ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံးသော အလုပ်အကိုင်များ

အကယ်၍သင်ဟာပိုပြီးစွန့်စားရတဲ့အလုပ်ကိုရှာဖွေနေတယ်ဆိုပါကအောက်မှာဖော်ပြတဲ့စာရင်းမှာပါဝင်တဲ့အလုပ်ကိုလုပ်ဖို့အတွက်ကတော့နှစ်ကြိမ်စဉ်းစားဖို့လိုပါလိမ့်မယ်။ထိုအလုပ်များဟာစွန့်စားရတာတွေနဲ့ပြည့်နေပြီလစာလည်းကောင်းကောင်းရနိုင်ပါတယ်။ဒါပေမယ့်အန္တရာယ်ကတော့ထိုအလုပ်တွေနဲ့အတူကပ်ပါလို့နေပါတယ်။

(၁)မြွေအဆိပ်ထုတ်တဲ့အလုပ်

credit photo

မြွေအဆိပ်ထုတ်တဲ့လူတွေကတော့သူတို့ရဲ့တနေ့တာလုံးကိုမြွေအဆိပ်တွေကိုပလတ်စတစ်ခွက်နဲ့ထုတ်ယူတာတွေနဲ့ဘဲအချိန်ကုန်ဆုံးရလေ့ရှိပါတယ်။မြွေအဆိပ်တွေကိုတော့အရာများစွာအတွက်အသုံးပြုကြပြီးအဓိကအသုံးပြုတဲ့နေရာကတော့မြွေအဆိပ်ဖြေဆေးဖော်တဲ့နေရာမှာဘဲဖြစ်ပါတယ်။ဒီအလုပ်အတွက်ကိုဘေးကင်းလုံခြုံရေးစနစ်တွေကိုသေချာပြုလုပ်ပေမယ့်လည်းမြွေအဆိပ်ထုတ်တဲ့နေရာကတော့အန္တရာယ်ရှိနေဆဲဖြစ်ပါတယ်။အံ့ဩစရာကောင်းတာကတော့ဒီအလုပ်ကိုလုပ်ရင်းမြွေကိုက်ခံရတဲ့နှုန်းကတော့အလွန်ကိုနည်းပါတယ်။ထိုအလုပ်ရဲ့တစ်နှစ်ပျှမ်းမျှဝင်ငွေကတော့ဒေါ်လာ၃၀၀၀၀ဘဲဖြစ်ပါတယ်။

(၂)ဆောက်လုပ်ရေးအလုပ်သမား

credit image

ဘေးကင်လုံခြုံရေးကိရိယာများကိုဝတ်ဆင်ကာဒီအလုပ်ကိုလုပ်ကိုင်နေပေမယ့်လည်းကျွန်တော်တို့ကိုသေစေနိုင်လောက်တဲ့ပစ္စည်းကိရိယာတွေကိုကိုင်တွယ်အသုံးပြုနေရတာတွေ၊လေးလံတဲ့ပစ္စည်းတွေကိုသယ်ဆောင်ရတာတွေနဲ့အမြင့်ကနေမတော်တဆပြုတ်ကျနိုင်ခြေတွေရှိတာကြောင့်ဒီအလုပ်ဟာအန္တရာယ်ရှိနေဆဲဖြစ်ပါတယ်။နောက်အန္တရာယ်ရှိတဲ့အချက်တစ်ခုကတော့သံမဏိချောင်းတွေနဲ့နံရံတွေကအလုပ်သမားတွေအပေါ်ကိုပြိုကျပြုတ်ကျလာတာဘဲဖြစ်ပါတယ်။ဒီအလုပ်ရဲ့နှစ်စဉ်တစ်နှစ်ပျှမ်းမျှဝင်ငွေကတော့ဒေါ်လာ ၃၁၀၀၀ကနေ ၇၀၀၀၀ကြားမှာရှိပါတယ်။(ထိုနှုန်းထားကတော့တိုးတက်တဲ့နိုင်ငံတွေအပေါ်မှာအခြေခံထွက်ချက်ထားတာဖြစ်ပါတယ်။)

(၃)ပစ္စည်းပို့ဆောင်သူ

credit image

ကမ္ဘာနိုင်ငံအတော်များများမှာပစ္စည်းပို့ဆောင်ရတဲ့အလုပ်ဟာအန္တရာယ်များလှတဲ့အလုပ်တစ်ခုအဖြစ်တည်ရှိလို့နေပါတယ်။ဥပမာအနေနဲ့အရက်တွေအမူးလွန်နေကြတဲ့ပါတီတစ်ခုကိုပီဇာသွားဖို့တာသို့မဟုတ်အလွန်ဒေါသထွက်ကာလူသတ်ချင်စိတ်ပေါက်နေတဲ့လူဆီကိုသူမလိုလားတဲ့ပါဆယ်ထုတ်သွားပို့မိတာကိုမြင်ယောင်ကြည့်ပါ။ပစ္စည်းပို့ဆောင်သူများဟာလည်းမကြာခဏဆိုသလို ဓားပြတိုက်ခံရခြင်း၊လုယက်ခံရခြင်းနဲ့အခြားရာဇဝတ်သားများရဲ့သားကောင်တွေအဖြစ်အမြဲကြုံတွေ့နေရပါတယ်။သူတို့ရဲ့တစ်နှစ်ပျှမ်းမျှဝင်ငွေကတော့ဒေါ်လာ ၂၇၀၀၀ကနေ ၃၅၀၀၀ကြားမှာရှိပါတယ်။

