သင့်အသည်းကိုကောင်းစွာထောက်ပံ့ပေးနိုင်သည့် အစားအစာများ

ကျွန်တော်တို့၏ ခန္ဓာကိုယ်ထဲသို့ အန္တာရယ်ဖြစ်စေနိုင်သည့် အစားစာများ ၀င်ရောက်ခဲ့ပါက အသည်းဟာ ကျန်းမာရေးကောင်းစေရန် အတွက်အဆိပ်အတောက်များကို စစ်ထုတ်ရပါတယ်။ဒါကြောင့်မို့ဘယ်အစားအစာတွေက သင့်ရဲ့အသည်းကိုအထောက်အပံပေးနိုင်လည်းဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁)သံပုရာသီးနှင့် သံပယိုသီး

© depositphotos.com

သံပယိုသီး နှင့် သံပုရာသီးများတွင်ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်သောအရာများကို အလွယ်တကူဖယ်ရှားနိုင်ပြီး ရေတွင်ပျော်ဝင်‌နိုင်သောဒြပ်ပေါင်းများအဖြစ်သို့ပြောင်းလဲ‌ စေတတ်‌သော ဂုဏ်သတ္တိရှိသည့် လူအများသိကြသောဗီတာမင် စီ များစွာပါ၀င်ပါသည်။လတ်ဆတ်သော သံပုရာသီးနဲ့သံပယိုသီးဟာ အသည်း၏လုပ်‌ ဆောင်နိုင်မှုအတွက် ကောင်းကျိူးများစွာဖြစ်ထွန်းပါသည်။

(၂)ပန်းသီး

© depositphotos.com

ပန်းသီးဟာခန္ဓာကိုယ်ကိုသန့်စင်ရန်နှင့်အစာခြေလမ်းကြောင်းမှအဆိပ်များကိုဖယ်ရှားရန်အတွက်လိုအပ်သော pectinဓာတ် ကြွယ်ဝသောကြောင့်အသည်းအပေါ် အထောက်အကူပြုပါတယ်။

(၃) Grapefruit

© depositphotos.com

Grapefruit တွင်ဗီတာမင်စီပါ၀င်ရုံ သာမကအသည်းမှထုတ်ပေးသော glutathione ဓာတ်ဆဲလ်မျိူးလည်းပါ၀င်ပါတယ်။
၎င်းသည်တစ်ရှူးများပြန်လည်ပြုပြင်ခြင်း၊ ပရိုတိန်းထုတ်လုပ်ခြင်းနှင့်ကိုယ်ခံအားစနစ်ကိုပြန်လည် ကောင်းမွန်လာအောင် ထိန်းပေးခြင်းများပြုလုပ်ပေးပါတယ်။
Grapefruit တွင် ၇၀ မီလီဂရမ်ကျော် glutathione ပါ ၀င်ပြီး အသည်းကို အဆိပ်တောက်ဖယ်ရှားသည့်အင်ဇိုင်း များထုတ်လုပ်ရန်ကူညီပေးပါတယ်။

(၄)လက်ဖက်စိမ်း

© depositphotos.com

လက်ဖက်စိမ်းတွင် antioxidants ကြွယ်၀စွာပါ၀င်ပြီး ကက်သရင်းလို့ခေါ်တဲ့ flavonoid အော်ဂဲနစ်အုပ်စုထဲတွင်ပါ၀င်ပါတယ်။
သိပ္ပံပညာရှင်များကထိုအချက်များကြောင့်လက်ဖက်စိမ်းသည် ကိုယ်ခန္ဓာအတွင်းရှိ ကင်ဆာအမျိုးမျိုးမှကာကွယ်ပေးနိုင်သည်ဟု ‌ဆိုကြပါတယ်။

(၅)သံလွင်ဆီ

© depositphotos.com

သံလွင်ဆီကို အသင့်အတင့်သောက်ခြင်းဖြင့်အသည်းကိုများစွာအထောက်အကူပြုတယ်။
သံလွင်ဆီဟာ ခန္ဓာကိုယ်အတွင်းရှိအဆိပ်များကို‌ေချဖျက် စားသုံးသည့် lipid ကိုထောက်ပံ့ပေးသည်။ထို့ကြောင့် သူဟာ အသည်းရဲ့လုပ်ဆောင်ချက်
တစ်စိတ်တစ်ပိုင်းကို ကူညီပေးနိုင်ခြင်းဖြစ်ပါတယ်။