
ကျွန်ုပ်တို့ဟာ ပစ္စည်းတစ်ခု၏အရည်အသွေးကိုဖော်ထုတ်ရန်ကြိုးစားသောအခါမှာ များသောအားဖြင့် အနီးကပ်ကြည့်တယ် ၊ ထိကြည့်တယ် ပြီးတော့ အစမ်းသုံးကြည့်တတ်ကြပါတယ်။
ဒီတော့ လွယ်ကူတဲ့အရာကနေစလိုက်ရအောင်။အဖြေတွေနဲ့ခွဲခြားနည်းလေးတွေကိုတော့ အောက်ဘက်မှာဆက်လက်ဖော်ပြပေးထားပါတယ်။
(၁)သစ်သားအစစ်နဲ့ ပလပ်စတစ်ကို ခွဲခြားကြည့်လိုက်ပါ။
(၂) ဘယ်တခုက သဘာ၀ပိုးထည်အစစ်လဲ?
(၃)ဘယ်ဟာက ပုလဲ အစစ်လဲ?
(၄)အင်္ဂလိပ်ကြွေပန်းကန်နှင့်သာမန်ကြွေထည်ပန်းကန်ကိုခွဲခြားကြည့်ပါ။
(၅)လယ်သာ အစစ်ကဘယ်တခုလဲ?
(၆)ဒီပုံ နှစ်ခုထဲမှာ MAC matte နှုတ်ခမ်းနီတောင့်နဲ့ဆိုးထားတာ ဘယ်တစ်ခုဖြစ်မလဲ?
(၇)ဘယ်ဟာက ဈေးကြီးတဲ့လက်သည်းဆိုးဆေး ဖြစ်ပြီး ဘယ်ဟာက ဈေးပေါတဲ့လက်သည်းဆိုးဆေးလဲ?
(၈)သံထည် နဲ့ ငွေထည် ကိုခွဲခြားကြည့်ပါ။
(၉)ဘယ်ဟာက သိုးမွှေးချည်အစစ်လဲ?
(၁၀)နောက်ဆုံတခုကတော့ ဘယ်လက်စွပ်မှာစိန် အစစ်ကိုတပ်ဆင်ထားပါသလဲ?
အဖြေများ
ဒီအဖြေ တွေမှာတော့အတုကို ဘယ်လိုခွဲခြားရမလဲဆိုတာ ပြောပြထားပါတယ်။
(၁)သစ်သား
တခါတရံအတုများသည်အလွန်ကောင်းစွာပြုလုပ်ထားသောကြောင့် သစ်သားအစစ်ကို ခွဲခြားနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ သစ်သားအစစ်ရဲ့ အရောင်နဲ့ဖွဲ့စည်းတည်ဆောက်ထားပုံဟာ ပိုမိုနက်ရှိူင်းစွာပေါ်လွင်နေတာကိုတွေ့နိုင်ပါတယ်။
(၂)ပိုးထည်
တကယ့်ပိုးထုတ်ကုန်၏ချည်များဟာ သဘာဝအတိုင်းဖြစ်နေသောကြောင့်မတူညီသောအထူများရှိပါတယ်။ ထို့ပြင် ပိုးချည်ထည်အစစ်ဟာ တွန့်ခေါက်ရာ နှင့် အလင်းရောင်ပြန် ဟပ်ခြင်း တွေမရှိပါဘူး။
(၃)ပုလဲ
သဘာ၀ပုလဲကျောက်အစစ်ဟာ ပြားတဲ့မျက်နှာပြင်မျိူးမရှိပါဘူး။ထို့ပြင် ပုလဲအတု မှာက သိသာထင်ရှားတဲ့ ရောင်ပြန်ဟပ် တာမျိူး တွေရှိနေပါတယ်။ တကယ်လို့ ပုလဲစစ်ကို အလင်းရောင်အောက်သို့ ယူကြည့်တဲ့အခါမှာအပြာအလင်းရောင်အနည်းငယ်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။
(၄)အင်္ဂလိပ်ကြွေထည်
ညာဘက်ရှိပုံကိုကြည့်ပါသာမန်ကြွေထည်ဟာ အင်္ဂလိပ်ကြွေနှင့် မတူပဲ ကြွေထည်ရဲ့ ရှင်းလင်းသော စဉ့်သုတ်ထားတဲ့ရောင်ပြန်ဟပ်မှုပါရှိပါတယ်။ အကောင်းဆုံးခွဲခြားနိုင်မယ့်နည်းလမ်းကတော့ အလင်းအောက်ယူကြည့်ခြင်းဖြစ်ပါတယ်။ အင်္ဂလိပ် ကြွေထည်အဖြူတွေဟာအနည်းငယ်ထင်သာမြင်သာရှိပြီး အလင်းအောက်တွင် ညင်သာစွာ ရောင်ပြန်ဟပ် ပြီး လင်းပါတယ် ။ သာမန် ကြွေထည်တွေကတော့အဲ့လိုမဟုတ်ပါ။
