
ထိုလှေကားများကတော့ ကမ္ဘာ့အနယ်နယ် အနှံ့အပြားတွင် တည်ရှိကြပါတယ်။အချိူ့ကကျောက်တုံး (သို့) သစ်သား ဖြင့်ပြုလုပ်ထားပြီး ၊ အချိူ့လှေကားများဟာ ရထားလမ်းများလည်း ပါရှိကြပါတယ်။ အချိူ့ လှေကားများမှာတော့မပါပါဘူး။ အန္တရာယ်ရှိလှတဲ့ လှေကားအမြင့်ကြီးက အသက်ရှူမှားလောက်အောင် အံ့ဩစရာကောင်းပြီး လှေကားထစ်များကိုပင် မမြင်ရတဲ့ပထိ ဖြစ်နေတတ်ပါတယ်။
(၁) Kalavantin Durg fort တောင်ရှိလှေကား (India)
ကျဉ်းမြောင်းသေးငယ်လှပြီး ခံတပ်ပုံစံအတိုင်း တည်ရှိနေကာ လှေကားထစ်များဟာ အရမ်းမတ်စောက်နေသောကြောင့် ကမ္ဘာပေါ်ရှိ အန္တရာယ်အရှိဆုံး လှေကားထစ် ဟုလည်းခေါ်ပါတယ်။ မညီမညာဖြစ်နေသော လှေကားများဟာ မွန်ဘိုင်းမြို့နှင့် နီးစပ်လျက်ရှိသော ကျောက်ဆောင်များကိုဖြတ်ကာ ဖောက်လုပ်ထားကြပါတယ်။ လှေကားထစ်များအတိုင်း အစအဆုံးတက်မယ်ဆိုပါက 3 နာရီလောက်ကြာမြင့်နိုင်ပါတယ်။ လှေကားများဟာ မြူခိုးများနှင့်အမြဲစိုစွတ် နေသောကြောင့် လှေကားအဆင်းတွင် အချိန်ပိုကြာမြင့်နိုင်ပါတယ်။ရှေးဟောင်းလှေကားများဖြစ်၍ လက်ကိုင်တန်းများ မပါရှိပါဘူး။ စွန့်စွန့်စားစား တောင်တက်သူများဟာဆိုလျှင် ကျောက်ကို ကုတ်တွယ်ရသော တောင်တက်ကိရိယာများအသုံးပြုကာ တက်ရပါတယ်။ သို့မှသာ မပြုတ်ကျနိုင်မှာဖြစ်ပြီး အလွန်စိတ်လှုပ်ရှားစရာကောင်းလှတဲ့ လှေကားများဖြစ်ပါတယ်။
(၂) ဇစ်ပုံစံ ကျောက်လှေကားကြီး
ထိုကျောက်လှေကားကြီးဟာ Colombiaနိုင်ငံ တွင်တည်ရှိပြီး El Peñón de Guatapé ဟုလည်းခေါ်ပါတယ်။ လှေကားထစ်များဟာတညီတညာတည်း တောင်ထိပ်ဆုံးထိဖြစ်နေပြီး သူ့ကိုအရာ၀တ္ထုပစ္စည်းများနှင့် နှိုင်းယှဉ်ကြပါတယ်။ လူတစ်ချိူ့က ထိုလှေကားထစ်များကို ချည်မျှင်ဖြင့် ချုပ်ထားသယောင် ထင်ကြပြီး တစ်ချို့လူများကမူ ဇစ်ကိုမြင်ရတာနဲ့တူသည်ဟု ထင်ကြသည်။ တစ်ချို့သောအုပ်စုများကတော့ Zombie ဖြစ်စဉ်ထဲက အကောင်းဆုံးရွက်ဖျင်တဲသယောင်ရှိသည်ဟု ယုံကြည်ကြပါတယ်။
(၃) တရုတ်ပြည်ရှိ ကောင်းကင်နဲ့ ထိခြင်းဟုခေါ်ကြတဲ့လှေကား