(၄)ကျွဲရိုင်းစီးသူ

credit image

၈စက္ကန့်လောက်ကြာအောင်စီးနိုင်ပါကငွေအများကြီးရမယ်ဆိုတဲ့စိန်ခေါ်မှုကနေစပြီး ၁၉၉၀ပြည့်နှစ်ကစလို့ဒီအလုပ်ဟာနာမည်ကြီးလာခဲ့ပါတယ်။အမှန်တကယ်တော့သူတို့ဆီကရတဲ့ငွေပမာဏနဲ့အကျိုးဆက်တွေကတော့မထိုက်တန်ပါဘူး။အချို့ဖော်ပြချက်တွေအရ ကျွဲရိုင်းစီးနှင်းသူတွေဟာ ၁၅ခါစီးတိုင်းတစ်ကြိမ်တော့ ပြင်းထန်တဲ့ဒဏ်ရာရတာတွေနဲ့အရိုးကျိုးတာတွေကိုခံစားကြရတယ်လို့ဆိုပါတယ်။သူတို့ရဲ့တစ်နှစ်ပျှမ်းမျှဝင်ငွေကတော့ ဒေါ်လာ ၁၀၇၀၀၀ဘဲဖြစ်ပါတယ်။

(၅)တောင်တက်လမ်းညွန်

Mountain Guide

မြင့်မားသောတောင်ထိပ်တွေကိုရောက်အောင်တက်လှမ်းနိုင်တာဟာလူအချို့အတွက်တော့ တောင်တမ်းလမ်းညွန်လုပ်ကိုင်နိုင်မယ့်အခွင့်အရေးတစ်ခုပါဘဲ။သူတို့ရဲ့အလုပ်ကတော့လမ်းကိုညွန်ပြရုံတင်မဟုတ်ဘဲ လေးလံသောပစ္စည်းကိရိယာတွေနဲ့ရိက္ခာတွေကိုသယ်ဆောင်တာတွေ၊အန္တရာယ်ရှိတဲ့လမ်းကြောင်းကိုပထမဦးဆုံးစမ်းသပ်ရတာတွေနဲ့အခြားသူတွေရဲ့လုံခြုံရေးတွေကိုတာဝန်ယူရတာဘဲဖြစ်ပါတယ်။သူတို့ရဲ့တစ်နှစ်ပျှမ်းမျှဝင်ငွေကတော့ ဒေါ်လာ ၇၀၀၀၀ဘဲဖြစ်ပါတယ်။

(၆)မိုက်ခရိုချပ်ပြားတွေကိုထုတ်လုပ်သူ

credit photo

ကျွန်တော်တို့မှာဖုန်းတွေကွန်ပျူတာတွေရှိတာဟာအလွန်ပျော်စရာကောင်းပေမယ့်ဒီအရာတွေထုတ်လုပ်နိုင်ဖို့အတွက်အရမ်းကိုတန်ဖိုးကြီးလှပါတယ်။Arsenic ကဲ့သို့သောအန္တရာယ်ရှိလှတဲ့ဓာတုပစ္စည်းများစွာကို မိုက်ခရိုချပ်ပြားတွေထုတ်လုပ်တဲ့နေရာမှာအသုံးပြုပါတယ်။ထိုဓာတုစ္စည်းတွေကိုထိတွေ့နေရတာဟာချက်ချင်းအကျိုးသက်ရောက်မှုမရှိပေမယ့်ရေရှည်မှာတော့ကိုယ်ဝန်ပျက်ကျတာတွေ၊ကလေးမမွေးဖွားနိုင်တာတွေ၊အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ကင်ဆာရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။သူတို့ရဲ့တစ်နှစ်ပျှမ်းမျှဝင်ငွေကတော့ ဒေါ်လာ ၆၁၀၀၀ဘဲဖြစ်ပါတယ်။

*** သတိပေးတားမြစ်ချက် ***

ကျွန်တော်တို့ရဲ့ဝက်ဆိုဒ်စာမျက်နှာဖြစ်သော beesportnews.fun မှရေးသားထားသောအကြောင်းအရာများသည်ကိုယ်တိုင်ခက်ခဲပင်ပန်းစွာရှာဖွေ၍ဘာသာပြန်တင်ဆက်ကာရေးသားထားတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။သို့ဖြစ်ပါ၍ကျွန်တော်တို့ရဲ့ဝက်ဆိုဒ်စာမျက်နှာ ဖြစ်သော softwarekaber.comမှအကြောင်းအရာများကို ကူးယူးဖော်ပြခြင်းမပြုပါကြောင်းအသိပေးအကြောင်းကြားအပ်ပါတယ်။အခြားဝက်ဆိုဒ်နဲ့စာမျက်နှာများမှကျွန်တော်တို့ရေးသားထားသောအကြောင်းအရာများကို ကူးယူဖော်ပြနေကြောင်းတွေ့ရှိရပါက သက်‌ဆိုင်ရာ Facebook နဲ့ Google ကုမ္ဗဏီများထံသို့ IA နှင့်ဝက်ဆိုဒ်များကျသည်အထိreport တင်သွားမှာဖြစ်ကြောင်းအသိပေးအပ်ပါတယ်။