မတော်တဆ ရှာဖွေတွေ့ရှိမှုများကနေ ချမ်းသာသွားကြသူများ

မတော်တဆ ရှာဖွေတွေ့ရှိမှုများကနေ ချမ်းသာသွားကြသူများ

၁။ Royal One

သြစတြေးလျနိုင်ငံမှ သတ္တုတူးဖော်ရေးသမားတစ်ဦးဟာ သာမန်ကျောက်တုံးများကို စုဆောင်းနေပြီး သူ့ရဲ့ရေပုံးအောက်ခြေမှ တောက်ပနေသော ကျောက်တုံးကြီးတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ ကြည့်ရတာ တော်တော်ကြည့်ကောင်းတာနဲ့ သူလဲကောက်ယူထားလိုက်ပါတယ်။ ၁၄ နှစ်ကြာပြီးနောက်မှ သူဟာ၎င်းကျောက်တုံးကို ကျောက်မျက်ကျွမ်းကျင်သူထံ ပြသခဲ့တဲ့အချိန်မှတော့ ၎င်းကျောက်ဟာ ဒေါ်လာ ၃ သန်းကျော်တန်ဖိုးရှိသည့် အလွန်ရှားပါးသော အနက်ပြာရောင် opal တစ်ခုဖြစ်ကြောင်းတွေ့ရှိခဲ့သည်။ ၎င်းကျောက်ကို “ Royal One ” ဟုအမည်ပေးခဲ့ပါတယ်။

၂။ ဒေါ်လာ ၆၃,၀၀၀၀ တန် ဝေလငါးအန်ဖက်ကို ကောက်ရခဲ့တဲ့ ကောင်လေး

ဗြိတိန်မှ ၈ နှစ်အရွယ် Charlie Naysmith ဆိုသူကောင်လေးနှင့် သူ့ရဲ့အဖေတို့ဟာ ကမ်းခြေတွင် လမ်းလျောက်ထွက်နေစဉ်မှာ ထူးခြားသော ကျောက်တုံးတစ်တုံးကို တွေ့ရှိခဲ့သည်။ ထိုကျောက်တုံးကို အိမ်သို့ယူဆောင်လာပြီးနောက် Google တွင်၎င်းကျောက်နှင့်ပုံစံတူကိုရှာဖွေကြည့်ရာ ဝေလငါးအန်ဖက် ( သို့ ) ငါးကြီးအန်ဖက် ဖြစ်ကြောင်းသိခဲ့ရပါတယ်။ ဝေလငါးအန်ဖက် ( သို့ ) ငါးကြီးအန်ဖက် သည် ရေမွှေးထုတ်လုပ်ရာတွင် အလွန်တန်ဖိုးရှိသော ပါဝင်ပစ္စည်းဖြစ်ပါသည်။

၃။ ဒေါ်လာ ၃၁၅,၀၀၀ တန်သော ၅.၅ ကီလိုဂရမ်ရှိတဲ့ ရွှေတွေကို မတော်တဆရှာတွေ့မိသွားသူ

သြစတြေးလျနိုင်ငံမှ ဒေသခံလယ်သမားတစ်ဦးဟာ သူ၏အိမ်ပတ်ပတ်လည်ရှိ ခြံမြေထဲတွင် သတ္တုရှာဖွေစက်တစ်ခုနှင့်အတူ ဟိုရှာဒီရှာလုပ်နေစဉ် တစ်ခုခုကို မတော်တဆ ရှာဖွေတွေ့ရှိမိလိုက်ပါတယ်။ ထိုအရာတွေဟာ ရွှေအိတ်ငယ်အချို့ဖြစ်နေပါတယ်။ သူဟာဆက်လက်တူးဖေါ်ခဲ့တဲ့နောက်မှာတော့ ဒေါ်လာ ၃၁၅,၀၀၀ တန်သော ၅.၅ ကီလိုဂရမ်ရှိတဲ့ ရွှေတွေကိုတွေ့ရှိသွားခဲ့ပါတယ်။

၄။ စူပါဂလူး ကော်

အမေရိကန်ဓာတုဗေဒပညာရှင် Harry Coover ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ ပလတ်စတစ်ကိုအသုံးပြုပြီး သေနတ်များတီထွင်ရန်ကြိုးစားနေချိန်တွင် ၎င်းသေနတ်များပြုလုပ်ရာတွင် အသုံးပြုသော ပါဝင်ပစ္စည်းများရဲ့  ဒြပ်ပြုမှုကနေ စူပါကော်ကိုမတော်တဆတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၎င်းစူပါဂလူးကော်ဟာ ၁၉၈၅ ခုနှစ်တွင်အလွန်လူကြိုက်များသည့် ( ယနေ့အချိန်ထိလဲ ရောင်းအားအကောင်းဆုံး ပစ္စည်း ) စီးပွားဖြစ်ကုန်ပစ္စည်းတစ်ခု ဖြစ်လာပြီးဒေါ်လာ ၂.၅ ဘီလီယံခန့်ရရှိခဲ့ပါတယ်။

၅။ ကိုကာကိုလာ

ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အချိုရည်များအနက်တစ်ခု ဖြစ်လာမယ့် ကိုကာကိုလာအချိုရည်ဟာဆိုရင် John Pemberton လို့ခေါ်တဲ့ သိပ္ပံပညာရှင်က ခေါင်းကိုက်ပျောက်ဆေး ထုတ်လုပ်ဖို့ စမ်းသပ်နေစဉ်မှာ မထင်မှတ်ပဲ အချိုရည်ဖြစ်သွားခဲ့တာပါ။ John Pemberton ရဲ့လက်ထောက်ဟာ ဆေးရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကိုကာရွက်နှင့်ကိုလာသီးကို ကာဗွန်နိဒ်နှင့် အဆမတန်ရောစပ်မိသွားခဲ့တာကနေ အစပြုခဲ့တယ်လို့ဆိုပါတယ်။ ယနေ့ခေတ်မှာတော့ ကိုကာကိုလာ အချိုရည်ဟာ ကမ္ဘာပေါ်မှာရောင်းအားအကောင်းဆုံး အချိုရည်တစ်ခုဖြစ်လာခဲ့ပါတယ်။