
ငါးမန်များဟာကျွန်တော်တို့ကိုသေစေနိုင်လောက်အောင်တိုက်ခိုက်နိုင်သောတိရစ္ဆာန်ဖြစ်သလိုမြွေများဟာလည်းကျွန်တော်တို့သေစေနိုင်လောက်အောင်အန္တာရာယ်ပေးနိုင်တဲ့သတ္တဝါတွေဖြစ်ပြီးအခြားတိရစ္ဆာန်များစွာလည်းကျန်ရှိနေပါသေးတယ်။ယခုဖော်ပြမယ့်အကြောင်းအရာထဲမှာတော့ထိုတိရစ္ဆာန်တွေဟာအဆိုးဝါးဆုံးမဟုတ်သေးပါဘူး။အမှန်တကယ်သေစေနိုင်လောက်သော ဆိုးရွှားလှတဲ့သားရဲများနဲ့တိရစ္ဆာန်ငယ်များစွာလည်းတည်ရှိနေပါသေးတယ်။ယခုဆောင်းပါးထဲမှာတော့ကမ္ဘာပေါ်ကအန္တာရာယ်အရှိဆုံးတိရစ္ဆာန်(၅)မျိုးအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)Cone ခရု

ထိုခရုကိုတော့ အပူပိုင်းဒေသတွေဖြစ်တဲ့(ကာရေဘီယံ၊ ဟာဝိုင်ယီနှင့်အင်ဒိုနီးရှား)တို့ရှိပူနွေးသောရေများတွင်တွေ့ရတတ်ပြီးအလွန်လှပသောထိုသတ္တဝါများဟာအလွန်အဖိုးတန်လှပါတယ်။ထိုခရုများဟာအညိုရောင်နဲ့အဖြူရောင်စကျင်ကျောက်အခွံများကြောင့်လူသိများကြပြီး သန္တာကျောက်တန်းများနှင့်ကမ်းစပ်ရေတိမ်ပိုင်းအနီးတဝိုက်မှာတွေ့နိုင်ပါတယ်။ကမ်းခြေရှိကျောက်ဆောင်များနဲ့သဲသောင်များတွင်တွေ့ရတဲ့ထိုခရုကိုတော့လုံးဝမထိမိစေဖို့သတိထားသင့်ပါတယ်။ထိုခရုတွေဟာခြောက်လက်မခန့်အရှည်ရှိကာသူတို့ဖုံးကွယ်ထားသော harpoon ကဲ့သို့သောသွားများမှာ conotoxin လို့လူသိများလှတဲ့ရှုပ်ထွေးလှတဲ့အဆိပ်ဓာတ်တွေပါဝင်ပါတယ်။အကယ်၍သင်ဟာမတော်တဆထိုခရုကိုထိလိုက်မိပါကထိုအဆိပ်ဟာဖြေဆေးမရှိတာကြောင့်ဆေးရုံကိုချက်ချင်းသွားသင့်ပါတယ်။ထိုအဆိပ်ဟာအာရုံကြောဆဲလ်တွေရဲ့တစ်ခုနဲ့တစ်ခုဆက်သွယ်မှုကိုဖျက်တောက်ပစ်တာကြောင့်တစ်ခဏအတွင်းသင့်ကိုသွက်ချာပါဒဖြစ်သွားစေနိုင်ပါတယ်။ထိုခရုကိုတော့စီကရက်ခရုလို့အမည်ပြောင်ပေးထားပြီးထိုအဆိပ်ဟာစီးကရက်တစ်လိပ်သောက်စာခန့်သာအချိန်ပေးပြီးခဏအကြာမှာသေဆုံးသွားစေနိုင်လို့ဘဲဖြစ်ပါတယ်။
(၂)ရွှေရောင်အဆိပ်ဖား

