
နေမရှိဘဲနဲ့ ကမ္ဘာမြေပေါ်က သက်ရှိတွေ အသက်ရှင်သန်နေထိုင်ဖို့ မဖြစ်နိုင်ပါဘူး။ နေထွက်ချိန်နှင့် နေ၀င်ချိန် ဟာ လှပအံဩစရာဖြစ်သည်ကိုမျက်စိမခွာပဲ ကြည့်ဖူး မြင်တွေ့ဖူးကြမှာပါ ။ ကျွန်ုပ်တို့ နေအဖွဲ့အစည်း အတွင်းရှိ ဂြိုလ်များနှင့် လများ ပေါ်မှကွဲပြားခြားနားသောအနေအထားကကြည့်သောအခါ မြင်တွေ့ရသော ပုံများကိုအောက်တွင်ဖော်ပြထားပါသည်။
မာကျူရီဂြိုလ်
မာကျူရီ ဂြိုလ်ဟာ နေနှင့် ကီလိုမီတာသန်း 60 အကွာအဝေးတွင်တည်ရှိပါတယ်။ထို့ကြောင့် မာကျူရီဂြိုလ်၏နေထွက်ချိန်တွင် နေဟာ ကမ္ဘာမှမြင်ရတာထက် သုံးဆကြီးမားပြီး ကမ္ဘာထက် ပိုမို တောက်ပပါတယ်။
ဗီးနပ်စ်ဂြိုလ်
ဗီးနပ်စ်ဂြိုလ် မျက်နှာပြင်က မြင်ရတဲ့ နေလုံးဟာထိုဂြိုလ်ကနေ ကီလိုမီတာ သန်း180ကွာဝေးပါတယ်။ဒီဂြိုလ်မှာ ဖုံးလွှမ်းနေတဲ့ တိမ်ထူကြီးကြောင့် နေလုံးဟာ အလင်းမှိန်တဲ့နေ့တွေမှာ ကောင်းကင်မှ အစက်အပြောက်တစ်ခုလိုသာဖြစ်နေတတ်ပါတယ်။
မားလ်ဂြိုလ်
မားလ်ဂြိုလ်ဟာကီလိုမီတာ သန်း၂၆၀အကွာဝေးမှနေကို လှည့်ပတ်နေပြီး ကမ္ဘာမြေမှမြင်ရတာထက် ၁.၅ဆ သာကွာဝေးပါတယ်။ ဒါဟာ နေကိုမမြင်နိုင်လောက်တဲ့အကွာဝေးမဟုတ်ပါဘူး။
ဂျူပီတာဂြိုလ်
Europa ကမြင်ရတဲ့နေ ဟာ ဂျူပီတာက မြင်ရတာနဲ့တူသလိုရှိပါတယ်။ ဂျူပီတာဂြိုလ်ဟာ နေနှင့် ကီလိုမီတာ779သန်းအကွာဝေးတွင်တည်ရှိပါတယ်။(နေနှင့်ကမ္ဘာမြေအကြားအကွာအဝေးထက် ၅.၂ ဆပိုများပါတယ်) ။ ဂျူပီတာဂြိုလ်၏နေရောင်ခြည် မှာ ဧရာမ ဓာတ်ငွေ့လေထုထဲဖြတ်သွားတာေကြာင့်နီညိုရောင်အကွင်း ပုံစံဖြင့် မြင်တွေ့ရပါတယ်။
စေတန်ဂြိုလ်
စေတန်ဂြိုလ်ဟာ အလွယ်တကူ သိနိုင်သော ဂြိုလ်တစ်လုံးဖြစ်ပါတယ်။ စေတန်ဂြိုလ်ဟာ နေကို ကီလိုမီတာ ဘီလီယံ 1.5ကီလိုမီတာအကွာဝေးမှ လှည့်ပတ်နေပါတယ်။(နေ နှင့် ကမ္ဘာအကွားဝေးထက် 9.5ဆ ကွာဝေးပါတယ်) ။ထိုဂြိုလ်ရဲ့နေရောင်ခြည်ဟာ ရေခဲပုံဆောင်ခဲနှင့် ဓာတ်ငွေ့များကြောင့် ထူးဆန်းသော နေအလင်းတန်းကို မြင်ရပြီး ” false sun”ကဲ့သို့ဖြစ်နေပါတယ်။
ယူရေးနပ်ဂြိုလ်
နေဟာ ထိုဂြိုလ်နဲ့ကီလိုမီတာ2.9ဘီလီယံတွင်ရှိနေသော်လည်း အကုန်လုံးကို နေရောင်အပူရှိန် အားလုံးပေးနိုင်ပါတယ်။(နေ နှင့် ကမ္ဘာ အကွာဝေးထက် 19ဆ ကွာဝေးပါတယ်)
နက်ပကျွန်းဂြိုလ်
တကယ်လို့ သင်ဟာ နက်ပကျွန်းဂြိုလ် ရဲ့အကြီးဆုံးလ ဖြစ်တဲ့ Triton ပေါ်မှာရပ်နေမယ်ဆိုရင်နေကို ဒီလိုပုံစံတွေ့မြင်ရမှာဖြစ်ပါတယ်။ နက်ပကျွန်း ဂြိုလ်ဟာနေနဲ့ 4.5ဘီလီယံ ကီလိုမီတာ အကွာဝေးတွင်တည်ရှိပါတယ် (နေ နှင့် ကမ္ဘာအကွာဝေးထက် အဆ30ကွာဝေးပါတယ်) ။ ဒီ ရေခဲနေတဲ့ဂြိုလ်ပေါ်ရှိ ကြီးမားတဲ့ဖုန် မှုန့်တွေကြောင့် ကောင်းကင်ဟာမှောင်မှိန် နေပြီး အလင်းရောင် မှိန်ဖျော့ဖျော့သာရှိပါတယ်။
ပလူတိုဂြိုလ်
နေအဖွဲ့အစည်းအတွင်း ကအဝေးဆုံးရှိ ပလူတိုဂြိုလ်မှ ကြည့်မယ်ဆိုလျှင် နေဟာ သေးငယ်သော အလင်းတန်းတခုမျှသာဖြစ်ပါတယ် ။ နေနှင့် 6ဘီလီယံ ကီလိုမီတာ အကွာဝေးတွင်တည်ရှိပါတယ်။ (နေနှင့် ကမ္ဘာကြားအကွာဝေးထက် အဆ၄၀ကွာဝေးပါတယ်) Plutoဂြိုလ်မှ ရရှိသော နေအလင်းရောင်သည် ကမ္ဘာမြေမှရရှိေသာအလင်းေရာင် ထက် အဆ ၁၆၀၀၀ မှေးမှိန်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က လပြည့်နေ့ အလင်းရောင်ထက်တော့ အဆ ၂၅၀ ပိုပြီးတော့လင်းနေပါတယ် ။