစ်ဦး
(၅)အိမ်နီးချင်းတစ်ဦးဟာ ပျက်စီးနေတဲ့ မြက်ရိတ်စက်ကို ကောင်းမွန်လာအောင်နာရီပေါင်းများစွာကြာထိုင်ပြင်ပေးခဲ့ပါတယ်။ထိုကြောင့်သူ့ကိုကျေးဇူးဆပ်တဲ့အနေနဲ့ထိုကိတ်လေးကိုလက်ဆောင်ပေးခဲ့ပါတယ်။
(၆)ကျောင်းအတွက် လိုအပ်တဲ့ စာရေးခုံများစွာကို ကိုယ်တိုင် ပြုလုပ်ကာလှူဒန်းခဲ့သူတစ်ဦး
(၇)သဲကန္တာရမှာလာစွန့်ပစ်ထားတဲ့ ကြောင်ကလေး၉ကောင်စလုံးကိုခေါ်ယူကာမွေးစားခဲ့သူတစ်ဦး
(၈)ဘဝတစ်လျောက်လုံးသေချာထိန်းသိမ်းထားခဲ့တဲ့ ဆံပင်အရှည်ကို ဖြတ်ကာလှူဒါန်းပေးခဲ့သူ
(၉)ဒီတစ်ယောက်ဟာ နှစ်တိုင်း ကျွန်တော့်ကားပြင်ရာ၌ စိတ်ပါလက်ပါ ၀င်ရောက်ကူညီပြီး ပြင်ပေးနေသူပါ
(၁၀)ကလေးငယ်တွေမကြောက်ရအောင်သွားဆေးခန်းတခုက ဆရာ၀န်နဲသူ့မိန်းမဟာ ဒီလိုမျိူး၀တ်ဆင်ပြီး ကုသပေးပါတယ်။
(၁၁)ဘတ်စ်ကားဆရာတစ်ဦးဟာ ကားမောင်းနေရင်း လမ်းပေါ်မှာ စက်ဘီးပျက်လို့ ငိုနေတဲ့ကလေးကိုတွေ့တော့ ရပ်ပြီး ချက်ချင်းဆင်းကူညီပြင်ပေးခဲ့ပါတယ်။
(၁၂)ပန်းခြံထဲကအမှိုက်တွေကိုအမြဲတမ်းလာရှင်းပေးကြတဲ့လူငယ်တစ်စု
(၁၃)ဂျာမနီနိုင်ငံတွင် ရိုးတွင်းခြင်ဆီလိုအပ်နေတဲ့သူတစ်ဦးကို မသိတဲ့သူစိမ်းလူတစ်ဦးက လှူဒါန်းကူညီပေးခဲ့ပါတယ်။
(၁၄)ဒီကောင်မလေးဟာ ပိုက်ဆံအိတ်နဲ့ အရေးကြီးတဲ့ပစ္စည်းများစွာ ကျပျောက်ခဲ့ပြီး ရှာတွေ့တဲ့လူတစ်ဦးဟာ သူ့ကိုပြန်ဆက်သွယ်ပြီး အကုန်ပြန်ပေးအပ်နေတာဖြစ်ပါတယ်။
(၁၅)ကလေးငယ်လေးဟာ သူ့အကြိုက်ဆုံးအရုပ်တခုကို ပန်းခြံထဲတွင် ကျပျောက်ဆုံးရှူံးခဲ့ပြီး တွေ့ရှိသူကနောက်တနေ့မှာချူံပုတ်ပေါ်၌ ပြန်ထားထားပေးခဲ့ပါတယ်။
(၁၆)ဦးနှောက်ထဲတွင် သွေးယိုစိမ့်မှုဖြစ်ပြီးနေမကောင်းဖြစ်နေသောဖခင်အား လမ်းလျှောက်နိုင်အောင်ကူညီပေးနေသော ကလေးငယ်လေး။
(၁၇)ကောင်းတဲ့ကမ္ဘာကြီးဖြစ်လာစေဖို့အမှိုက်တွေကိုအမြဲလိုက်ကောက်သိမ်းပေးတတ်တဲ့အမျိုးသမီး
(၁၈)ဘယ်ဘက်ပုံကတော့ Otis ပထမဆုံးရောက်ရှိလာသောပုံဖြစ်ပြီး ညာဘက်ပုံကတော့ Otis လေးသူ့၏သခင်အသစ် လက်ထဲမှာ သန့်ရှင်းစွာနေထိုင်နိုင်နေသောပုံဖြစ်ပါတယ်။
(၁၉)လုပ်သက်ကြာပြီဖြစ် သောစစ်မှုထမ်းဟောင်း၏ ၁၈နှစ်အရွယ်ဓာတ်ပုံ နှင့် ၇၇နှစ်အရွယ်
(၂၀)အသက် ၄နှစ်အရွယ်ရှိသောကြောင်ကလေး ဆေးကုသမှုခံယူပြီးနောက်အိမ်မှာသက်တောင့်သက်သာဖြစ်စေရန်စီစဉ်းပေးထားပုံ