
ခရီးသွား ၊ ဗြိတိသျှဓာတ်ပုံဆရာတစ်ယောက်ဖြစ်သော Jimmy Nelson ဟာပွဲတက်နေသောကော်ဇောနီပေါ်က မင်းသားမင်းသမီးတွေ ဒေါက်ဖိနပ်အမြင့်ကြီးတွေစီးပြီး ဖက်ရှင်ကျနေတဲ့သူတွေ၊ ဆိုင်ကယ်ပေါ်က ဂေါ်နေတဲ့သူတွေကို ဓာတ်ပုံရိုက်မယ့်အစားသူဟာ တိရိစ္ဆာန်သားရေတွေ အပြည့်၀တ်ဆင်ကာ မျက်နှာဆေးခြယ်ထားတဲ့ လူမျိူးနွယ်စုပုံတွေ ၊ သူတို့ရဲ့ရန်သူနဲ့တိုက်ခိုက်နေတဲ့ပုံတွေကို သာရိုက်လေ့ရှိသော ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပါတယ်။ Chukotka ဒေသကနေ Papua New Guinea ဒေသအတွင်း နေထိုင်ကျက်စားနေကြသော လူမျိူးနွယ်စုလေးတစ်စုဟာ ကမ္ဘာပေါ်တွင် ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသော လူမျိူးစုငယ်လေးတွေဖြစ်ပါတယ်။ သူတို့ရဲ့ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်းများကကျွန်ုပ်တို့အားလုံးအတွက် ရှားပါး၍ အရေးပါသောအမွေအနှစ်တစ်ခုဖြစ်ပြီး သူတို့ရဲ့ ပုံစံရုပ်ဆင်းသဏ္ဌာန်သည် ရုပ်ရှင်များတွင် သင်တွေ့ဖူးနေသမျှပုံစံ ထက်ပိုပြီး ထူးဆန်းအံဩစေပါလိမ့်မယ်။
( ၁ ) Goroka လူမျိုး(Papue New Guinea)
Gorokaမြို့ဟာ Papue New Guinea နိုင်ငံအတွင်းရှိမြို့ဖြစ်ပြီး အရှေ့ပိုင်းကုန်းမြင့်ဒေသ၏ မြို့တော်ဖြစ်ပါတယ်။ Goroka မြို့နေ လူမျိူးစုများဟာ မြို့ပြကြီးများအနီးတွင် နေထိုင်သောကြောင့် ယဉ်ကျေးမှုတိုးတက်ဖို့နီးစပ်ကြပါတယ်။ Goroka မြို့ရှိဒေသခံများဟာ နတ်ဘုရားများ ဝိညာဉ်များကို ယုံကြည်နေကြဆဲဖြစ်ပြီး သဘာဝအလှတရား အံ့ဖွယ်ရာများကိုလည်း ရိုသေလေးစားကြပါသည်။
သူတို့ရဲ့ အဓိကလက်နက်တွေဟာ လေးမြှားများသာမက စစ်ဆေးသုတ်ခြင်းနှင့် ရိုးရာအဆင်တန်ဆာများလည်းပါ၀င်ပါတယ်။ သူတို့လူမျိူးစုစစ်သည်များဟာ ရန်သူတွေကိုအထင်ကြီးခြင်းနဲ့ ရန်သူများကိုခြိမ်းခြောက်ခြင်း အကြောင်းများစွာကိုလည်း သိပုံရပါတယ်။
၎င်းလူမျိူးစုများ၏ “စီးပွားရေးပြကွက်” တွေဟာလည်းကောင်းလှပါတယ်။ Goroka ပြပွဲများဟာ ထိုနေရာများတွင် နှစ်စဉ်ကျင်းပ လေ့ရှိပြီး ဒေသတွင်းရှိလူမျိုးစု ၁၀၀ ကျော်တို့သည် သူတို့ရိုးရာ အဆို ၊ အက နှင့် ဓလေ့ထုံးတမ်းများကို ပြပွဲ၌ အခြားဧည့်သည်ပရိသတ်များကို ပြသကြပါတယ်။
( ၂ ) Huli လူမျိုး(Papue New Guinea)
ဟူလီလူမျိုးစုကြီးသည် အမဲလိုက်ခြင်းဖြင့် အသက်ရှင်သန်နေထိုင်ကြသော လူမျိုးစုဖြစ်ပြီး ယောကျာ်းသားများက အဓိက အမဲလိုက်ကြပါတယ်။ ဟူလီ အမျိူးသမီးများကတော့ များသောအားဖြင့် လယ်ယာစိုက်ပျိုးခြင်း နှင့် ရိတ်သိမ်းစုဆောင်းခြင်းတို့တွင်ကောင်းမွန်စွာလုပ်ကိုင်နိုင်ကြပါတယ်။
ခရီးသွား ဧည့်သည်များဟာ သူတို့ရဲ့ လှပသောဥယျာဉ်များကို အမြဲ သဘောကျနှစ်သက်လေ့ရှိကြပါတယ်။