(၅)လယ်သာ
သားရေ အတု (သို့မဟုတ်)eco လယ်သာများဟာ အချိန်ကြာလာသည်နှင့်အမျှ မှေးမှိန်သွားပြီး အမည်းရောင်ပြောင်းသွားပါတယ်။ပြီးနောက် သားရေအစစ် တွေဟာ ပိုပြီးကြာရှည်ခံတဲ့ပုံစံဖြစ်နေပါတယ်။ သားရေအစစ်ကို ခွဲခြားနိုင်သည့် နောက်တနည်းမှာ သူ့ကို ကွေးကြည့်ခြင်းဖြစ်ပါတယ်။ သားရေအစစ်က တွန့်ပြီးကွေးနေတဲ့ချိန် အရေးကြောင်းတွေပေါ်တတ်ပြီး မတွန့်မကွေးပဲ ပြန့်သွားချိန်မှာ ပုံမုန်တိုင်းပြန်ဖြစ်သွားပါတယ်။
(၆)Mattနှုတ်ခမ်းနီ
ဈေးကြီးတဲ့ တံဆိပ်များထဲမှ mattနှုတ်ခမ်းနီဟာ ပထမဆုံးဆိုးလိုက်တဲ့အချိန်မှာ တောက်ပနေမှာပါ ။ အတုများကတော့ ဆိုးပြီးကြာလာမှ အရောက်တောက်လာမှာပဲဖြစ်ပါတယ်။
(၇)လက်သည်းနီ
အရည်သွေးမြင့် လက်သည်းဆိုေဆးဟာ ဆိုးလိုက်ရင် ပြားကပ်ကပ်လေးအမြဲဖြစ်နေမှာပါ။ ပြားကပ်ကပ်နဲ့ အရည်သွေးကောင်းခြင်းကို တောက်ပတဲ့ အလင်းပြန်ရာမှ လွယ်ကူစွာ ခွဲခြားဆုံးဖြတ်နိုင်ပါတယ်။ သူမှာ မည်သည့်အပိုင်းအစအဖုများ မပါရှိပါက ပြားနေသည်ဟုဆိုနိုင်ပါတယ်။
(၈) ငွေထည်
ငွေအစစ်တွေဟာ သူရဲ့ အရောင်နဲ့ အနားစွန်းလေးတွေက ရှင်းလင်းပြတ်သားပါတယ်။ ရိုးရိုးသတ္တုများတွင် အစအနများ၊ အသေးစိတ်အချက်များနှင့် အစက်ပြောက်များပါရှိတတ်ပါတယ်။ သံနှင့်မတူသည်မှာ ငွေထည်ပစ္စည်းကို သံလိုက်က မဆွဲနိုင်ခြင်းဖြစ်ပါတယ်။ တကယ်လို့ ငွေကို မြေဖြူမှုန့်သုံးပြီးပွတ်တိုက်ပါက အနက်ရောင် အစင်းကျန်ခဲ့ပါတယ် ။ အရေးကြီးဆုံးအချက်ကတော့ ငွေထည်ပစ္စည်းတွေမှာ ထူးခြားချက် တစ်မျိူးစီရှိတတ်ကြပါတယ်။
(၉) သိုးမွှေး
သိုးမွှေးအမျှင်များဟာ မတူညီတဲ့ အထူအပါးပုံစံပါရှိပါတယ်။ ဒါပေမဲ့ စက်ရုံကပြုလုပ်ပြီးသား ချည်တွေကတော့ တူညီတဲ့ဖွဲ့စည်းပုံရှိပါတယ်။ သို့သော် သဘာ၀သိုးမွှေးတွေရဲ့ အဓိက ကွာခြားချက်ကတော့ တည်ငြိမ်လျှပ်စီးမဖြစ်နိုင်ခြင်းနှင့် ၀တ်ထားတုန်းရိုက်မိထိမိပါက မနှစ်မြို့ဖွယ်အသံမဖြစ်ပေါ်စေပါဘူး။
(၁၀)စိန်
စိန်အစစ်များဟာ အလင်းထိုးလျှင် သူရဲ့အလင်းယိုင်မှုဟာ ပိုမိုတောက်ပ နေခြင်းနှင့် မီးခိုးဖျော့ရောင်အရိပ်ကိုဖြစ်ပေါ်စေပါတယ်။ သက်တံ ကဲ့သို့ အရောင်စုံ အလင်းယိုင်နေခြင်းဟာ စိန် အတု ရဲ့လက္ခဏာဖြစ်ပါတယ်။ ထို့ပြင် အခြားလက်၀တ်ရတနာများကဲ့သို့ စိန်ရဲ့ထူးခြားချက်မှာစိန်တွေဟာ အလွန် မာကြော ပါတယ်။