ကမ္ဘာလှည့်ခရီးသွားတွေကို ကျောချမ်းသွားစေနိုင်တဲ့ ကမ္ဘာပေါ်ထိတ်လန့်စရာ နေရာများ

လျှို့ဝှက်ဆန်းကြယ်သောနေရာများ၊ပုံမှန်မဟုတ်သောအဆောက်အဦးတွေနဲ့ ရှေးဟောင်းဒဏ္ဍာရီလာအဖြစ်အပျက်များဟာ သင့်ကိုဆွဲဆောင်နိုင်တယ်ဆိုပါက ဒီဆောင်းပါးလေးကတော့သင့်ကိုအကြိုက်တွေ့စေမှာသေချာပါတယ်။

(၁)Hashimaကျွန်း၊ဂျပန်နိုင်ငံ

© hashima-island.com

Hashimaကျွန်းကိုအများစုကတော့ Gunkanjima လို့အများအားဖြင့်ခေါ်လေ့ရှိပြီး ဂျပန်နိုင်ငံ နာကာစကီမြို့နဲ့မနီးမဝေးမှာတည်ရှိပါတယ်။ထိုကျွန်းကြီးကိုတော့ ရေအောက်ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းကြောင့်လူသိများကြပြီး ၁၉၆၀ပြည့်နှစ်များကထိုကျွန်းကြီးပေါ်မှာလူ၅၀၀၀ကျော်နေထိုင်ခဲ့ကြပါတယ်။

တချိန်တုန်းကဒီနေရာဟာကမ္ဘာ့လူဦးရေအထူထပ်ဆုံးနေရာတစ်ခုဖြစ်ခဲ့ပါတယ်။၁၉၇၄ခုနှစ်မှာတော့ထိုနေရာကကျောက်မီးသွေးတွင်းတွေကိုပိတ်ပစ်ခဲ့ပြီးထိုကျွန်းကလူတွေကလည်းကျွန်းကြီးကိုတဖြည်းဖြည်းစွန့်ခွာလာကြကာနောက်ဆုံးမှာတော့ လုံးဝခြောက်ကပ်စွာနဲ့တစ္ဆေကျွန်းကြီးအဖြစ်ကျန်ရှိနေခဲ့ပါတယ်။

(၂)Overtoun တံတား၊စကော့တလန်နိုင်ငံ

Dumbarton မြို့မှာတည်ရှိတဲ့ထိုတံတားကတော့နာမည်ဆိုးနဲ့ကျော်ကြားတဲ့တံတားတစ်စင်းလည်းဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ခွေးတွေဟာထိုတံတားပေါ်ရောက်ရင် ညာဘက်မှာရှိတဲ့ ပေါင်းကူးနှစ်ခုကြားက တူညီသောနေရာကနေခုန်ဆင်းကြလို့ဘဲဖြစ်ပါတယ်။

တိရစ္ဆာန်တွေရဲ့အပြုအမူဆိုင်ရာကျွမ်းကျင်သူ David Sexton ကထိုနေရာကိုစစ်ဆေးလိုက်တဲ့အခါမှာတော့ ထိုနေရာမှာနို့နဲ့ကြွက်သေးတွေအမြောက်အမြားရှိနေတာကိုတွေ့ရှိရပါတယ်။ထိုအရာတွေကဘဲခွေးတွေအပေါ်ကိုပြင်းထန်စွာအကျိုးသက်ရောက်နေတာကိုတွေ့ရပြီးခွေးတွေကိုမဆင်မခြင်ဘဲခုန်ချစေတာဖြစ်ပါတယ်။

(၃) Hoia သစ်တော၊ရိုမေးနီးယား

Credits : Photo

UFO တွေမကြာခဏတွေ့ရှိရမှုနဲ့ အခြားထူးခြားသောဖြစ်ရပ်တွေကြောင့်ထိုသစ်တောဟာထူးဆန်းသောသစ်တောတစ်ခုအဖြစ်နာမည်ရလာခဲ့ပါတယ်။ထိုသစ်တောထဲမှာအချိန်ကြာရှည်စွာရှိနေမယ်ဆိုပါက မအိမသာဖြစိပြီးပျို့အန်တာတွေ၊အဖုအပိမ့်ထွက်ခြင်းများနဲ့ မူးဝေခြင်းတွေဖြစ်တတ်တာကိုတွေ့ရပါတယ်။

