အထူးပြုလုပ်ထားတဲ့အသေးစားဖန်တီးမှုတွေနဲ့ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကား(၅)ကား

ရုပ်ရှင်များတွင်ပါဝင်တဲ့အရာအားလုံးဟာရှုထောင့်မျိုးစုံအတွက်အလွန်အရေးကြီးပါတယ်။ကျွန်တော်တို့အရှေ့ကဖန်သားပြင်မှာပေါ်လာတဲ့ဇာတ်ကားတွေကအရာတွေကအမှန်တကယ်ဖြစ်ပျက်နေတယ်လို့ထင်ရပေမယ့်လည်းကျွန်တော်တို့မြင်ရသမျှအရာတိုင်းဟာအမှန်မဟုတ်ဘူးဆိုတာကိုလည်းလက်ခံထားရပါမယ်။အဲဒါတွေကတော့ ဇာတ်ဝင်ခန်းထဲမှာကားတွေယှဉ်မောင်းတာတွေ၊မကောင်းဆိုးဝါးဇာတ်ကွတ်တွေနဲ့ထူးဆန်းသောကမ္ဘာပုံစံတွေဟာအထူးပြုလုပ်ချက်တွေနဲ့ဖန်တီးထားတာဖြစ်လို့အစစ်ဖြစ်တယ်ဆိုတာလက်ခံလို့မရပါဘူး။အထူးပြုလုပ်ချက်တွေဟာမှော်ဇာတ်ကားတစ်ကားရဲ့အဓိကအသက်သွေးကြောတစ်ခုလည်းဖြစ်နေပါတယ်။ကျွန်တော်တို့ကိုရသမျိုးစုံပေးစွမ်းနိုင်တဲ့ရုပ်ရှင်တွေရဲ့နောက်ကွယ်မှာဘယ်လောက်ထိခက်ခဲလှတဲ့ရိုက်ကူးမှုတွေရှိနေလည်းဆိုတာကိုယခုဆောင်းပါးထဲမှာဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်။

(၁)Titanic

© 20th Century Fox, © jeffdisario

တိုက်တန်းနစ်သင်္ဘောရဲ့ပင်လယ်ထဲမှာရွက်လွှင့်တဲ့ဇာတ်ဝင်ခန်းတွေကိုတော့အရှည် ၄၄.၅ပေရှိတဲ့ အထူးပြုလုပ်ဖန်တီးထားတဲ့တိုက်တန်းနစ်ပုံစံငယ်လေးနဲ့အဓိကရိုက်ကူးထားတာလည်းဖြစ်ပါတယ်။အဲဒီအချိန်တုန်းကထိုသင်္ဘောပုံစံငယ်ဟာအလွန်လက်ရာမြောက်ပြီးအရမ်းကိုအသေးစိတ်ကျလွန်းတဲ့ပုံစံငယ်တစ်ခုလည်းဖြစ်ပါတယ်။

(၂)Inception

© New Deal Studios, © Warner Bros.

Christopher Nolanရဲ့Inception ဇာတ်ကား၏ဆေးရုံကိုဖြိုချဖျက်စီးဖောက်ခွဲတဲ့ဇာတ်ဝင်ခန်းကိုတော့ New Deal စတူဒီယိုထဲမှာအထူးပြုလုပ်ချက်တွေကိုသုံးကာရိုက်ကူးထားတာဖြစ်ပါတယ်။ကွန်ကရစ်တွေနဲ့နဲ့အခိုင်အမာတည်ဆောက်ထားတဲ့ထိုကြီးမားတဲ့အဆောက်အဦးကြီးဟာနှင်းတွေဖုံးနေတဲ့တောင်တစ်ခုရဲ့အစွန်းမှာတည်ရှိပြီးဇာတ်လမ်းထဲမှာပါဝင်တဲ့စိတ်ကူးယဉ်အဆောက်အဦးကြီးတစ်ခုလည်းဖြစ်ပါတယ်။စတူဒီယိုမှဖန်တီးသူတွေဟာအဆောက်အဉီးနဲ့တောင်ကိုဖုံးနေတဲ့နှင်းတွေပုံစံဖန်တီးဖို့အတွက်ဆား ၂၂၀၀ပေါင်ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ဒါရိုက်တာNolan ရဲ့စိတ်ကျေနပ်လောက်တဲ့ရိုက်ကူးမှုမရမခြင်းထိုအဆောက်အဦးပုံစံငယ်ကိုဖော်ခွဲလိုက်ပြန်ဆောက်လိုက်နဲ့အကြိမ်ရေများစွာပြုလုပ်ခဲ့ရပါတယ်။