ဟူလီ လူမျိူးများဟာ လူမျိူးစု စစ်ပွဲများဖြစ်ခဲ့လျှင် သူတို့၏ မျက်နှာများကို အဝါ ၊ အနီ နှင့် အဖြူတို့ကို လိမ်းခြယ်ကာ ရန်သူများကို တိုက်ခိုက်တတ်ကြပါတယ်။ သူတို့ရဲ့ကျော်ကြားတဲ့အစဉ်အလာကတော့ သူတို့ဆံပင်ကနေဆံပင်တုများ ပြန်လည်ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဆံပင်တုများဟာ ငှက်နှင့်ကြက်တူရွေးများ၏ အမွေးများဖြင့် ဖက်ရှင်ကျကျထူးဆန်းစွာအလှဆင်ထားသော ဦးထုပ်များနှင့်တူသလိုရှိပါတယ်။
( ၃ ) Kalamလူမျိုး (Papue New Guinea)
ဒေသခံများသည်သူတို့ ရိုးရာကျေးလက်ရွာများတွင် နေထိုင်ကြပါတယ်။ ယဉ်ကျေးမှုသိပ်မပျံပွားသေးသည့်အတွက် ယောကျာ်းလေးများသည်အမဲလိုက်ခြင်း၊ မိန်းကလေးများသည် စုရုံးခြင်းနှင့်လယ်ယာလုပ်ခြင်းများတွင်လုပ်ကိုင်ကြတာကိုတွေ့ရပါတယ်။
Kalam မျိူးနွယ်စု မှအရွယ်ရောက်ခါစ ယောက်ျားလေးများဟာ နှာခေါင်းဖောက်ပြီး kalamလူမျိူးအဖြစ် ခံယူကြပါသည်။ နှာခေါင်းဖောက် ပြီးတော့ နောက်ဆုံးအနေနဲ့သူတို့ရဲ့ မျက်နှာတွေကို ဆေးခြယ်ကြပါတယ်။ အမျိုးသားများက သူတို့ရဲ့အသွင်အပြင် (ဒီဇိုင်းကာလာအနေအထား)ကို အလွန်ဂရုစိုက်ကြပါသည်။ သူတို့ ဟာ ကျောက်ခဲစ၊ပန်းရိုင်းနှင့်ငှက်မွေးများဖြင့်ပြုလုပ်ထားသောအဆင်တန်ဆာများ ၊ လည်ဆွဲများဖြင့် ခန္ဓာကိုယ်ကို ဖုံးအုပ်ထားကြပါသည်။
( ၄ ) Chukchi လူမျိုး (Russia)
Chukchi လူမျိူးများသည် သမင်မွေးမြူခြင်းနှင့် အမဲလိုက်ခြင်းဖြင့် အသက်ရှင်နေထိုင်ကြပြီး ဒေသခံအမျိုးသမီးများမှာ အများစုက အိမ်ရှင်မများနှင့်၊ အပ်ချူပ်ခြင်း ပန်းထိုးခြင်းများလည်း လုပ်ကိုင်ကြပါတယ်။သို့သော် ဒေသခံများကအနုပညာအတွက်အချိန်ပေးလေ့ရှိကြပါသေးတယ်။
ပင်လယ်ဖျံ၏ အရိုးနှင့်အစွယ်များကို ပန်းပုထု လုပ်ကြပါတယ်။ဤခက်ခဲ သော ဒေသတွင် ဧည့်ဝတ်ကျေပွန်မှုနှင့်ရက်ရောမှုတို့ကို အလွန်တန်ဖိုးထားသောကြောင့် Chukchi ဒေသသည်မည်သည့်ခရီးသွားအတွက်ကိုမဆို နေစရာများပေးကာ အစားစာများလည်းကျွေးမွေးဧည့်ခံကြပါတယ်။
( ၅ ) Mustard လူမျိုး(Nepal)
ယခင် Lo နိုင်ငံသည် တိဗက်နှင့်ဘာသာရေး၊ ယဉ်ကျေးမှု သမိုင်းတို့နှင့် ဆက်နွယ်မှုရှိသော်လည်း နီပေါနိုင်ငံ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဒေသခံအများစုဟာ ကမ္ဘာကြီးကပြားနေပြီး နတ်ဆိုးများကြောင့် ရောဂါများဖြစ်ပွားသည်ဟု ယုံကြည်ကြပါတယ်။
မိသားစုတခုတွင် သားကြီးကမိသားစုပိုင်ဆိုင်မှုကို အမွေဆက်ခံရရှိသည့်အခါ အငယ်သည် ဘုန်းကြီးကျောင်းတစ်ခုတွင် ဆက်လက်ပြီးသွားရောက်နေထိုင်ကြရပါတယ်။
Jimmy Nelson ဟာ ကမ္ဘာတစ်ဝှမ်းကို သုံးနှစ်ကြာအောင် ခရီးထွက်ခဲ့ပါတယ်။ သူသည်မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော လူမျိုးစုနှင့်ယဉ်ကျေးမှုများ အကြောင်း ပိုပြီးသိရှိစေရန် သူတို့နှင့်အတူတကွကြိုးစားနေထိုင်ခဲ့ပါတယ်။ သင်မြင်သည့်အတိုင်း ဓာတ်ပုံဆရာနှင့်အမျိုးအနွယ်တို့ကြား စစ်မှန်သောယုံကြည်မှု ပေါ်ပေါက်မှုများရရှိလာခဲ့ပါတယ်။ ပုံထဲမှာပါတဲ့လူတိုင်းက သင့် နှလုံးသားကိုစူးစိုက်ကြည့်နေပုံကို ထင်မြင်ရရှိစေပါတယ်။