ကမ္ဘာပေါ်က အကြီးမားဆုံးသော အရာ (၁၀) မျိုး

ကမ္ဘာကြီးပေါ်မှာကျွန်တော်တို့ထက်အဆပေါင်းများစွာကြီးမားလှတဲ့သတ္တဝါကြီးတွေအုပ်ချုပ်တဲ့အချိန်ကာလသမိုင်းကြောင်းတွေရှိခဲ့ပါတယ်။ဒါပေမယ့်ယနေ့အချိန်မှာလည်း မိခင်သဘာဝကြီးကဖန်တီးထားတဲ့ကြီးမားလွန်းလှတဲ့အရာတွေကကျွန်တော်တို့ကိုအံ့အားသင့်စေပါတယ်။ဒီဆောင်းပါးထဲမှာလည်းထိုကြီးမားလွန်းလှတဲ့အရာ (၁၀) မျိုးအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) Sequoia သစ်ပင်

Sequoia သစ်ပင်များဟာကျွန်တော်တို့ကမ္ဘာဂြိုလ်ကြီးပေါ်ကအကြီးမားဆုံးသောသစ်ပင်လည်းဖြစ်ပါတယ်။ထိုသစ်ပင်များဟာအမြင့် ၂၇၅ ပေနှင့်အချင်း ၂၆ ပေအထိကြီးထွားကြပါတယ်။

(၂)Amphicoelia

Amphicoelia တွေဟာကမ္ဘာကြီးပေါ်မှာအသက်ရှင်နေထိုင်ခဲ့သမျှသတ္တဝါတွေထဲမှာအကြီးဆုံးသတ္တဝါလည်းဖြစ်ပါတယ်။ဒီအပင်စားသတ္တဝါကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၅-၁၆၁ သန်း လောက်ကအသက်ရှင်နေထိုင်ခဲ့ကြပါတယ်။သူတို့ရဲ့အရှည်ဟာ ၅၈မီတာအထိရောက်နိုင်ပြီးသူရဲ့ကျောရိုးတစ်ချောင်းဟာ ၂.၅မီတာအထိရှည်ပါတယ်။

(၃) Titanoboa

Titanoboa ဟာစပါးကြီးမြွေနဲ့ဆက်စပ်မှုရှိပြီးသူ့ရဲ့အရွယ်အစားဟာအလွန်ကြီးမားလှပါတယ်။Titanoboaတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၈-၆၁သန်းတုန်းကအသက်ရှင်နေထိုင်ခဲ့ကြပြီးသူတို့ရဲ့အရှည်ကတော့ ၁၃မီတာအထိရှိပါတယ်။ယနေ့ကမ္ဘာပေါ်မှာတည်ရှိနေတဲ့အကြီးဆုံးစပါးအုံမြွေဟာ ၇.၅မီတာအထိသာကြီးထွားနိုင်တာကိုတွေ့ရပါတယ်။

(၄) ပိန္နဲသီး

ပိန္နဲသီးဟာ ကမ္ဘာပေါ်မှာ အပင်ကနေသီးတဲ့ အသီးများထဲမှာ အကြီးမားဆုံးအသီး တစ်ခုလည်းဖြစ်ပါတယ်။ ပိန္နဲသီး များဟာအရှည် ၉၀စင်တီမီတာနဲ့အချင်း ၅၀ စင်တီမီတာအထိကြီးထွားနိုင်ပါတယ်။

(၅) Argentavis

Argentavis ဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၅-၈ သန်းလောက်ကအသက်ရှင်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ဟာကမ္ဘာသမိုင်းတစ်လျှောက်မှာအကြီးမားဆုံးသောငှက်တစ်ကောင်လည်းဖြစ်ပါတယ်။သူတို့ရဲ့အတောင်ပံတွေဟာ ၇မီတာအထိကိုဖြန့်ကျက်နိုင်ပြီး သူတို့တွေဟာ ကြွက်နဲ့ရှဉ့်တွေကိုစားသောက်ခဲ့ကြပါတယ်။

(၆) Paradise ဂူ

Paradise ဂူ ဟာဗီယက်နမ်နိုင်ငံ Phong Nha-Kẻ Bàng အမျိုးသားဥယျာဉ်အတွင်းမှာတည်ရှိပြီး ကမ္ဘာပေါ်ကအကြီးဆုံးနဲ့အလှဆုံးဂူတစ်ခုလည်းဖြစ်ပါတယ်။အကြီးဆုံးဂူတွင်းနေရာဟာ အရှည်၅ကီလိုမီတာ၊၂၀၀မီတာအမြင့်နဲ့ အကျယ်၁၅၀မီတာရှိပါတယ်။

(၇) Rafflesia ပန်း

Rafflesia ပန်းဟာကမ္ဘာပေါ်မှာရှိတဲ့အကြီးမားဆုံးသောပန်းတစ်ပွင့်လည်းဖြစ်ပါတယ်။သူ့ရဲ့အချင်းဟာ၁၀၀စင်တီမီတာထိကိုကြီးထွားနိုင်ပါတယ်။Rafflesia ပန်းကိုတော့သူ့ဆီကထွက်တဲ့အသားပုပ်သလိုအနံကြောင့်လူသိများပါတယ်။

(၈) အကြီးဆုံးသောသမင်

Irish elk လို့ခေါ်တဲ့ထိုကြီးမားတဲ့သမင်များဟာလွန်ခဲ့တဲ့နှစ်ပေါင်း ၂သန်းလောက်ကရှင်သန်နေထိုင်ခဲ့ကြပါတယ်။သစ်တောများဟာမြေပြန့်ဒေသတွေကိုပါစတင်ပျံနှံလာတဲ့အချိန်မှာတော့ထိုသမင်တွေဟာသေဆုံးကာမျိုးတုန်းသွားခဲ့ရပါတယ်။သူတို့သေဆုံးရတဲ့အကြောင်းကတော့သစ်တောတွေဟာသစ်ပင်၊အကိုင်းအခတ်တွေရှုပ်ထွေးလာတဲ့အတွက် သူတို့ရဲ့အကျယ် ၅မီတာရှိတဲ့ဦးချိနဲ့သွားလာရတာခက်ခဲလာတာကြောင့်ဖြစ်ပါတယ်။

(၉) Merostomes

Merostomes ဟာကမ္ဘာပေါကအကြီးမားဆုံးသောအင်းဆက်တစ်ကောင်လည်းဖြစ်ပါတယ်။သူတို့ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၄၈-၅၁၀သန်းလောက်ကရှင်သန်နေထိုင်ခဲ့ကြပြီးMerostomes တွေဟာ ၂.၅မီတာအထိရှည်လျားပါတယ်။

(၁၀) Quetzalcoatl

Quetzalcoatl တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း ၆၆-၆၈သန်းလောက်ကအသက်ရှင်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။၎င်းဟာကမ္ဘာပေါ်ကအကြီးဆုံး pterosaur နဲ့ သမိုင်းတစ်လျှောက်ပျံသန်းနိုင်တဲ့သတ္တဝါတွေထဲမှာလည်းအကြီးဆုံးဖြစ်ပါတယ်။သူရဲ့အတောင်ပံဟာဖြန့်ထုတ်လိုက်ချိန်မှာ ၁၂-၁၅မီတာအထိရှည်လျားပြီး Quetzalcoatlများဟာ အသေကောင်တွေနဲ့ကျောရိုးရှိသတ္တတါငယ်လေးတွေကိုစားသောက်ပါတယ်။

Reff; BrightSide.