ထိုဖားအားဟာတောင်အမေရိကမြောက်ပိုင်းမှာအများဆုံးတွေ့ရတဲ့ဖားမျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။ထိုဖားမျိုးစိတ်ဟာအနည်းငယ်သာရှိပြီးလူတို့အတွက်အလွန်အန္တာရာယ်ရှိတဲ့ဖားမျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။သေစေနိုင်လောက်သည်အထိအဆိပ်ပြင်းတဲ့ထိုဖားမျိုးစိတ်ဟာ ကိုလံဘီယာနိုင်ငံပစိဖိတ်ကမ်းရိုတန်းတစ်လျောက်ရှိမိုသစ်တောထဲမှာနေထိုင်ကျပြီးသူတို့ဟာအရွယ်အစား၂လက်မခန့်ရှည်လျားပါတယ်။သူရဲ့အဆိပ်ကိုတော့ batrachotoxin လို့ခေါ်ပြီးအလွန်ပြင်းထန်တဲ့အတွက်ဖားတစ်ကောင်ရဲ့အဆိပ်ဟာအရွယ်ယောက်ပြီးသာလူကြီး၁၀ယောက်ကိုသတ်ဖို့အတွက်လုံလောက်ပါတယ်။ဒါကြောင့်မို့လူတစ်ယောက်ကိုသတ်ဖို့အတွက်အဆိပ်ပမာဏ ၂မိုက်ခရိုဂရမ်သာလိုပါတယ်။သူရဲ့အဆိပ်ဂလင်းဟာအရေပြားအောက်မှာတည်ရှိနေတာကြောင့်ထိမိရုံနဲ့တင်ကျွန်တော်တို့ကိုဒုက္ခရောက်စေနိုင်ပါတယ်။ဒေသခံတိုင်းရင်သားလူမျိုးဖြစ်တဲ့Emberá လူမျိုးများဟာထိုဖားရဲ့အဆိပ်ကိုမြှားထိပ်တွင်သုတ်ကာအမဲလိုက်တဲ့နေရာမှာအသုံးပြုခဲ့ကြပါတယ်။ယခုအချိန်မှာတော့ထိုဖားမျိုးစိတ်ဟာသစ်တောပြုန်းတီးမှုကြောင့်မျိုးတုန်းပျောက်ကွယ်သွားရတော့မယ့်တိရစ္ဆာန်စာရင်းမှာပါဝင်လို့နေပါတယ်။
(၃)သတ္တာပုံဂျယ်လီငါး

ဩစတြေးလျနိုင်ငံရဲ့မြောက်ဘက် အင်ဒိုပစိဖိတ်ရေပိုင်နက်မှာတွေ့ရတဲ့ကျောရိုးမဲ့သသတ္တဝါတစ်ကောင်ဖြစ်တဲ့ထိုဂျယ်လီငါးကိုတော့ National Oceanic and Atmospheric Administration မှကမ္ဘာ့အဆိပ်အပြင်းဆုံးအဏ္ဏဝါတိရစ္ဆာန်အဖြစ်သတ်မှတ်ထားပါတယ်။သူတို့ရဲ့အန်စာတုံးပုံခန္ဓာကိုယ်မှာလက်၁၅ချောင်းပါဝင်ပြီး လက်တစ်ချောင်းခြင်းဆီမှာတော့အဆိပ်သင့်ဆဲလ်တွေစီတန်းနေကာလက်ချောင်းတစ်ချောင်းဟာ၁၀ပေအထိရှည်လျားပါတယ်။သူတို့ရဲ့အဆိပ်ကိုတော့nematocysts လို့သိကြပြီးထိုအဆိပ်ဟာနှလုံး၊အာရုံကြောနဲ့အရေပြားတွေကိုတိုက်ခိုက်ပါတယ်။ထိုအဆိပ်အတွက်ဖြေဆေးကတော့ယခုချိန်ထိမရှိသေးပါဘူး။များစွာသောအစီရင်ခံစာများအရ ထိုအဆိပ်သင့်သူများဟာကမ်းခြေသို့ရောက်မလာခင်အချိန်မှာဘဲနှလုံးရပ်ကာသေဆုံးသွားကြပါတယ်။အကယ်၍သင်ကာကံကောင်းပြီးဆေးရုံရောက်သွားကာဆေးကုသမှုခံယူနိုင်ခဲ့ရင်တောင်ထိုအဆိပ်ရဲ့ဒဏ်ကြောင့်ရက်သတ္တပတ်များစွာနာကျင်ခံစားတဲ့ဝေဒနာကိုခံစားရမှာလည်းဖြစ်ပါတယ်။
(၄)အနက်ရောင်မမ်ဗာမြွေ

