အကောင်းဆုံးဆုတွေရထားကြတဲ့ရေအောက်ကမ္ဘာမှသတ္တဝါများရဲ့ဓာတ်ပုံ(၈)ပုံ

ထိုရေအောက်မှဓာတ်ပုံတွေဟာ ရေငုတ်သမားဓာတ်ပုံဆရာတွေရဲ့ ဖန်တီးနိုင်မှုနဲ့ကျွမ်းကျင်မှုတွေကိုကိုယ်စားပြုတဲ့ဓာတ်ပုံတွေဖြစ်ပြီးသူတို့တွေဘယ်လောက်အထိကိုအပင်ပန်းခံရိုက်ကူးခဲ့ရသလဲဆိုတာကိုလည်းမြင်ယောင်မိစေပါတယ်။ပြီးတော့ထိုပုံတွေဟာ ရေအောက်ကမ္ဘာကအရာ‌တွေကိုမမြင်ဖူးတဲ့လူ‌ တွေအတွက်အရမ်းကောင်းတဲ့ဓာတ်ပုံတွေလို့လည်းဆိုနိုင်ပါတယ်။
(၁)မှန်


ဒီဓာတ်ပုံလေးကတော့လိပ်နဲ့လူသားကိုတွဲရိုက်ထားတာဖြစ်ပြီး ဓာတ်ပုံဆရာTroy Mayne ကGreat Barrier Rief မှာရိုက်ကူးထားတာပါ။ဒီဓာတ်ပုံဟာWide Angle ဓာတ်ပုံပြိုင်ပွဲမှာတတိယရရှိထားပါတယ်။
(၂)အံ့ဩစရာကောင်းတဲ့ကင်းမွန်


ဒီဓာတ်ပုံကတော့ဓာတ်ပုံဆရာDennis Corpuz  ကbobtail ကင်းမွန်ကိုရိုက်ကူးထားတာဖြစ်ပြီး Macroဓာတ်ပုံဆုကိုလည်းရရှိထားပါတယ်။
(၃)ကနေတဲ့ပင်လယ်ပိုးတစ်ကောင်


Lorenzo Terranea ဟာအီတလီဓာတ်ပုံဆရာတစ်ဦးဖြစ်ပြီးသူဟာအီတလီ‌ကမ်းရိုးတန်းရှိမြေထဲပင်လယ်ထဲက ပင်လယ်ပိုးတွေကိုဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ထိုဓာတ်ပုံဟာ Macro ရဲ့စတုတ္ထနေရာကိုရရှိခဲ့တဲ့ဓာတ်ပုံလည်းဖြစ်ပါတယ်။
(၄)ပိုက်ငါးများရဲ့ကမ္ဘာ


Tobias Dahlin ကြောက်နေတဲ့ပိုက်ငါးတွေကိုရင်းနှီးအောင်မနည်းကြိုးစားကာထိုပုံကိုရိုက်ယူခဲ့ရတာပါ။ထိုပုံဟာတော့ Cold Water ရဲ့ဆုရဓာတ်ပုံတစ်ပုံလည်းဖြစ်ပါတယ်။
(၅)အကြည့်


ငါးနှစ်ကောင်ရဲ့ပုံစံကိုလျှပ်တစ်ပြက်ရိုက်ကူးနိုင်ခဲ့တဲ့Joaquin Gutierrez ရဲ့ဓာတ်ပုံဟာ Portrait ရဲ့အကောင်းဆုံးဆုရဓာတ်ပုံတစ်ခုဖြစ်လာခဲ့ပါတယ်။
(၆)ဂျယ်လီငါးလေဆင်နှမောင်း


Marine Life မှာဆုရရှိခဲ့တဲ့ Geo Cloete ရဲ့ထိုဓာတ်ပုံဟာ အံ့ဩစရာကောင်းလောက်အောင် သတ္တာပုံဂျယ်လီငါးတွေအစုလိုက်ရှိနေတာကိုတွေ့ရပါတယ်။
(၇)မိတ်လိုက်နေတဲ့ဖားများ


ဓာတ်ပုံဆရာ Gino Symus ဟာ ဖားနှစ်ကောင်မိတ်လိုက်နေတာနဲ့ သူတို့ရဲ့ရာပေါင်းများစွာသောဖားဥဥနေပုံကိုရိုက်ကူးခဲ့ကာ Marine Life ရဲ့ဒုတိယဆုကိုရရှိထားပါတယ်။
(၈)မုဆိုးနဲ့သားကောင်


ဒီလှပတဲ့ပေါ်တူဂီ Man-O-War ဂျယ်လီငါးဟာမြွေဟောက်ရဲ့အဆိပ်လိုအဆိပ်ရှိတဲ့သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ဓာတ်ပုံဆရာJenny Stomvoll ကထိုဂျယ်လီငါးရဲ့ ကောင်းမသတ်ခင်အခိုက်အတန့်တစ်ခုကိုဓာတ်ပုံရိုက်ယူခဲ့ပြီးMirrorless  ရဲ့အကောင်းဆုံးဆုရဓာတ်ပုံတစ်ပုံလည်းဖြစ်ပါတယ်။