တရုတ်နိုင်ငံ Hunan ပြည်နယ်တွင် Tianmen တောင်တန်းတစ်ခု တည်ရှိပါတယ်။ ထိုတောင်တန်းကို “ကောင်းကင်တံခါး၀” ဟုလည်း ခေါ်ဆိုကြပြီး ထိုတံခါး၀ကဲ့သို့ အဝိုင်းပေါက်ဟာ အေဒီ ၂၆၃ လောက်က ငလျင်ဒဏ် ခံရပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ထင်မြင်ကြပါတယ်။ လှေကားထစ်ပေါင်း ၉၉၉ ထစ်ကို တက်ရောက်ပြီးသူများဟာ “ ကောင်းကင်တံခါးဝ” ကိုကျော်ဖြတ်ကာ ကောင်းကင်နှင့် ထိတွေ့နိုင်ပြီး ထာ၀ရ ဘ၀အဆက်ဆက် ပျော်ရွှင်မှု ရရှိကြမည်ဟုလည်း ယုံကြည်ကြပါတယ်။ သို့သော် လှေကားအဆုံးထိ ကိုယ်တိုင်တက်ရောက်နိုင်ဖို့တော့ နည်းနည်းခက်ခဲပါလိမ့်မယ်။ ကောင်းကင်တံခါး၀ဟာ တောင်ထိပ်ပေါ်တွင် တည်ရှိပြီးခရီးသွားများနှင့် ဘုရားဖူးများက ပထမအဆင့်ကို ကေဘယ်ကားဖြင့် တက်ရောက်ကြပြီး ထို့နောက်အဆုံးထိရောက်ရန် 7 miles ဝေးသောကွေ့ကောက်သည့် တောင်တက်ကားလမ်းကို “၉၉ ထပ်ကွေ့လမ်း” ဟုလည်းခေါ်ကြပါတယ်။
(၄) ပေ၃၀၀မြင့်သော ကြောင်လိမ်လှေကား
ညီညာစွာတည်ရှိပြီး လိမ်၍တက်ရသော ထိုလှေကားကို mind-boggling ဟုလည်း ခေါ်ကြပါတယ်။ အမြင့်ပေ ၃၀၀ နီးပါးရှိသည့် ထိုကြောင်လိမ်လှေကားဟာ Taihang တောင်ထိပ်ပေါ်တွင် တည်ရှိပါတယ်။ တိုက်အထပ် (၃၀) လောက်အမြင့်ရှိသည့် လှေကားများကို တောင်ထိပ်ထိတက်လိုသူများ အားကြိုတင်သတိပေးဆိုင်းများဘုတ်တပ်ဆင် ထားပြီး မိမိကိုယ်တိုင်ကလည်း ကျန်းမာရေးကောင်းမွန်ကြောင်းကို စာရွက်စာတမ်း၌ လက်မှတ်ရေးထိုးမှုများလည်း ပြုလုပ်ကြရပါတယ်။ အသက်၆၀အထက် လူကြီးများအား လှေကားတက်ရန်ခွင့်မပြုထားပါဘူး။ အကြောင်းကတော့ လေတိုက်တဲ့အခါ လှေကားထိပ်ရှိ လှေကားထစ်၀န်ရိုးကိုယ်ထည်တစ်ခုလုံးဟာလှုပ်ခါစေနိုင်သောကြောင့် ဖြစ်ပါတယ်။
(၅) Walking the dead loop
ဒီထူးဆန်းတဲ့လှေကားဟာ Germany နိုင်ငံ Duisburg မြို့ရဲ့ အကျော်ကြားဆုံး မြင်ကွင်းတစ်ခုဖြစ်ခဲ့ပြီး လှေကားရဲ့ နာမည်ဟာလည်း ပုံမှန်မဟုတ်ခဲ့ပါဘူး။ ထိုလှေကားကိုဖန်တီးသူ တွေဟာ အများပြည်သူတို့ကို roller coaster လမ်းပေါ် တွင်လမ်းလျောက်ခွင့်ပေးသကဲ့သို့ ဖြစ်နေပါတယ်။ သင်ဟာ dead loop ခေါ် လှေကားရဲ့အဆုံးထိဖြတ်ကျော်ဖို့ လွယ်ကူလောက်ပါတယ်။ လှေကားရဲ့အရှည်ကတော့ ပေ 720 ရှိပါတယ်။ ၄၂ ပေခန့် အမြင့်ရှိသော လှေကားကနေ မြို့ရဲ့မြင်ကွင်း အကျယ် ရှုခင်းတစ်ခုလုံးကိုလည်း မြင်နိုင်ပါ သေးတယ်။ထိုအပြင် လှေကားများတွင် ညနေခင်း၌ မီးများဖြင့်ထွန်းကာ လှပနေပါသေးတယ်။