
ကျွန်တော်တို့ သိထားသောအရာတွေဟာ အမှန်တကယ်နှင့်လုံးဝကွဲပြားသွားနိုင်ပါတယ်။
သင့်လျော်သောရိုက်ချက်ရှူထောင့်က ပုံတစ်ပုံကိုကြည့်လျှင် လူ့ခန္ဓာအစိတ်အပိုင်းဟု ထင်ရသော်လည်း အမှန်တကယ်က ရေခဲသေတ္တာထဲကအနီရောင်ငရုတ်ပွ ဖြစ် ကောင်း ဖြစ်နိုင်ပါတယ်။ဒီပုံများဟာ ပထမတစ်ခေါက်ကြည့်မိရုံနဲ့ ဘာပုံမှန်းမသိအောင် ဖြစ်စေပြီး အချိန်ယူကြည့်မှသာဘယ်လိုကွဲပြားခြားနားလဲဆိုတာသိရှိစေမှာပဲဖြစ်ပါတယ်။
(၁) သွေးနီဥများ စုပေါင်းနေသကဲ့သို့ ဖြစ်နေတဲ့ ငရုတ်ပွအနီရဲ့ အစေ့များ
(၂) ဒိုင်နိုဆောတစ်ကောင်ရဲ့ လက်နှင့် တူနေသော ဂျင်းအမြစ်
(၃) ဓားပေါ်ကနူးညံတဲ့ ထောပတ်လေးဟာ ကျောက်ခရုခွံသဏ္ဌာန် ဖြစ်နေပါတယ်။
(၄) ကော်ဖီခွက်အောက်ခြေထဲမှာ ဂြိုလ်တစ်လုံး ရောက်နေသကဲ့သို့ဖြစ်နေပါတယ်။
(၅) ဓာတ်လှေကားတစ်ခုရဲ့ ၀င်ရိုးလိုဖြစ်နေတဲ့ အံဆွဲ အလွတ်တစ်လုံး
(၆) ရေနဂါးနှင့် တူနေသော မနက်စာ၀က်သားပြား
(၇) ကျောက်တုံးတစ်တုံးဟာ လူ ခေါင်းပုံစံဖြစ်နေပြီး မျက်နှာပုံစံလည်းပေါ်နေပါသည်။
(၈) ညစ်ပတ်ပြီး ရွံစရာကောင်းတဲ့ အမှိုက်ထုပ်လို့မြင်နေရင် သေချာပြန်ကြည့်လိုက်ပါ ခရမ်းချဉ်သီးပုပ်တစ်လုံးဖြစ်ပါတယ်။
(၉) ရေအိုင်နှင့် ကျောက်စရစ်ခဲများပေါ် ရောင်ပြန်ဟပ်နေသော လှပပြီးကြယ်များစုံလင်နေတဲ့ညတစ်ည
(၁၀) အငွေ့ပျံနေတဲ့ ဓာတ်ဆီဟာ မျက်လုံးတစ်လုံးရဲ့ မျက်ဆံနဲ့တူနေပါတယ်။
(၁၁) ဦးနှောက် ပုံဖော်ထားတဲ့ pasta ခေါက်ဆွဲ
(၁၂) သစ်သားချောင်းကို ချိူးလိုက်ရာမှ ဖြစ်ပေါ်လာတဲ့ သစ်သားမြို့ပုံစံလေး
(၁၃) အပင်အမြစ်များမှ သင့်ကို Hi လို့နှုတ်ဆက်နေပါတယ်။
(၁၄) များပြားလှတဲ့ ငွေဒဂ်ါးပြားတွေဟာ ငါးကြေးခွံနှင့်ဆင်တူနေပါတယ်။
(၁၅) ဒီပုံသေချာကြည့်ပါ ခရုတစ်ကောင်က သခွားသီးအဖြစ် ပြောင်းသွားတာလား သခွားသီးက ခရုပုံဖြစ်နေတာလား?။