အချို့မြွေမျိုးစိတ်တွေဖြစ်ကြတဲ့ boomslangနဲ့မြွေဟောက်တွေဟာသူတို့ရဲ့အဆိပ်ကြောင့်အန္တာရာယ်ရှိသောတိရစ္ဆာန်အဖြစ်သတ်မှတ်ခံထားရသောလည်း အနက်ရောင်မမ်ဗာမြွေကတော့ သူရဲ့အမြန်နှုန်းကြောင့်အန္တာရာယ်အရှိဆုံးမြွေအဖြစ်သတ်မှတ်ခံထားရတာပါ။သူတို့ကိုတော့တောင်ဘက်နဲ့အရှေ့ဘက်အာဖရိကရှိမြက်ခင်းလွင်ပြင်နဲ့ကျောက်ဆောင်ဒေသတွေမှာတွေ့ရပြီးအရှည်အားဖြင့်၁၄ပေအထိကြီးထွားနိုင်ကာသူတို့ဟာတစ်နာရီကို၁၂.၅မိုင်နှုန်းဖြင့်တွားသွားနိုင်တာကြောင့် ဝေးလံခေါင်သီသောဒေသများမှာသူ့တို့ရဲ့လက်ကလွတ်မြောက်ဖို့မလွယ်ကူလှပါဘူး။ကံကောင်းတဲ့အချက်ကတော့အနက်ရောင်မမ်ဗာမြွေ တွေဟာသူတို့ကိုတိုက်ခိုက်တဲ့အခါမှသာပြန်လည်တိုက်ခိုက်တာဖြစ်ကာလုံလောက်တဲ့အဆိပ်ပမာဏကိုလည်းထုတ်လွတ်တတ်ပါတယ်။သူတစ်ချက်ကိုက်ကာထုတ်လွှတ်လိုက်တဲ့အဆိပ်ဟာလူ၁၀ယောက်ကိုသေစေနိုင်ပြီးအကယ်၍ကိုက်ခံရသူတစ်ယောက်ဟာမိနစ်၂၀အတွင်းဖြေဆေးမရခဲ့ဘူးဆိုပါက ၁၀၀ရာခိုင်နှုန်းသေစေနိုင်ပါတယ်။
(၅)Deathstalker ကင်းမြီးကောက်

ထိုကင်းမြီးကောက်ပုံစံကိုကြည့်ရတာတော့ကြောက်စရာမကောင်းပေမယ့်ကမ္ဘာပေါ်မှာကင်းမြီးကောက်ကြောင့်သေရတဲ့လူဦးရေလေးပုံသုံးပုံခန့်မှာထိုကင်းမြီးကောက်ရဲ့အဆိပ်ကြောင့်ဖြစ်ပါတယ်။ကလေးငယ်တွေဟာကတော့ထိုကင်းမြီးကောက်ကိုက်ခိုက်ရပါကပိုပြီးနာကျင်ခံစားရနိုင်သလိုလူကြီးတွေထက်လည်းသေဆုံးဖို့ပိုမိုလွယ်ကူပါတယ်။ထိုကင်းမြီးကောက်နဲ့အကိုက်ခံရပါကပြင်းထန်လှတဲ့နာကျင်မှုကိုခံစားရစေကာအသက်ရှင်သန်ဖို့ခဏတောင်မနေချင်တဲ့လောက်သည်အထိစိတ်ကဖြစ်ပေါ်လာမှာပါ။