
လူအများစုဟာ ကျောင်းတုန်းကလို နက်နဲခက်ခဲတဲ့ ပဟေဠိများကို ကြိုးစားဖြေးရှင်းကြပြီး တခါတရံ ကျွန်ုပ်တို့ရဲ့စွမ်းရည်များကို ပြန်လည်စမ်းစစ်လိုတတ်ကြပါတယ်။ သူ့ရဲ့ဉာဏ်ရည်ဟာ ဘယ်လောက်ထိ မြင့်မားလဲဆိုတာ ဒီဉာဏ်စမ်းလေးတွေဖြေပြီး စမ်းစစ်ကြည့်ပါ။ အောက်ဆုံးမှာအဖြေတွေ ဖော်ပြထားပါတယ်။
မေးခွန်းများ
( ၁ ) ကလေးအားလုံးရဲ့ အသက်စုစုပေါင်းရဲ့ မြောက်လဒ်ဟာ 72 နှင့် အားလုံးပေါင်းလဒ်ဟာ 14 ဖြစ်ခဲ့လျှင် ကလေးတစ်ယောက်စီ၏ အသက်ဟာ ဘယ်လောက်ဖြစ်မလဲ။ အကြီးဆုံးသမီးဟာ ရေခဲမုန့်ကိုကြိုက်ပါတယ်။
( ၂ ) သင့်မှာ ၁၁ မိနစ်သဲနာရီ နှင့် ၇မိနစ် သဲနာရီ နှစ်လုံးရှိခဲ့လျှင် ၁၅ မိနစ်ကြာ သဲနာရီတွေ မရပ်သွားစေဘဲ ကြက်ဥတလုံးပြုတ်ချိန်ကို မည်သို့တိုင်းတာမည်နည်း။
( ၃ ) အောက်အပုံထဲမှ အခြားအရာတွေနဲ့ လုံးဝမတူတဲ့ အရာဟာ ဘယ်အရာဖြစ်မလဲ?
( ၄ ) မိန်းကလေးတစ်ယောက်ဟာ သူရဲ့လက်စွပ်ကို ကော်ဖီခွက်ထဲကျသွားသောအခါ သူ့ လက်ကို ကော်ဖီ မပေစေပဲ လက်စွပ်ကို ဘယ်လိုပြန်ယူရမလဲ?
( ၅ ) (22ထောင် ၊ 22ရာ ၊22ခု) ရှိခဲ့လျှင် သင့်မှာစုစုပေါင်းဘယ်လောက်ရှိမလဲ။
( ၆ ) အောက်ပါပုံတွင် တြိဂံ 24 ခုကိုရှာပါ။
( ၇ ) တိရစ္ဆာန် တစ်ကောင်စီရဲ့ အလေးချိန်ကိုတွင်ချက်ကြည့်ပါ။
( ၈ ) (29-1=30)ကိုဘယ်လိုမှန်အောင်လုပ်မလဲ။
( ၉ ) ဒီအပုံမှာ မြင်ရတဲ့ နံပါတ်ကို ခန့်မှန်းကြည့်ပါ။
အဖြေ
( ၁ ) ကလေးတွေရဲ့ အသက်ကို အစားထိုးနိုင်မယ့် အသက်က ၃-၃-၈ နဲ့ ၆-၆-၂ နှစ်ခုရှိပါတယ်။ ၆-၆-၂ နဲ့ ၃-၃-၈ နှစ်ခုလုံးရဲ့ မြောက်လဒ်က ၇၂ နဲ့ပေါင်းက ၁၄ စီ ရကြပါတယ်။ ဒါပေမယ့်အကြီးဆုံးသမီးက ရေခဲမုန့်ကြိုက်တယ်လို့ မှတ်ချက်ပေးထားတာမို့ ၃-၃-၈ သာလျှင်အဖြေမှန်ဖြစ်ပါတယ်။
( ၂ ) သဲနာရီနှစ်ခုလုံးကို တပြိုင်တည်းရေတွက်ထားပါ။ ၇မိနစ်ပြည့်ပြီးလို့ ၇ မိနစ်သဲနာရီရပ်သွားချိန်မှာ ၁၁ မိနစ်သဲနာရီကို ပြန်လှည့်ပြီး အချိန်ပြန်ရေတွက်နေပါ။ ၁၁ မိနစ်သဲနာရီရပ်သွားတဲ့အချိန်မှာ ၁၄မိနစ်ကြာမြင့်နေမှာဖြစ်ပြီး အဲဒီအခါ ၇ မိနစ်သဲနာရီကို ပြန်လှည့်လိုက်ကာ သဲနာရီတွေမရပ်ဘဲကြက်ဥဆူချိန် ၁၅ မိနစ်ရောက်အောင် ရေတွက်နိုင်ပါပြီ။
( ၃ ) တခြားအရာတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေတာကတော့ အပြင်ဘက်ကအဖြူလိုင်းမပါတဲ့အနီရောင်အဝိုင်းပါ။အားလုံးက ပုံစံ၊အရွယ်အစား၊အရောင်တွေမတူကြပေမယ့် အပြင်ကကွပ်ထားတဲ့ အဖြူလိုင်းပါတာတော့တူပါတယ်။
( ၄ ) ဒီအရာနဲ့ပက်သက်မယ့်အဖြေကတော့ နည်းနည်းတော့ကြောင်တောင်တောင်နိုင်ချင်နိုင်မှာပါ။ ကော်ဖီရှိနေတဲ့ခွက်ထဲကတော့မပေကျံဘဲပြန်ယူလို့မရနိုင်ပါဘူး။ သူမကျသွားတာကော်ဖီမရှိတဲ့ခွက်ထဲကိုပါဘဲ။
( ၅ ) အဖြေကတော့ ၂၄၂၂၂ ဘဲဖြစ်ပါတယ်
( ၆ ) အဖြေမှန်
( ၇ ) အဖြေမှန်
( ၈ ) အရာကိုတွက်ချက်နိုင်ဖို့ ဂဏန်းတွေကို ရောမအက္ခရာဖြစ် ပြောင်းလဲလိုက်ပါ။
( ၉ ) အဖြေကတော့ ၆၃၇ ဘဲဖြစ်ပါတယ်။