(၃)Blade Runner 2049

© Alcon Entertainment, © wetaworkshop/instagram

Blade Runner 2049 ဇာတ်ကားရဲ့ထုတ်လုပ်တဲ့ကုမ္ဗဏီတစ်ခုဖြစ်တဲ့ Weta Workshop ဟာဇာတ်ကားထဲမှာပါဝင်တဲ့ L.A.P.D အဆောက်အဦးကြီးနဲ့လော့အိမ်ဂျလိစ့်ရဲ့မြို့ပြခေတ်မှီပုံစံများစွာပါဝင်တဲ့ပတ်ဝန်ကျင်များကို အသေးစားဖန်တီးမှုတွေပြုလုပ်ကာရိုက်ကူးခဲ့ပါတယ်။ထိုဖန်တီးမှုတွေကိုတော့ရုပ်ရှင်ရိုက်ကူးရေးပညာရှင် Alex Funke နဲ့သူရဲ့အဖွဲ့သားတွေကပြုလုပ်ခဲ့တာဖြစ်ပါတယ်။

(၄)The Impossible

© Summit Entertainment, © fxguide

The Impossibleဇာတ်ကားကတော့ ၂၀၀၄ခုနှစ်၊ဒီဇင်ဘ,၂၆ရက်နေ့တွင်ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အိန္ဒိယသမုဒ္ဒရာအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ဆူနာမီအဖြစ်အပျက်မှာ ထိုင်းနိုင်ငံကိုအပန်းဖြေခရီးထွက်နေကြတဲ့မိသားစုတစ်ခုရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ထိုဇာတ်ကားတွင်ပါဝင်တဲ့ဆူနာမီရေလှိုင်းဝင်ရောက်လာတဲ့ဇာတ်ဝင်ခန်းကိုတော့ဘန်ဂလိုငယ်လေးတွေနဲ့ရေကန်ငယ်ပုံစံတွေအသေးစိတ်ဖန်တီးကာရေလှိုင်းအသေးလေးတစ်ခုကိုဝင်ရောက်စေခြင်းဖြစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

(၅)Independence Day

© 20th Century Fox, © Independence Day/imdb

Independence Day ရုပ်ရှင်ဇာတ်ကားဟာ အသေးစားဖန်တီးမှုတွေမှာများစွာမှီခိုနေသလို၊လက်တွေ့ကျလွန်းလှတဲ့ရိုက်ကွက်တွေနဲ့ 430 VFX ရိုက်ချက်တွေလည်းပါဝင်ပါတယ်။ထိုဇာတ်ကားရဲ့တောင်ကြားလေးကပေါက်ကွဲပျက်ဆီးမှုတွေကြားကနေလေယာဉ်မောင်းထွက်လာတဲ့အခန်းနဲ့အခြားဇာတ်ဝင်ခန်းများစွာကိုအသေးစာဖန်တီးမှုတွေနဲ့အထူးပြုလုပ်ချက်တွေကိုသုံးကာရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။

***သတိပေးတားမြစ်ချက်***

ကျွန်တော်တို့ရဲ့ဝက်ဆိုဒ်စာမျက်နှာဖြစ်သောbeesportnewsမှရေးသားထားသောအကြောင်းအရာများသည်ကိုယ်တိုင်ခက်ခဲပင်ပန်းစွာရှာဖွေ၍ဘာသာပြန်တင်ဆက်ကာရေးသားထားတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။သို့ဖြစ်ပါ၍ကျွန်တော်တို့ရဲ့ဝက်ဆိုဒ်စာမျက်နှာ ဖြစ်သော beesportnewsမှအကြောင်းအရာများကို ကူးယူးဖော်ပြခြင်းမပြုပါကြောင်းအသိပေးအကြောင်းကြားအပ်ပါတယ်။အခြားဝက်ဆိုဒ်နဲ့စာမျက်နှာများမှကျွန်တော်တို့ရေးသားထားသောအကြောင်းအရာများကို ကူးယူဖော်ပြနေကြောင်းတွေ့ရှိရပါက သက်‌ဆိုင်ရာ Facebook နဲ့ Google ကုမ္ဗဏီများထံသို့ IA နှင့်ဝက်ဆိုဒ်များကျသည်အထိreport တင်သွားမှာဖြစ်ကြောင်းအသိပေးအပ်ပါတယ်။