ဒါပေမယ့်လည်းဒီအချက်တွေဟာလည်းအတိအကျထုတ်ပြန့်ထားတဲ့အချက်တွေမဟုတ်ဘဲ ပြောစမှတ်အဖြစ်သာတည်ရှိနေတဲ့ဖြစ်ရပ်တွေဖြစ်ပါတယ်။

(၄)Poveglia ကျွန်း၊အီတလီ

Credits : Photo

ဒေသခံတွေရဲ့ ပြောကြားချက်အရ Poveglia ကျွန်းဟာ ပလိပ်ရောဂါခံစားနေရတဲ့လူနာတွေကိုသွားရောက်သေဆုံးစေဖို့အတွက် ပို့ဆောင်တဲ့နေရာတစ်ခုလည်းဖြစ်ပြီး မကျွတ်မလွတ်သူများရဲ့ ဝိညာဉ်မြောက်မြားစွာဟာလည်းထိုကျွန်းပေါ်မှာရှိနေသေးတယ်လို့ဆိုပါတယ်။ထိုကျွန်းပေါ်မှာ စိတ်ရောဂါကုဆေးရုံတစ်ခုအား ၁၉၂၂ ကနေ ၁၉၆၈ခုနှစ်အထိဖွင့်လှစ်ခဲ့ပါတယ်။

ထိုနေရာဟာ လူနာတွေကိုစမ်းသပ်ကုသမှုတွေပြုလုပ်နေတဲ့နေရာတစ်ခုအဖြင့်ကောလဟာလတွေထွက်ခဲ့သလို ဆေးရုံအုပ်တွေဟာလည်းရူးသွပ်သွားကာ တိုက်ပေါ်ကနေခုန်ချပြီး မိမိကိုယ်ကိုသေကြောင်းကြံစည်ခဲ့ကြတယ်လို့ဆိုပါတယ်။ထိုကျွန်းကြီးဟာတော့ယနေ့ထိတိုင်စွန့်ပစ်ကျွန်းကြီးတစ်ခုအဖြစ်ထိုနေရာမှာတည်ရှိနေပါတယ်။

(၅)Darvaza ဓာတ်ငွေ့တွင်း၊Turkmenistan

Credits : Photo

ငရဲတံခါးလို့သိကြတဲ့ ထိုဓာတ်ငွေ့တွင်းကြီးဟာ ၁၉၇၂ခုနှစ်ကစူးစမ်းရှာဖွေမှုတွေပြုလုပ်နေစဉ်အတွင်းမြေပြိုကျရာမှပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ထိုတွင်းပေါက်ကြီးကနေဓာတ်ငွေ့တွေစိပ်ထွက်လာတာကြောင့်အနီးအနားကနေထိုင်သူတွေဟာ အဆိပ့်သင့်မှာကိုစိုးရိမ်ပြီးထိုတွင်းကြီးကိုမီးရှို့ခဲ့ကြတာဖြစ်ပါတယ်။

ဘူမိဗေဒပညာရှင်တွေက ထိုဓာတ်ငွေ့တွေဟာရက်အနည်းအကြာမီးလောင်ကျွမ်းပြီးပါကရပ်တန့်သွားမယ်လို့တွက်ချက်ခဲ့ကြပါတယ်။ဒါပေမယ့်လည်း ထိုဓာတ်ငွေ့တွင်းကြီးဟာမီးလောင်ကျွမ်းနေတာ ၄၆နှစ်ရှိပြီဖြစ်ကာ ခရီးသွားဧည့်သည်တွေ၊စူးစမ်းလေ့လာသူတွေနဲ့ ဓာတ်ပုံဆရာတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုအဖြစ်တည်ရှိနေပါတယ်။