
နယူးယောက်မြို့နှင့် တိုကျိုမြို့တို့ကဲ့သို့ မြေအောက်မီးရထားစနစ်ရှိကာ ဖွံ့ဖြိုးပြီးအချက်အချာကျသော မြို့ကြီးများတွင်နေထိုင်ပါက အကျိုးရှိမှာအမှန်ပါပဲ။ ယဉ်ကျေးမှုတွေ စွမ်းအင်တွေ စဉ်ဆက်မပြတ်ရွေ့လျားမှု အပြည့်ရှိနေတဲ့ မြို့ပြပတ်၀န်းကျင်တွေမှာ နေထိုင်ရတာဟာ လူပေါင်းများစွာအတွက် အဆိပ်မိနေသကဲ့သို့ ဖြစ်နေပါတော့တယ်။ သို့သော် လူနေမှုပုံစံတွေဟာ မတူညီကြပါဘူး။ ပတ်၀န်းကျင်တိတ်ဆိတ်ပြီး အေးချမ်းစွာအနားယူချင်လိုသော သူများအတွက် ပိုကောင်းတဲ့နေရာတစ်ခုရှိနေသည်ဟု ယုံကြည်နေကြပါတယ်။ သို့ပေမဲ့ သူတို့ဟာ အမြဲတမ်းနီးပါး ဈေးတက်လို့နေပါတယ်။
(၁) Iceland ပြည်နယ် Vestmannaeyjar ကျွန်းစုရဲ့ Elliðaey ကျွန်းရှိနေအိမ်
Elliðaey ကျွန်းဟာ Vestmannaeyjar ကျွန်းစုရဲ့ တတိယအကြီးဆုံးကျွန်းဖြစ်ပြီး iceland ပြည်ရဲ့ တောင်ဘက်ပိုင်းတွင် တည်ရှိပါတယ်။၁၁၀ ဧကမှာ အိမ်တစ်လုံးတည်းသာ ရှိပြီး Elliðaey အမဲလိုက်အသင်းက ဖွဲ့စည်းထားတဲ့ အမဲလိုက်စခန်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီ အိမ်စခန်းဟာ တောရိုင်းတိရစ္ဆာန်များ ၀န်းရံလျက်ရှိပြီး အံဩဖွယ် မြင်ကွင်းများလည်းရှိပါတယ်။ အမဲလိုက်အသင်းဟာ ကျွန်းပေါ်က puffins အမည်ရှိငှက်များကို ဖမ်းစီးဖို့အတွက်ဖြစ်ပါတယ်။
(၂) Faroe ကျွန်းစုကVágarကျွန်းပေါ်တွင်ရှိတဲ့Gásadalur ဒေသရဲ့ကျေးရွာလေးတစ်ခု
Faroe ကျွန်းစုရှိ Vager ကျွန်းပေါ်တွင် တည်ရှိပြီး ၂၀၀၄ ခုနှစ်ကမှစ၍ ကားလမ်းပေါက်ရောက်သော ရွာငယ်လေးတစ်ခုဖြစ်ပါတယ်။၂၀၁၂ ခုနှစ်တွင် Gásadalur ရွာတွင် နေထိုင်သူဦးရေ ၁၈ ယောက်ခန့်သာ ရှိပါသေးတယ်။ ရင်သပ်ရှုမောဖွယ်ကောင်းလှသည့် ရှုခင်းများကို ပိုင်ဆိုင်ထားသော်လည်း ရွာ၏မြေနေရာဒေသမှာ သွားရောက်လည်ပတ်ဖို့ ခက်ခဲသည့်အပြင် နေထိုင်ဖို့ဆို ပိုလို့တောင် ခက်ခဲလှပါတယ်။
(၃) အမေရိကန်နိုင်ငံ Colorado ပြည် Crystal မြစ်ရှိ ရေဒလက်အိမ်လေး
၁၈၉၀ခုနှစ်တွင် ဆောက်လုပ်ထားပြီးသစ်သားအမာများသာအသုံးပြုထားသော Crystal ရေဒလက်အိမ်လေးဟာ Colorado’s ပြည်နယ်ရှိ Crystal မြစ်တွင်တည်ရှိပါတယ်။ခက်ခဲလှတဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ ၁၉၈၅ခုနှစ်ဇူလိုင်လ၅ရက်နေ့တွင် နိုင်ငံ့သမိုင်း၀င်နေရာတစ်ခုအဖြစ် အတည်ပြု ထည့်သွင်းခဲ့ပါတယ်။ဒီ မြေနေရာလေးဟာ ပုဂ္ဂလိကပိုင် မြေနေရာ ဖြစ်နေဆဲဖြစ်ပြီး ၊ အများပြည်သူများအတွက် ဖွင့်လှစ်ပေးရန် စစ်ဆေးထားဆဲဖြစ်ပါတယ်။
(၄) ပေါ်တူဂီနိုင်ငံ Face တောင်ပေါ်ရှိ Caso do penedo ကျောက်တုံးအိမ်
Caso do penedo ကျောက်တုံးအိမ်ဟာ ပေါ်တူဂီနိုင်ငံ Guimarães မြို့ရှိ Fafe တောင်ပေါ်တွင်တည်ရှိပါတယ်။ ဒီပေါ်တူဂီအိမ်လေးဟာ ကျောက်တုံးကြီးထဲကနေ သဘာ၀အတိုင်း ဖြောင့်ဖြောင့်တန်းတန်းပေါ်ထွက်လာသော အိမ်လို့ထင်ရ ပေမယ့် သူ့ကို ၁၉၇၄ ခုနှစ်တုန်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းတည်ဆောက်ပုံအရ လျှပ်စစ်မီးမရရှိသောကြောင့်လည်း အလင်းရောင်ရရှိရန်အတွက် ဖယောင်းတိုင်မီးကိုသာ အသုံးပြုရပါတယ်။ အားလပ်ရက် အပန်းဖြေအနားယူရန်အတွက် အသုံးပြုပြီး Caso do penedo အိမ်လေးကို ကျောက်တုံးလေးခုတို့ဖြင့် တည်ဆောက်ထားခဲ့ပါသည်။
(၅) Georgiaပြည်နယ် Imereti ဒေသရှိ Katskhi ကျောက်တိုင်
ဆရာတော်ကို ရည်စူးပြီး တည်ထားသော ဘုရားရှိခိုးကျောင်းသည် ပေ ၁၃၀ ခန့်မြင့်သော Katshki ကျောက်တိုင်ထိပ်ပေါ်တွင် တည်ရှိပါတယ်။ ထိုဘုရားရှိခိုးကျောင်းတွင် ဝိုင်များ သိုထားသောမြေအောက်ခန်း နှင့် လျှိူ့ဝှက်အခန်းများအပြင် အခြားသော ထူးခြားချက်များလည်း ရှိပါသေးသည်။
၁၉၄၄ခုနှစ် နောက်ပိုင်းမတိုင်ခင် သုတေသနပညာရှင်များဟာ ကျောက်မှတ်တိုင်ပေါ် တက်ရောက်ခြင်း မရှိခဲ့ကြပါ။ စွန့်ပစ်ပျက်စီးခဲ့ပြီးနောက် မူလအတိုင်း ဘုရားရှိခိုးကျောင်းကို ၂၀၀၅ ခုနှစ် မှ ၂၀၀၉ ခုနှစ်အတွင်း ပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။